7nm Kirin 980 ကို အတည်ပြုပြီး Mate 20 Series အတွက် launch လုပ်

0
886

Zawgyi Version


Unicode Version

Huawei က သူ့ရဲ့ Kirin 980 chipset လေးဟာ Mate 20 series flagship phablet များအတွက် အသုံးပြုမည်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အဲဒီပရိုဆက်တာလေးဟာ ပထမဆုံးသော 7nm smartphone chipset ဖြစ်လာမှာပါ။
Huawei ရဲ့ စီအီးအိုဖြစ်တဲ့ Mr. Richard Yu ကတော့ Kirin 980 ကို IFA မှာ ထုတ်ပြသွားမှာပါ။ Kirin 980 လေးကို Mate 20 series မှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ပြီးတော့ Mate 20 family အတွက်လည်း တံခါးဖွင့်ပြခဲ့ပါတယ်။
Huawei Mate 20 ကို ကမ္ဘာ့ပထမဆုံးသော 7nm chipse နဲ့အတူ အောက်တိုဘာလမှာ ထုတ်ပြသွားမှာဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်လေးကတော့ စွမ်းဆောင်ရည်မြင့်မားပြီးတော့ အကျိုးသက်ရောက်မှုအားကောင်းတဲ့ chip လေး ဖြစ်စေပါတယ်။ performance ပိုင်းကို ထိန်းထားနိုင်ပြီးတော့ ကြာရှည်လည်းခံမှာဖြစ်ပါတယ်။
Qualcomm နဲ့ Apple တို့ပူးပေါင်းပြီးတော့ Huawei ကို 7nm smartphone chip ပေးလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ Qualcomm ကတော့ သူ့ရဲ့နောက်ဆုံးပေါ် chip ကို နှစ်ကုန်မှ ချပြလေ့ရှိပါတယ်။ နောက်နှစ်အတွက် ထုတ်လုပ်မယ့်ဖုန်းမှာ အဆင်သင့်ဖြစ်နေအောင်လုပ်တဲ့သဘောပါ။ Apple နဲ့ Huawei တို့ဟာ သူတို့ရဲ့ chip တွေကို နှစ်ဝက်လောက်မှာပြသခဲ့ကြပါတယ်။ ပြီးတော့ ရနိုင်မယ့်ဖုန်းအမျိုးအစားကိုလည်း တစ်ခါတည်း ထုတ်ပြသွားခဲ့ပါတယ်။ ဒီတော့ Huawei နဲ့ Apple တို့ရဲ့ပြိုင်ဆိုင်မှုမှာ 7nm chip အတွက် ပထမဆုံးဈေးကွက်လုရဖို့လည်း ထပ်တိုးသွားတော့မှာပါ။
အသေးစိတ်အချက်အလက်တွေကရော
ထူးဆန်းတာကတော့ Kirin 980 ရဲ့ အချက်အလက်တွေက ကောလာလဟထွက်နေခဲ့ပါတယ်။ ဒါကြောင့် octa-core Cortex-A76 ၊ Cortex-A55 design ၊ GPU အသင့်အတင့်ပါဝင်မယ်လို့ ဆွေးနွေးခဲ့ပါတယ်။
အသေးစိတ်အချက်အလက်တွေအကြောင်းတော့ အများကြီးခေါင်းထဲမထည့်ထားချင်ပေမယ့်လည်း သူ့ဘာသာဆွေးနွေးသွားပါတယ်။ မနှစ်က Mate 10 series ထုတ်တုန်းကလိုပါပဲ။ အတိအကျတော့မဟုတ်ပါဘူး။
အတွင်းလူတွေရဲ့ပြောကြားချက်အရတော့ Mate 10 ဟာ အနောက်ဘက်မှာ dual-lens 20MP ၊ dual f/1.7 large aperture lens တို့နဲ့ထွက်လာနိုင်တယ်လို့ ပြောသွားပါတယ်။ Mate 10 series မှာတုန်းက 20MP+12MP dual camera setup ကို f/1.6 apertures နဲ့ တွေ့မြင်ခဲ့ရတာပါ။

Leave a Reply