VIVO X23 ကိုအသုံးျပဳေနတဲ့ ဓာတ္ပုံမ်ားထြက္ရွိလာ

0
705

Vivo X23 ကိုလာမယ့္ တပတ္ ၂၃ရက္ေန႔မွာ မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ သူ႕မွာ  Jovi voice assistant လုပ္ေဆာင္ခ်က္ ထည့္သြင္းလာႏိုင္ၿပီး ဒီေန႔မွာေတာ့ VIVO X23 ကိုအသုံးျပဳေနတဲ့ ဓာတ္ပုံမ်ား တရုတ္လူမႈကြန္ရက္ဝီဘိုမွာ ထြက္ရွိလာပါတယ္။ စမတ္ဖုန္းသစ္ရဲ႕ ထိပ္ဘက္မွာ ေသးငယ္တဲ့ Notch ေလးတပ္ဆင္ထားတာကို ေတြ႕ရၿပီး V ပုံစံေလးပါ။ သူရဲ႕ display ဒီဇုိင္းဟာ OPPO ရဲ႕  F9 နဲ႔ဆင္တူၿပီး လုံးဝမ်က္ႏွာျပင္ အျပည့္ပုံစံပါ။ လက္ေဗြဖတ္စနစ္အတြက္ ခလုတ္တပ္ဆင္ထားတာကို မေတြ႕ရတာေၾကာင့္ ဒီဖုန္းမွာ in-display fingerprint scanner ကိုသုံးလာဖို႔မ်ားပါတယ္။

Vivo X23 ရဲ႕အခ်က္အလက္ပိုင္းေတြ အေနနဲ႔ ဒီဖုန္းမွာ 6.4 လက္မအရြယ္အစား display ကိုသုံးလာမွာျဖစ္ၿပီး ပုံမွန္ဗားရွင္းမွာေတာ့ in-display fingerprint ဆင္ဆာေထာက္ပံ့ေပးမွာ မဟုတ္ပါဘူး။ ပရိုဆက္ဆာပိုင္းမွာေတာ့Snapdragon 670 octa-core ကိုထည့္သြင္း အသုံးျပဳလာမွာ ျဖစ္ပါတယ္။ ဒီပရိုဆက္ဆာမွာ Hexagon 685 DSP, Spectra 250 Dual-camera ISP နဲ႔ Qualcomm AI Engine ေတြပါဝင္လာမွာပါ။ AI စြမ္းေဆာင္ခ်က္ အပိုင္းမွာေတာ့ Snapdragon 660 ထက္ 1.8 ဆနီးပါး ပိုမိုျမန္ဆန္လာမွာ ျဖစ္ပါတယ္။

ဒီစမတ္ဖုန္းမွာ အဓိကစြမ္းေဆာင္ခ်က္ပိုင္းလို႔ ဆိုရမွာကေတာ့ RAM ပိုင္းျဖစ္ပါတယ္။ သူ႕ရဲ႕အဆင့္ျမင့္ဗားရွင္းကို 10GB  RAM အသုံးျပဳလာမွာပါ။ 6GB RAM နဲ႔ 4GB RAM ေပါင္းစပ္ထားတဲ့ dual channel modules လို႔ဆိုပါတယ္။ ကင္မရာပိုင္းမွာေတာ့ အေရွ႕ဘက္ Notch ေလးမွာ ကင္မရာတစ္ခု ျမဳပ္ႏွံေပးထားမွာ ျဖစ္ၿပီး ေနာက္ေက်ာဘက္မွာေတာ့ Dual ကင္မရာ တပ္ဆင္ထားမွာပါ။ ဘက္ထရီအားသြင္းဖို႔ အတြက္ 22.5W fast charging ေထာက္ပံ့ေပးပါလိမ့္မယ္။ ေစ်းႏႈန္းကေတာ့ ယြမ္ ၄ေထာင္ဝန္းက်င္ေလာက္ ရွိမွာပါ။

unicode

Vivo X23 ကိုလာမယ့် တပတ် ၂၃ရက်နေ့မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ သူ့မှာ  Jovi voice assistant လုပ်ဆောင်ချက် ထည့်သွင်းလာနိုင်ပြီး ဒီနေ့မှာတော့ VIVO X23 ကိုအသုံးပြုနေတဲ့ ဓာတ်ပုံများ တရုတ်လူမှုကွန်ရက်ဝီဘိုမှာ ထွက်ရှိလာပါတယ်။ စမတ်ဖုန်းသစ်ရဲ့ ထိပ်ဘက်မှာ သေးငယ်တဲ့ Notch လေးတပ်ဆင်ထားတာကို တွေ့ရပြီး V ပုံစံလေးပါ။ သူရဲ့ display ဒီဇိုင်းဟာ OPPO ရဲ့  F9 နဲ့ဆင်တူပြီး လုံးဝမျက်နှာပြင် အပြည့်ပုံစံပါ။ လက်ဗွေဖတ်စနစ်အတွက် ခလုတ်တပ်ဆင်ထားတာကို မတွေ့ရတာကြောင့် ဒီဖုန်းမှာ in-display fingerprint scanner ကိုသုံးလာဖို့များပါတယ်။

Vivo X23 ရဲ့အချက်အလက်ပိုင်းတွေ အနေနဲ့ ဒီဖုန်းမှာ 6.4 လက်မအရွယ်အစား display ကိုသုံးလာမှာဖြစ်ပြီး ပုံမှန်ဗားရှင်းမှာတော့ in-display fingerprint ဆင်ဆာထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။ ပရိုဆက်ဆာပိုင်းမှာတော့Snapdragon 670 octa-core ကိုထည့်သွင်း အသုံးပြုလာမှာ ဖြစ်ပါတယ်။ ဒီပရိုဆက်ဆာမှာ Hexagon 685 DSP, Spectra 250 Dual-camera ISP နဲ့ Qualcomm AI Engine တွေပါဝင်လာမှာပါ။ AI စွမ်းဆောင်ချက် အပိုင်းမှာတော့ Snapdragon 660 ထက် 1.8 ဆနီးပါး ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။

ဒီစမတ်ဖုန်းမှာ အဓိကစွမ်းဆောင်ချက်ပိုင်းလို့ ဆိုရမှာကတော့ RAM ပိုင်းဖြစ်ပါတယ်။ သူ့ရဲ့အဆင့်မြင့်ဗားရှင်းကို 10GB  RAM အသုံးပြုလာမှာပါ။ 6GB RAM နဲ့ 4GB RAM ပေါင်းစပ်ထားတဲ့ dual channel modules လို့ဆိုပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက် Notch လေးမှာ ကင်မရာတစ်ခု မြုပ်နှံပေးထားမှာ ဖြစ်ပြီး နောက်ကျောဘက်မှာတော့ Dual ကင်မရာ တပ်ဆင်ထားမှာပါ။ ဘက်ထရီအားသွင်းဖို့ အတွက် 22.5W fast charging ထောက်ပံ့ပေးပါလိမ့်မယ်။ ဈေးနှုန်းကတော့ ယွမ် ၄ထောင်ဝန်းကျင်လောက် ရှိမှာပါ။

Leave a Reply