Android Messages မွာ dark mode နဲ႕ Material Design အသစ္ အသံုးျပဳႏုိင္ျပီ

0
883

Zawgyi Version

Material Design ကုိျပန္ျပင္မယ္ဆိုတဲ့အေၾကာင္း ျပီးခဲ့တဲ့ဂ်ဴလုိင္ကတည္းက သိခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Google ရဲ႕ app ေတြျဖစ္တဲ့ stock Contacts app ကလည္း အျဖဴ၊ ေထာင့္လံုးေလးေတြ ျဖစ္လာခဲ့ပါတယ္။ အခုဆိုရင္ေတာ့ Android Messages ကလည္း အေတာ္ေလးလွပစြာ ေျပာင္းလဲလာတာကို ေတြ႕ျမင္ရမွာပါ။
Android Police ရဲ႕ သတိထားမိခ်က္အရ Google ဟာ Android Messages ရဲ႕ ဗားရွင္းအသစ္ကို ထုတ္ေပးလိုက္ပါျပီ။ Material Design ကို ျပင္ဆင္ထားတဲ့အျပင္ dark mode ကိုလည္း ထည့္သြင္းေပးထားပါတယ္။ Android Messages ကို ျပင္ဆင္ထားတဲ့အခါမွာ font အသစ္ပါ၀င္လာျပီးေတာ့ အျပာေရာင္ေနာက္ခံေလးကို default ထားေပးမွာပါ။ “Start chat” button အသစ္ေလးကိုလည္း ညာဘက္ေအာက္နားေလးမွာ ေတြ႕ျမင္ႏုိ္င္ပါတယ္။ အရင္တုန္းက + ခလုတ္ေလးေနရာကို အစားထိုးသံုးစြဲထားတာပါ။ ဒါေၾကာင့္ Google က customize bubble color နဲ႕ contact icon color ေတြကို ဖယ္ရွားလိုက္တာနဲ႕ တူပါတယ္။

AndroidMessages-DarkMode
အေကာင္းဆံုးလို႕ေျပာရမွာကေတာ့ dark mode ပါပဲ။ အဲဒီ feature ေလးကို on/off ျမန္ျမန္ဆန္ဆန္လုပ္ႏုိင္ပါျပီ။ ဖြင့္ထားမယ္ဆိုရင္ေတာ့ ေနာက္ခံအနက္နဲ႕ စာသားရင့္ရင့္ေလးေတြကို ေတြ႕ျမင္ရမွာပါ။
ဒီေျပာင္းလဲမႈေတြကို အခုပဲ ထုတ္ေပးေနပါျပီ။ ဒီေတာ့ stock text messaging app မွာ ျမင္ရျပီလားဆိုတာ စစ္ေဆးၾကည့္လုိက္ပါ။ dark mode သံုးရတာ ေပ်ာ္ရဲ႕လား။

Unicode Version

Material Design ကိုပြန်ပြင်မယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ဂျူလိုင်ကတည်းက သိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Google ရဲ့ app တွေဖြစ်တဲ့ stock Contacts app ကလည်း အဖြူ၊ ထောင့်လုံးလေးတွေ ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ Android Messages ကလည်း အတော်လေးလှပစွာ ပြောင်းလဲလာတာကို တွေ့မြင်ရမှာပါ။
Android Police ရဲ့ သတိထားမိချက်အရ Google ဟာ Android Messages ရဲ့ ဗားရှင်းအသစ်ကို ထုတ်ပေးလိုက်ပါပြီ။ Material Design ကို ပြင်ဆင်ထားတဲ့အပြင် dark mode ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Android Messages ကို ပြင်ဆင်ထားတဲ့အခါမှာ font အသစ်ပါဝင်လာပြီးတော့ အပြာရောင်နောက်ခံလေးကို default ထားပေးမှာပါ။ “Start chat” button အသစ်လေးကိုလည်း ညာဘက်အောက်နားလေးမှာ တွေ့မြင်နိုင်ပါတယ်။ အရင်တုန်းက + ခလုတ်လေးနေရာကို အစားထိုးသုံးစွဲထားတာပါ။ ဒါကြောင့် Google က customize bubble color နဲ့ contact icon color တွေကို ဖယ်ရှားလိုက်တာနဲ့ တူပါတယ်။

AndroidMessages-DarkMode
အကောင်းဆုံးလို့ပြောရမှာကတော့ dark mode ပါပဲ။ အဲဒီ feature လေးကို on/off မြန်မြန်ဆန်ဆန်လုပ်နိုင်ပါပြီ။ ဖွင့်ထားမယ်ဆိုရင်တော့ နောက်ခံအနက်နဲ့ စာသားရင့်ရင့်လေးတွေကို တွေ့မြင်ရမှာပါ။
ဒီပြောင်းလဲမှုတွေကို အခုပဲ ထုတ်ပေးနေပါပြီ။ ဒီတော့ stock text messaging app မှာ မြင်ရပြီလားဆိုတာ စစ်ဆေးကြည့်လိုက်ပါ။ dark mode သုံးရတာ ပျော်ရဲ့လား။

Leave a Reply