Zawgyi Version
၎) Swipe up on home button လေးကိုနှိပ်လိုက်ပါ။
Unicode Version
Android navigation ရဲ့ အခြေခံမှပြောင်းလဲမှုတွေကိုကြည့်လိုက်ရအောင်။
Android Pie ရဲ့ consumer launch ကတော့ အတော်လေးရင်ခုန်စရာကောင်းပါတယ်။ ကျွန်တော်တို့ရင်းနှီးနေခဲ့တဲ့ back,home,recents ခလုတ်လေးတွေကို ခလုတ်မသုံးဘဲ ဘယ်လိုသုံးကြမလဲဆိုတာပေါ့။ ဒီလိုပြောင်းလဲမှုကတော့ အတော်လေးအဆင်ပြေအောင် လုပ်ဆောင်ပေးထားပါတယ်။
ဒါပေမယ့်လည်း Android Pie ကို ဖုန်းမှာသွင်းလိုက်တဲ့အခါမှာ ပြောင်းလဲမှုကို တွေ့မြင်ရမှာ မဟုတ်ပါဘူး။ ဒီတော့ ခံစားချင်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းအတိုင်း လုပ်ဆောင်ကြည့်လိုက်ပါ။
၁) Settings ကို ဖွင့်လိုက်ပါ။
၂) အောက်ကိုဆင်းပြီး System ကို နှိပ်လိုက်ပါ။
၃) Gestures ကိုရှာပြီး နှိပ်လိုက်ပါ။
၄) Swipe up on home button လေးကိုနှိပ်လိုက်ပါ။
၅) Toggle လေးကို ဖွင့်လိုက်ပါ။ navigation button လေးတွေပြောင်းသွားတာကို ချက်ချင်းသတိထားမိမှာပါ။ နာမည်ပေးထားတာထူးဆန်းတာနဲ့ ထားတဲ့နေရာပြောင်းသွားပေမယ့်လည်း ရိုးရှင်းတဲ့လုပ်ငန်းစဉ်လေး ဖြစ်ပါတယ်။
ကဲဒီတော့ ဘယ်လိုသုံးရလဲသိဖို့လိုလာပါပြီ။ ကြည့်လိုက်ရအောင်လားဗျ။
– home သွားချင်တယ်ဆိုရင် home ခလုတ်လေးကို နှိပ်လို့ရပါတယ်။ မပြောင်းပါဘူး။
– app ဒါမှမဟုတ် view တစ်ခုထဲရောက်နေတဲ့အချိန်မှာ back ခလုတ်လေးကို အသုံးပြုနိုင်ပါတယ်။ သူကတော့ home ခလုတ်ရဲ့ဘေးမှာပေါ်နေမှာဖြစ်လို့ မြင်သားကျနေမှာပါ။
– home ခလုတ်လေးကို အပေါ်ပင့်လိုက်မယ်ဆိုရင်တော့ app drawerလေး ပွင့်လာမှာပါ။ ဒါမှမဟုတ်လည်း home ခလုတ်လေးကို ပင့်တင်လိုက်ပြီး နောက်တစ်ကြိမ်ပင့်လိုက်မယ်ဆိုရင်တော့ app drawerလေး ပွင့်လာမှာပါ။
– home ခလုတ်လေးကို ပင့်တင်လိုက်တာနဲ့ multitasking view ကိုရောက်သွားမှာပါ။
— ဘယ်ညာပွတ်ဆွဲမယ်ဆိုရင်တော့ List ကို ရွှေ့မှာဖြစ်ပြီးတော့ ရွေးချယ်ဖို့အတွက် ထိရမှာဖြစ်ပါတယ်။
— list ထဲကနေ app တွေဖယ်ချင်တယ်ဆိုရင်တော့ အပေါ်ကိုပင့်ရမှာပါ။
— “split screen” view ဝင်ဖို့အတွက် app icon ထိပ်နားလေးကို ဖိကိုင်ထားပါ။
— view ထဲမှာရှိနေတဲ့ app တွေက live ဖြစ်နေမယ်ဆိုရင်တော့ multitasking view မှာ ရှိနေတုန်း select, copy and paste text လုပ်နိုင်မှာပါ။
– home ခလုတ်လေးကို ညာဘက်ဆွဲပြီးတော့ ဖိထားမယ်ဆိုရင်တော့ app တွေကြားကို ဖြည်းညင်းစွာ ကူးပြောင်းနိုင်မှာပါ။ အလယ်ခေါင်က app ကိုဖွင့်ချင်ရင်တော့ လွှတ်လိုက်ပါ။
– home ခလုတ်လေးကို ညာဘက်ဆွဲပြီးတော့ မြန်မြန်လေးလွှတ်လိုက်မယ်ဆိုရင်တော့ အရင်ဖွင့်ထားတဲ့ app ကို ရောက်သွားမှာဖြစ်ပါတယ်။
Android ဖုန်းကိုသုံးနေတဲ့ပုံစံကို တစ်မူထူးခြားပြောင်းလဲသွားစေနိုင်ပါတယ်။ ခလုတ်လေးတွေမလုပ်နိုင်တဲ့ဖြစ်ရပ်လေးတွေကို ခံစားမိစေမှာပါ။ ဖုန်းဘာလုပ်နေလဲဆိုတာကိုကြည့်ပြီးတော့ ဒီဇိုင်းကာလာအနေအထားပြောင်းလဲပေးသွားမှာပါ။ ဒီတော့ အနာဂတ်အတွက် လမ်းစတွေအများကြီး ပွင့်လာမယ်လို့ ပြောချင်ပါတယ်။