Apple ရဲ႕မ်ိဳးဆက္သစ္iPhone ေတြဟာ Samsung ဖုန္းကို တစ္ၾကိမ္ေလာက္ေတာ့ကူးခ်ႏုိင္ဖြယ္ရွိ

0
1446

Zawgyi Version

Apple က iPhone အသစ္သံုးလံုးကို ေနာက္လမွာ ျပသေတာ့မွာပါ။ ေစ်းသက္သာတဲ့ iPhone X မ်ိဳးဆက္ေလးကို LCD နဲ႕ ေတြ႕ျမင္ရမွာျဖစ္ျပီးေတာ့ ပရီမီယမ္ေမာ္ဒယ္လ္ႏွစ္ခုကေတာ့ OLED dilplay နဲ႕ ထုတ္လုပ္မွာပါ။ သံုးခုလံုးမွာေတာ့ core feature ေတြအတူတူထည့္သြင္းေပးမွာျဖစ္ျပီး ေစ်းအသက္ဆံုးေမာ္ဒယ္လ္ကလည္း စြမ္းေဆာင္ရည္ျမင့္၊ ျမန္ႏႈန္းေတြက ေစ်းၾကီးဖုန္းေတြနဲ႕ တန္းတူရမယ္လို႕ ေျပာခ်င္တာပါ။ ေစ်းပိုၾကီးတဲ့ေမာ္ဒယ္လ္ေတြမွာေတာ့ display ေကာင္းေကာင္း၊ ကင္မရာႏွစ္လံုး၊ ဘတ္ထရီသက္တမ္းၾကာၾကာ၊ စတဲ့ျခားနားခ်က္အနည္းငယ္ေတာ့ ရွိႏုိင္ပါတယ္။ OLED ဖုန္းေတြမွာ feature အပိုျမင္ရမယ္လို႕ေတာ့ မေမွ်ာ္လင့္ထားပါနဲ႕၊
Apple Pencil ေထာက္ပံ့မႈကိုလည္း Apple ရဲ႕ ၂၀၁၈ iPhone ေမာ္ဒယ္လ္ေတြမွာ ထည့္သြင္းေပးသြားမယ္လို႕ သတင္းရထားပါတယ္။ ျပီးခဲ့တဲ့ရက္ေတြတုန္းက သုေတသနလုပ္ငန္းတစ္ခုက ေထာက္ျပထားတာပါ။ Taiwan’s Economic Daily News ကလည္း အဲလိုပဲ ေျပာျပထားပါတယ္။
သူကေတာ့ ကၽြန္ေတာ္တို႕မသိထားတဲ့အေၾကာင္းအရာအသစ္ေတြကိုပါ ခ်ျပခဲ့တာျဖစ္ပါတယ္။ OLED ဖုန္းေတြမွာပဲ ထည့္သြင္းေပးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ 5.8လက္မiPhone နဲ႕ iPhone X Plus တို႕မွာပဲ ပါ၀င္မွာပါ။ ဒီသတင္းသာ တိက်ခဲ့မယ္ဆိုရင္ေတာ့ ၂၀၁၇ iPhone X လည္း သံုးလို႕ရမွာ မဟုတ္ေတာ့ပါဘူး။
Apple က iOS ေတြမွာ stylus အသံုးျပဳမႈကို ကန္႕သတ္ထားခဲ့ပါတယ္။ Pencil ကိုဖန္တီးခဲ့တာ သံုးႏွစ္ရွိေပမယ့္လည္း iPad Pro နဲ႕သာ အလုပ္လုပ္ပါေသးတယ္။ Tim Cook က Pencil support ကို iPhone ေတြမွာ ေပးႏုိင္ေအာင္ လုပ္ေဆာင္ေနတယ္လို႕ အရိပ္အျမြက္ေျပာခဲ့ပါတယ္။ patent ေတြတင္ထားတာကိုလည္း ကၽြန္ေတာ္တို႕ျမင္ထားပါတယ္။
Samsung ဖန္ေတြကေတာ့ Apple က Galaxy Note ရဲ႕ iconic feature ေလးကို ကူးခ်လိုက္ျပီလို႕ ေျပာေနၾကပါတယ္။ ဒါေပမယ့္လည္း Apple လုပ္မွာက နည္းလမ္းတစ္မ်ိဳးပါ။ Pencil က iPhone နဲ႕တြဲလ်က္မပါ၀င္ပါဘူး။ ခြဲျပီးေတာ့ ၀ယ္ရမွာပါ။
Apple ဆီက iPhone မ်ိဳးဆက္သစ္ေတြေတြ႕ရဖို႕ တစ္လေလာက္ပဲလိုပါေတာ့တယ္။ ဒီေတာ့ Apple ရဲ႕ စီမံကိန္းက ဘယ္လိုဆိုတာကိုသိဖို႕ ရက္အနည္းငယ္ပဲ လိုေတာ့တာပါ။ ဘယ္လိုလဲ ရင္ခုန္ေနျပီလား။

Unicode Version

Apple က iPhone အသစ်သုံးလုံးကို နောက်လမှာ ပြသတော့မှာပါ။ ဈေးသက်သာတဲ့ iPhone X မျိုးဆက်လေးကို LCD နဲ့ တွေ့မြင်ရမှာဖြစ်ပြီးတော့ ပရီမီယမ်မော်ဒယ်လ်နှစ်ခုကတော့ OLED dilplay နဲ့ ထုတ်လုပ်မှာပါ။ သုံးခုလုံးမှာတော့ core feature တွေအတူတူထည့်သွင်းပေးမှာဖြစ်ပြီး ဈေးအသက်ဆုံးမော်ဒယ်လ်ကလည်း စွမ်းဆောင်ရည်မြင့်၊ မြန်နှုန်းတွေက ဈေးကြီးဖုန်းတွေနဲ့ တန်းတူရမယ်လို့ ပြောချင်တာပါ။ ဈေးပိုကြီးတဲ့မော်ဒယ်လ်တွေမှာတော့ display ကောင်းကောင်း၊ ကင်မရာနှစ်လုံး၊ ဘတ်ထရီသက်တမ်းကြာကြာ၊ စတဲ့ခြားနားချက်အနည်းငယ်တော့ ရှိနိုင်ပါတယ်။ OLED ဖုန်းတွေမှာ feature အပိုမြင်ရမယ်လို့တော့ မမျှော်လင့်ထားပါနဲ့၊
Apple Pencil ထောက်ပံ့မှုကိုလည်း Apple ရဲ့ ၂၀၁၈ iPhone မော်ဒယ်လ်တွေမှာ ထည့်သွင်းပေးသွားမယ်လို့ သတင်းရထားပါတယ်။ ပြီးခဲ့တဲ့ရက်တွေတုန်းက သုတေသနလုပ်ငန်းတစ်ခုက ထောက်ပြထားတာပါ။ Taiwan’s Economic Daily News ကလည်း အဲလိုပဲ ပြောပြထားပါတယ်။
သူကတော့ ကျွန်တော်တို့မသိထားတဲ့အကြောင်းအရာအသစ်တွေကိုပါ ချပြခဲ့တာဖြစ်ပါတယ်။ OLED ဖုန်းတွေမှာပဲ ထည့်သွင်းပေးမှာဖြစ်ပါတယ်။ ဒါကြောင့် 5.8လက်မiPhone နဲ့ iPhone X Plus တို့မှာပဲ ပါဝင်မှာပါ။ ဒီသတင်းသာ တိကျခဲ့မယ်ဆိုရင်တော့ ၂၀၁၇ iPhone X လည်း သုံးလို့ရမှာ မဟုတ်တော့ပါဘူး။
Apple က iOS တွေမှာ stylus အသုံးပြုမှုကို ကန့်သတ်ထားခဲ့ပါတယ်။ Pencil ကိုဖန်တီးခဲ့တာ သုံးနှစ်ရှိပေမယ့်လည်း iPad Pro နဲ့သာ အလုပ်လုပ်ပါသေးတယ်။ Tim Cook က Pencil support ကို iPhone တွေမှာ ပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။ patent တွေတင်ထားတာကိုလည်း ကျွန်တော်တို့မြင်ထားပါတယ်။
Samsung ဖန်တွေကတော့ Apple က Galaxy Note ရဲ့ iconic feature လေးကို ကူးချလိုက်ပြီလို့ ပြောနေကြပါတယ်။ ဒါပေမယ့်လည်း Apple လုပ်မှာက နည်းလမ်းတစ်မျိုးပါ။ Pencil က iPhone နဲ့တွဲလျက်မပါဝင်ပါဘူး။ ခွဲပြီးတော့ ဝယ်ရမှာပါ။
Apple ဆီက iPhone မျိုးဆက်သစ်တွေတွေ့ရဖို့ တစ်လလောက်ပဲလိုပါတော့တယ်။ ဒီတော့ Apple ရဲ့ စီမံကိန်းက ဘယ်လိုဆိုတာကိုသိဖို့ ရက်အနည်းငယ်ပဲ လိုတော့တာပါ။ ဘယ်လိုလဲ ရင်ခုန်နေပြီလား။

Leave a Reply