Zawgyi Version
Melbourne လို႕ေခၚတဲ့ ဆယ္ေက်ာ္သက္ေလးက Apple ရဲ႕ backend network ကို တစ္ႏွစ္အၾကာ ၀င္ေရာက္သံုးစြဲေနတဲ့အတြက္ေၾကာင့္ ရာဇ၀တ္မႈနဲ႕ရင္ဆုိင္ေနရပါတယ္။ သူဟာ Apple ကို အရမ္းခ်စ္လို႕ အခုလိုလုပ္ျဖစ္တာလို႕ ေရွ႕ေနကေျပာပါတယ္။ သူဟာ Apple ကို အရမ္းမက္ေမာျပီး အဲဒီမွာ အလုပ္လုပ္ခ်င္ခဲ့တာပါ။ သူဟာ လံုျခံဳစိတ္ခ်ရတဲ့ဖုိင္ေတြနဲ႕ သံုးစြဲသူအေကာင့္ေတြ စုစုေပါင္း 90GB ကို ေဒါင္းလုတ္ဆြဲခဲ့တာဖျစ္ပါတယ္။ ဒါေပမယ့္လည္း သူသံုးေနတဲ့ အေျခခံအေဆာက္အအံုက ဘယ္လိုအစိတ္အပိုင္းမ်ိဳးလဲဆိုတာေတာ့ သူမသိခဲ့ပါဘူး။
သူဟာ backdoors အမ်ားၾကီးကိုဖန္တီးခဲ့ျပီးေတာ့ သိမ္းထားႏုိင္ခဲ့ပါတယ္။ သူ႕မိဘေတြအိမ္ကို ၀င္စီးေတာ့မွ ဖိုင္္တြဲေတြနဲ႕ “hacky hack hack” ဆိုတဲ့ ဖိုဒါေလးကို ေတြ႕ျမင္ခဲ့တာပါ။ ရဲေတြဟာ laptop ႏွစ္လံုး၊ ဖုန္းတစ္လံုးနဲ႕ hard drive ကို သူ႕ဆီကေန သိမ္းဆည္းထားပါတယ္။ သူဟာ အတြင္းမွာရွိတဲ့ software ေတြရဲ႕အကူအညီနဲ႕ လုပ္ေဆာင္ေနတာပါ။ ဒါေပမယ့္လည္း အဲဒီ software က ဘာေတြလုပ္ႏိုင္လဲ မသိရေသးပါဘူး။ ေနာက္လမွာေတာ့ တရားစီရင္မွာျဖစ္ပါတယ္။ Apple ဆီကေန သတင္းအစအန မၾကားရေသးပါဘူး။
Apple အခ်က္အလက္ေတြကို ဟက္ကာေတြခိုးတာ ပထမဆံုးအၾကိမ္မဟုတ္ေတာ့ပါဘူး။ မေက်ာ္ၾကားေပးမယ့္လည္း iCloud ဆယ္လီအေကာင့္ေတြကို ဖြင့္ခ်ျပတာမ်ိဳး၊ အမ်ိဳးသမီးဆယ္လီေတြရဲ႕ အေဖာ္အခၽြတ္ပံုေတြ ျဖန္႕တာမ်ိဳးလည္း ၾကံဳဖူးပါတယ္။ ဒီေကာင္ေလးကေတာ့ iCloud အေကာင့္ေတြရဲ႕ အတြင္းပိုင္းအထိ ေဖာက္ထားတာပါ။ မၾကာေသးခင္က တူရကီမႈခင္းဌာနကလည္း iCloud ရဲ႕ credential အေတာ္မ်ား်မ်ားခိုးယူထားတယ္လို႕ေျပာခဲ့ပါတယ္။ ဒီေတာ့ ဆယ္ေက်ာ္သက္ေလး ဘ၀တစ္ဆစ္ခ်ိဳးက ဘယ္လိုျဖစ္မလဲဆိုတာကို ကၽြန္ေတာ္တို႕ ေစာင့္ၾကည့္ရမွာပါ။
Unicode Version
Melbourne လို့ခေါ်တဲ့ ဆယ်ကျော်သက်လေးက Apple ရဲ့ backend network ကို တစ်နှစ်အကြာ ဝင်ရောက်သုံးစွဲနေတဲ့အတွက်ကြောင့် ရာဇဝတ်မှုနဲ့ရင်ဆိုင်နေရပါတယ်။ သူဟာ Apple ကို အရမ်းချစ်လို့ အခုလိုလုပ်ဖြစ်တာလို့ ရှေ့နေကပြောပါတယ်။ သူဟာ Apple ကို အရမ်းမက်မောပြီး အဲဒီမှာ အလုပ်လုပ်ချင်ခဲ့တာပါ။ သူဟာ လုံခြုံစိတ်ချရတဲ့ဖိုင်တွေနဲ့ သုံးစွဲသူအကောင့်တွေ စုစုပေါင်း 90GB ကို ဒေါင်းလုတ်ဆွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူသုံးနေတဲ့ အခြေခံအဆောက်အအုံက ဘယ်လိုအစိတ်အပိုင်းမျိုးလဲဆိုတာတော့ သူမသိခဲ့ပါဘူး။
သူဟာ backdoors အများကြီးကိုဖန်တီးခဲ့ပြီးတော့ သိမ်းထားနိုင်ခဲ့ပါတယ်။ သူ့မိဘတွေအိမ်ကို ဝင်စီးတော့မှ ဖိုင်တွဲတွေနဲ့ “hacky hack hack” ဆိုတဲ့ ဖိုဒါလေးကို တွေ့မြင်ခဲ့တာပါ။ ရဲတွေဟာ laptop နှစ်လုံး၊ ဖုန်းတစ်လုံးနဲ့ hard drive ကို သူ့ဆီကနေ သိမ်းဆည်းထားပါတယ်။ သူဟာ အတွင်းမှာရှိတဲ့ software တွေရဲ့အကူအညီနဲ့ လုပ်ဆောင်နေတာပါ။ ဒါပေမယ့်လည်း အဲဒီ software က ဘာတွေလုပ်နိုင်လဲ မသိရသေးပါဘူး။ နောက်လမှာတော့ တရားစီရင်မှာဖြစ်ပါတယ်။ Apple ဆီကနေ သတင်းအစအန မကြားရသေးပါဘူး။
Apple အချက်အလက်တွေကို ဟက်ကာတွေခိုးတာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ မကျော်ကြားပေးမယ့်လည်း iCloud ဆယ်လီအကောင့်တွေကို ဖွင့်ချပြတာမျိုး၊ အမျိုးသမီးဆယ်လီတွေရဲ့ အဖော်အချွတ်ပုံတွေ ဖြန့်တာမျိုးလည်း ကြုံဖူးပါတယ်။ ဒီကောင်လေးကတော့ iCloud အကောင့်တွေရဲ့ အတွင်းပိုင်းအထိ ဖောက်ထားတာပါ။ မကြာသေးခင်က တူရကီမှုခင်းဌာနကလည်း iCloud ရဲ့ credential အတော်များျများခိုးယူထားတယ်လို့ပြောခဲ့ပါတယ်။ ဒီတော့ ဆယ်ကျော်သက်လေး ဘဝတစ်ဆစ်ချိုးက ဘယ်လိုဖြစ်မလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။