5G Modem ကို ျပသလိုက္တဲ့ Samsung

0
756

Qualcomm က 5G X50 Modem ကို ေၾကညာထားပါတယ္။ အခုေတာ့ Samsung က Exynos Modem 5100 ကို ျပသလိုက္ပါတယ္။ သူဟာလည္း 5G ကို ေထာက္ပံ့ပါတယ္။ သူဟာ 3GPP ရဲ႕ 5G Standard က အသံုးျပဳတဲ့ လိႈင္းႏႈန္းမ်ားကို ေထာက္ပံ့တဲ့ sub-6GHz နဲ႔ mmWave Portions ႏွစ္ခုစလံုးကို ပံ့ပိုးေပးပါတယ္။ Samsung က 5100 ဟာ sub-6GHz ကို သံုးရင္ တစ္စကၠန္႔လွ်င္ 2Gbps နဲ႔ mmWave Signals ကို သံုးရင္ 6Gbps အထိ အျမန္ႏႈန္း ရရွိတယ္လို႔ ေျပာပါတယ္။

5G Device မ်ားကိုလည္း ကုမၸဏီမ်ားက အၿပိဳင္အဆိုင္ ဖန္တီးေနပါတယ္။ လီႏိုဗိုက သူဟာ 5G Smartphone ကို အရင္ဆံုးထုတ္လုပ္တဲ့ ကုမၸဏီ ျဖစ္လာမယ္လို႔ ေျပာပါတယ္။ အဲဒီ စမတ္ဖုန္းမွာ Qualcomm Snapdragon 855 Chipset ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ လီႏိုဗိုရဲ႕ ဒုတိယ ဥကၠဌ ျဖစ္သူ Chang Cheng က တရုတ္လူမႈကြန္ရက္ ၀ီဘိုမွာ ဒီေၾကညာခ်က္ကို ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီ စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္မ်ားကိုေတာ့ ကုမၸဏီက မေျပာၾကားေသးပါဘူး။ လီႏိုဗိုက ယံုၾကည္မႈရွိစြာ ေျပာၾကားခဲ့ေပမယ့္ သူ႔မွာ ၿပိဳင္ဖက္မ်ားစြာ ရွိပါတယ္။ ကုမၸဏီမ်ားစြာဟာ ယခုႏွစ္ကုန္ သို႔မဟုတ္ လာမယ့္ႏွစ္ အေစာပိုင္းမွာ 5D Devices မ်ားကိုေရာင္းခ်ဖို႔ အၿပိဳင္အဆိုင္ ႀကိဳးစားေနပါတယ္။

လီႏိုဗိုရဲ႕ 5G Smartphone ဟာ ဒီဇင္ဘာလ မတိုင္ခင္ေတာ့ ေရာင္းခ်ဦးမွာ မဟုတ္ေသးပါဘူး။ ဒါဟာ Qualcomm Snapdragon 855 Chipset ေၾကာင့္ျဖစ္ပါတယ္။ အဲဒီ Chipset ကို ေၾကညာျခင္း မရွိေသးပါဘူး။ Qualcomm က ဒီဇင္ဘာလ ပထမအပတ္မွာ က်င္းပမယ့္ Snapdragon Summit မွာ အဲဒီ Chipset ကုိ ေၾကညာႏုိင္ပါတယ္။

လာမယ့္ႏွစ္မွာ ထုတ္လုပ္ေရာင္းခ်မယ့္ စမတ္ဖုန္းမ်ားမွာ 5G စြမ္းရည္ဟာ အဓိကေနရာကေန ပါ၀င္လာမွာ ျဖစ္ပါတယ္။ 5G Smartphone မ်ား ေပၚထြက္လာမယ္ ဆိုရင္ေတာင္ 5G ကြန္ယက္ကို ခ်က္ခ်င္း အသံုးျပဳလို႔ ရမွာ မဟုတ္ပါဘူး။ Carrier မ်ားက 5G ကြန္ယက္အတြက္ အဆင့္ျမွင့္တင္ေပးမွသာ စားသံုးသူမ်ား 5G ကို ဖုန္းမ်ားမွာ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။

unicode

5G Modem ကို ပြသလိုက်တဲ့ Samsung

Qualcomm က 5G X50 Modem ကို ကြေညာထားပါတယ်။ အခုတော့ Samsung က Exynos Modem 5100 ကို ပြသလိုက်ပါတယ်။ သူဟာလည်း 5G ကို ထောက်ပံ့ပါတယ်။ သူဟာ 3GPP ရဲ့ 5G Standard က အသုံးပြုတဲ့ လှိုင်းနှုန်းများကို ထောက်ပံ့တဲ့ sub-6GHz နဲ့ mmWave Portions နှစ်ခုစလုံးကို ပံ့ပိုးပေးပါတယ်။ Samsung က 5100 ဟာ sub-6GHz ကို သုံးရင် တစ်စက္ကန့်လျှင် 2Gbps နဲ့ mmWave Signals ကို သုံးရင် 6Gbps အထိ အမြန်နှုန်း ရရှိတယ်လို့ ပြောပါတယ်။

5G Device များကိုလည်း ကုမ္ပဏီများက အပြိုင်အဆိုင် ဖန်တီးနေပါတယ်။ လီနိုဗိုက သူဟာ 5G Smartphone ကို အရင်ဆုံးထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်လာမယ်လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Qualcomm Snapdragon 855 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ လီနိုဗိုရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Chang Cheng က တရုတ်လူမှုကွန်ရက် ဝီဘိုမှာ ဒီကြေညာချက်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်များကိုတော့ ကုမ္ပဏီက မပြောကြားသေးပါဘူး။ လီနိုဗိုက ယုံကြည်မှုရှိစွာ ပြောကြားခဲ့ပေမယ့် သူ့မှာ ပြိုင်ဖက်များစွာ ရှိပါတယ်။ ကုမ္ပဏီများစွာဟာ ယခုနှစ်ကုန် သို့မဟုတ် လာမယ့်နှစ် အစောပိုင်းမှာ 5D Devices များကိုရောင်းချဖို့ အပြိုင်အဆိုင် ကြိုးစားနေပါတယ်။

လီနိုဗိုရဲ့ 5G Smartphone ဟာ ဒီဇင်ဘာလ မတိုင်ခင်တော့ ရောင်းချဦးမှာ မဟုတ်သေးပါဘူး။ ဒါဟာ Qualcomm Snapdragon 855 Chipset ကြောင့်ဖြစ်ပါတယ်။ အဲဒီ Chipset ကို ကြေညာခြင်း မရှိသေးပါဘူး။ Qualcomm က ဒီဇင်ဘာလ ပထမအပတ်မှာ ကျင်းပမယ့် Snapdragon Summit မှာ အဲဒီ Chipset ကို ကြေညာနိုင်ပါတယ်။

လာမယ့်နှစ်မှာ ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းများမှာ 5G စွမ်းရည်ဟာ အဓိကနေရာကနေ ပါဝင်လာမှာ ဖြစ်ပါတယ်။ 5G Smartphone များ ပေါ်ထွက်လာမယ် ဆိုရင်တောင် 5G ကွန်ယက်ကို ချက်ချင်း အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး။ Carrier များက 5G ကွန်ယက်အတွက် အဆင့်မြှင့်တင်ပေးမှသာ စားသုံးသူများ 5G ကို ဖုန်းများမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply