Gmail မွာ confidential mode ပါ၀င္လာ

0
1114

Zawgyi Version



Unicode Version

Gmail ကိုအသုံးပြုပြီးတော့ confidential document တွေကို ပေးပို့လက်ခံတဲ့နေရာမှာ အခုဆိုရင်တော့ အတော်လေးလုံခြုံလာပါပြီ။
Google က Gmail အတွက် confidential mode ကို Android, iOS အတွက် တရားဝင်ထုတ်ပေးလိုက်ပါပြီ။ ဒါကြောင့် email နဲ့ attachment တွေမှာ confidential information တွေပါဝင်နေမယ်ဆိုရင်တော့ expiration date လေးနဲ့အတူ ထည့်သွင်းပေးမှာဖြစ်ပါတယ်။ အလိုရှိတဲ့အချိန်မှာ ပြန်လည်အသုံးပြုနိုင်အောင်လုပ်ဆောင်ပေးထားမှာပါ။ လက်ခံတဲ့သူဘက်မှာလည်း confidential လို့အမှတ်အသားပြုလုပ်ပေးထားမှာဖြစ်ပြီးတော့ attachment ဒါမှမဟုတ် body ကိုလည်း orward, copy, download, or print တစ်ခုမှလုပ်ခွင့်မပေးပါဘူး။

ဒါပေမယ့်လည်း confidential mode အသစ်ရဲ့အားနည်းချက်ကတော့ screenshot ရိုက်ခြင်းကို ကာကွယ်မပေးနိုင်ပါဘူး။
confidential mode ကို အသုံးပြုမယ်ဆိုရင်တော့ “Compose” button လေးကိုနှိပ်ပြီး စတင်ရမှာပါ။ အဲဒီနောက်မှာတော့ screen ရဲ့ ညာဘက်ထိပ်နားက အစက်သုံးစက်လေးကိုနှိပ်ပြီးတော့ “confidential mode” ကို ရွေးနိုင်ပါတယ်။ အီးမေးလ်အတွက် passcode ရိုက်သွင်းပေးခြင်း၊ expiration date ထည့်သွင်းခြင်း စတာတွေလည်း ပြုလုပ်နိုင်မှာပါ။
သင်ရော ဒီ feature လေးကို ဘယ်လိုမြင်မလဲ။

Leave a Reply