ေရႊျဖင့္ အလွဆင္ထားတဲ့ သိန္း ကိုးရာတန္ Samsung Galaxy Note 9

0
888

ရုရွား အေျခစိုက္ ကုမၸဏီ Caviar ဟာ နာမည္ႀကီး စမတ္ဖုန္းမ်ားကို ေရႊ၊ စိန္မ်ားျဖင့္ အလွဆင္ၿပီး ထုတ္လုပ္ေရာင္းခ်ေပးေနပါတယ္။ အခုလည္း မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Samsung Galaxy Note 9 ကို ေရႊျဖင့္ အလွဆင္ထားတဲ့ ဖုန္းကို ေရာင္းခ်ေပးလိုက္ပါတယ္။ Samsung က 128GB Note 9 Model ကို ၉၉၉ ေဒၚလာျဖင့္ ေရာင္းခ်ေပးထားပါတယ္။ Caviar ရဲ႕ ေရႊ Note 9 ရဲ႕ ေစ်းကေတာ့ မေသးပါဘူး။ ျမန္မာေငြ သိန္း ကိုးရာ တန္ေၾကးရွိပါတယ္။ ယူရို ၅၀ ၀၀၀ ( ေဒၚလာ ၆၀ ၀၀၀ ) သတ္မွတ္ထားပါတယ္။ ဒါဟာ 128GB Model ရဲ႕ ေစ်းႏႈန္း ျဖစ္ၿပီး 512GB Model ကေတာ့ ေဒၚလာ ၁၀၀၀ ပိုမိုမ်ားျပားပါတယ္။


သူ႔ရဲ႕ အမည္ဟာ Samsung Galaxy Note 9 Fine Gold Edition ျဖစ္ပါတယ္။ ၁ ကီလိုဂရမ္ အေလးခ်ိန္ရွိတဲ့ Pure Gold ျဖင့္ ဖုန္းရဲ႕ အေနာက္ဘက္ကို သြန္းေလာင္းထားပါတယ္။ ဒီဇိုင္းသာ ကြာျခားၿပီး အတြင္းပိုင္း အစိတ္အပိုင္းမ်ားက သာမာန္ Note 9 နဲ႔ တူညီၾကပါတယ္။

Caviar က Note 9 အတြက္ ေရႊျဖင့္ အလွဆင္ထားတဲ့ ေမာ္ဒယ္အျပင္ မိေက်ာင္းသားေရျဖင့္ အလွဆင္ထားတဲ့ ေမာ္ဒယ္ နဲ Russian Federation ရဲ႕ Logo ပါတဲ့ ေမာ္ဒယ္ကိုလည္း ေရာင္းခ်ေပးထားပါတယ္။ ဒီဇိုင္းမ်ိဳးစံုျဖင့္ သူတို႔ကို ဖန္တီးေပးထားပါတယ္။ သူတို႔ရဲ႕ ေစ်းႏႈန္းက Fine Gold Edition ေလာက္ မရွိပါဘူး။ ယူရို ၃၀၀၀ ေလာက္သာ ရွိပါတယ္။

unicode

ရွှေဖြင့် အလှဆင်ထားတဲ့ သိန်း ကိုးရာတန် Samsung Galaxy Note 9

ရုရှား အခြေစိုက် ကုမ္ပဏီ Caviar ဟာ နာမည်ကြီး စမတ်ဖုန်းများကို ရွှေ၊ စိန်များဖြင့် အလှဆင်ပြီး ထုတ်လုပ်ရောင်းချပေးနေပါတယ်။ အခုလည်း မကြာခင်က မိတ်ဆက်ခဲ့တဲ့ Samsung Galaxy Note 9 ကို ရွှေဖြင့် အလှဆင်ထားတဲ့ ဖုန်းကို ရောင်းချပေးလိုက်ပါတယ်။ Samsung က 128GB Note 9 Model ကို ၉၉၉ ဒေါ်လာဖြင့် ရောင်းချပေးထားပါတယ်။ Caviar ရဲ့ ရွှေ Note 9 ရဲ့ ဈေးကတော့ မသေးပါဘူး။ မြန်မာငွေ သိန်း ကိုးရာ တန်ကြေးရှိပါတယ်။ ယူရို ၅၀ ၀၀၀ ( ဒေါ်လာ ၆၀ ၀၀၀ ) သတ်မှတ်ထားပါတယ်။ ဒါဟာ 128GB Model ရဲ့ ဈေးနှုန်း ဖြစ်ပြီး 512GB Model ကတော့ ဒေါ်လာ ၁၀၀၀ ပိုမိုများပြားပါတယ်။


သူ့ရဲ့ အမည်ဟာ Samsung Galaxy Note 9 Fine Gold Edition ဖြစ်ပါတယ်။ ၁ ကီလိုဂရမ် အလေးချိန်ရှိတဲ့ Pure Gold ဖြင့် ဖုန်းရဲ့ အနောက်ဘက်ကို သွန်းလောင်းထားပါတယ်။ ဒီဇိုင်းသာ ကွာခြားပြီး အတွင်းပိုင်း အစိတ်အပိုင်းများက သာမာန် Note 9 နဲ့ တူညီကြပါတယ်။

Caviar က Note 9 အတွက် ရွှေဖြင့် အလှဆင်ထားတဲ့ မော်ဒယ်အပြင် မိကျောင်းသားရေဖြင့် အလှဆင်ထားတဲ့ မော်ဒယ် နဲ Russian Federation ရဲ့ Logo ပါတဲ့ မော်ဒယ်ကိုလည်း ရောင်းချပေးထားပါတယ်။ ဒီဇိုင်းမျိုးစုံဖြင့် သူတို့ကို ဖန်တီးပေးထားပါတယ်။ သူတို့ရဲ့ ဈေးနှုန်းက Fine Gold Edition လောက် မရှိပါဘူး။ ယူရို ၃၀၀၀ လောက်သာ ရှိပါတယ်။

Leave a Reply