Windows 10 သုံးစွဲသူတွေအတွက် ဖုန်းကဓါတ်ပုံတွေကို PC ထဲရောက်အောင် drag and drop လုပ်ဆောင်နိုင်မယ့်feature

0
961

Zawgyi Version


Unicode Version

Windows 10 သုံးစွဲသူနဲ့ Android ပိုင်ရှင်တွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Microsoft က သင့်ရဲ့ဖုန်းapp ကို Windows 10 မှာ အသုံးပြုနိုင်ဖို့အတွက် ပြီးခဲ့တဲ့လတည်းက စမ်းသပ်နေခဲ့တာပါ။ အခုဆိုရင်တော့ Windows 10 သုံးစွဲသူတိုင်းကို အသုံးပြုလို့ရအောင် ထုတ်ပေးလိုက်ပါပြီ။ Windows 10 ကို April 2018 Update run ထားမယ်။ ပြီးတော့ Microsoft Store ကို ဖုန်းမှာအသုံးပြုနိုင်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ app လေးဟာ ဖုန်းရဲ့ content လေးတွေကို PC မှာ ပြပေးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ Android တွေပဲအသုံးပြုနိုင်ပါသေးတယ်။ ဖုန်းကဓါတ်ပုံတွေကို PC ထဲရောက်အောင် drag and drop လုပ်ဆောင်နိုင်မယ့် feature လေးပါဝင်ပါတယ်။
Microsoft က စာသားတွေကို sync လုပ်ခြင်းနဲ့ Android ရဲ့ noti တွေကို PC မှာ ပြနိုင်အောင်လို့ လုပ်ဆောင်နေပါတယ်။ Microsoft က ဖုန်းကို Windows 10 အတွက် Redstone 5 update မှာ အဆင်ပြေဖို့အတွက် စမ်းသပ်လုပ်ဆောင်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီထက်ကျယ်ကျယ်ပြန့်ပြန့်ရအောင် လုပ်ဆောင်ပေးမယ်လို့ မျှော်လင့်ထားလိုက်ပါ။
iPhone တွေအတွက်လည်း app အသစ်နဲ့ ရနိုင်လိမ့်မယ်လို့ ပြောထားပါတယ်။ လက်ရှိမှာ စိတ်ဝင်စားနေပြီဆိုရင်တော့ Microsoft Store ကနေ ဒေါင်းလုတ်ဆွဲပြီးတော့ စမ်းသပ်ကြည့်လိုက်ပါတော့။

Leave a Reply