ေနာက္ေက်ာဘက္ ကင္မရာ၃လုံးနဲ႔အတူ tele နဲ႔ wide-angle lenses ပါလာမယ့္ Galaxy S10+

0
1133

Samsung အေနနဲ႔  Galaxy S စီးရီးဖုန္းေတြရဲ႕ flagships ဖုန္းအသစ္ကို 2019 မွာမိတ္ဆက္လာမွာ ျဖစ္ပါတယ္။ စမတ္ဖုန္းသစ္ေတြနဲ႔ ပတ္သတ္တဲ့သတင္းေတြဟာ ေန႔စဥ္လိုထြက္ေနၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက ထြက္ခဲ့တဲ့ သတင္းေတြမွာေတာ့ ေနာက္ေက်ာဘက္မွာ ကင္မရာ ၃လုံးတပ္ဆင္လာမွာျဖစ္ၿပီး Selfie ကင္မရာကိုလည္း ၂လုံးတပ္ဆင္လာမယ္လို႔ သိရပါတယ္။ ဒီေန႔မွေတာ့ ေတာင္ကိုရီးယား မီဒီယာတစ္ခုကေန S10+ မွာတပ္ဆင္ထားတဲ့ အဓိက ကင္မရာနဲ႔ ပတ္သတ္ၿပီး သတင္းတစ္ခုထြက္လာပါတယ္။

အဲ့ဒါကေတာ့ စမတ္ဖုန္းသစ္မွာ ပုံမွန္ 16 MP နဲ႔အတူ telephoto lens ပါတဲ့ 13 MP sensor တပ္ဆင္လာမွာျဖစ္ၿပီး၊ တတိယကင္မရာကိုေတာ့ 12 MP sensor နဲ႔ wide-angle lens တပ္ဆင္လာမယ္ ဆိုတာပါ။ အီလက္ထေရာနစ္တိုင္စ္းက တက္လာတဲ့သတင္းေတြအရ S10+ ဟာကင္မရာပိုင္းအတြက္ လုံးဝအေျပာင္းအလဲေတြ ယူေဆာင္လာမွာျဖစ္တဲ့အျပင္ လာမယ့္ႏွစ္မွာ အသစ္ထြက္လာမယ့္ Galaxy A9 (2019) ဖုန္းမွာေတာင္ကင္မရာ ၃လုံးတပ္ဆင္လာႏုိင္တယ္လို႔ ဆိုပါတယ္။

Samsung Galaxy S10 စီးရီးဖုန္းေတြဟာ Samsung စမတ္ဖုန္းေတြမွာ under-screen fingerprint လုပ္ေဆာင္ခ်က္ကို ပထမဆုံးသုံးလာမယ့္ ဖုန္းေတြျဖစ္ၿပီး သူ႕မွာ face recognition အတြက္ 3D camera လုပ္ေဆာင္ခ်က္ေပါင္း ထည့္ေပးႏိုင္ပါတယ္။ Samsung S10+ အေနနဲ႔ 4K AMOLED ကိုအသုံးျပဳလာႏုိင္ၿပီး Qualcomm ရဲ႕ Snapdragon 855 မွာ 6GB RAM နဲ႔ 128GBအခ်က္အလက္သိုေလွာင္ႏုိင္စြမ္းကို သုံးစြဲလာပါလိမ့္မယ္။

unicode

Samsung အနေနဲ့  Galaxy S စီးရီးဖုန်းတွေရဲ့ flagships ဖုန်းအသစ်ကို 2019 မှာမိတ်ဆက်လာမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းသစ်တွေနဲ့ ပတ်သတ်တဲ့သတင်းတွေဟာ နေ့စဉ်လိုထွက်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ခဲ့တဲ့ သတင်းတွေမှာတော့ နောက်ကျောဘက်မှာ ကင်မရာ ၃လုံးတပ်ဆင်လာမှာဖြစ်ပြီး Selfie ကင်မရာကိုလည်း ၂လုံးတပ်ဆင်လာမယ်လို့ သိရပါတယ်။ ဒီနေ့မှတော့ တောင်ကိုရီးယား မီဒီယာတစ်ခုကနေ S10+ မှာတပ်ဆင်ထားတဲ့ အဓိက ကင်မရာနဲ့ ပတ်သတ်ပြီး သတင်းတစ်ခုထွက်လာပါတယ်။

အဲ့ဒါကတော့ စမတ်ဖုန်းသစ်မှာ ပုံမှန် 16 MP နဲ့အတူ telephoto lens ပါတဲ့ 13 MP sensor တပ်ဆင်လာမှာဖြစ်ပြီး၊ တတိယကင်မရာကိုတော့ 12 MP sensor နဲ့ wide-angle lens တပ်ဆင်လာမယ် ဆိုတာပါ။ အီလက်ထရောနစ်တိုင်စ်းက တက်လာတဲ့သတင်းတွေအရ S10+ ဟာကင်မရာပိုင်းအတွက် လုံးဝအပြောင်းအလဲတွေ ယူဆောင်လာမှာဖြစ်တဲ့အပြင် လာမယ့်နှစ်မှာ အသစ်ထွက်လာမယ့် Galaxy A9 (2019) ဖုန်းမှာတောင်ကင်မရာ ၃လုံးတပ်ဆင်လာနိုင်တယ်လို့ ဆိုပါတယ်။

Samsung Galaxy S10 စီးရီးဖုန်းတွေဟာ Samsung စမတ်ဖုန်းတွေမှာ under-screen fingerprint လုပ်ဆောင်ချက်ကို ပထမဆုံးသုံးလာမယ့် ဖုန်းတွေဖြစ်ပြီး သူ့မှာ face recognition အတွက် 3D camera လုပ်ဆောင်ချက်ပေါင်း ထည့်ပေးနိုင်ပါတယ်။ Samsung S10+ အနေနဲ့ 4K AMOLED ကိုအသုံးပြုလာနိုင်ပြီး Qualcomm ရဲ့ Snapdragon 855 မှာ 6GB RAM နဲ့ 128GBအချက်အလက်သိုလှောင်နိုင်စွမ်းကို သုံးစွဲလာပါလိမ့်မယ်။

Leave a Reply