Samsung ရဲ့ AI ကိုအခြေခံထားတဲ့ Wi-Fi system အသစ်က ပိုမိုကောင်းမွန်လာဟုဆို

0
853

Zawgyi version

Samsung ကတော့ သူ့ရဲ့ Wi-Fi product တွေကို update မြှင့်လိုက်ပြီပဲဖြစ်ပါတယ်။

Palo Alto-based Plume Design ဖြစ်တဲ့ AI-based mesh wifi tech လေးက အိမ်တစ်ခုလုံး ဒါမှမဟုတ် ရုံးတစ်ခုလုံးအတွက် ပိုပြီး connection ကောင်းမွန်အောင် လုပ်ဆောင်နိုင်တော့မှာပဲဖြစ်ပါတယ်။ Plume’s technology ကို update မြှင့်လိုက်ခြင်းကလဲ အင်တာနက်အသုံးပြုတဲ့ consumer တွေကလဲ ပိုမိုများပြားလာပြီး     AI နည်းပညာကိုလဲ device တွေမှာ အသုံးပြုချင်လို့ပဲဖြစ်ပါတယ်။

Samsung ကပြောထားတာကတော့ Plume ရဲ့ နည်းပညာကို home nertwork နဲ့ device တွေအများကြီး အသုံးပြုနိုင်ပါတယ်တဲ့။ ပြောချင်တာက မိဘတွေက laptop တစ်လုံးစီနဲ့ အလုပ်လုပ်နေတဲ့အချိန်မှာ ကလေးတွေက အင်တာနက်ဂိမ်းတွေ online ဗွီဒီယိုတွေကိုတစ်ပြိင်နက်ထဲ လိုင်းကောင်းကောင်းနဲ့ ကြည့်နိုင်ပါတယ်တဲ့။

SmartThingsWifi ကတော့ အိမ်မှာရှိတဲ့ device တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်တဲ့ အဆင့်မြင့်တဲ့ နည်းပညာပဲဖြစ်ပါတယ်။ သူ့မှာ SmartThings Hub ပါရှိပြီး များစွာသော smart product တွေကိုစောင့်ကြည့်ပြီး ထိန်းချုပ်နိုင်ပါတယ်။ Samsung က Samsung.com မှာ three-pack wifi units တွေကို  $279.99 နဲ့ ရောင်းချနေတာပဲဖြစ်ပါတယ်။ device တစ်မျိုးထဲဆိုရင်တော့ $119.99 နဲ့ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

SmartThings Hub ကလူတစ်ယောက်ရဲ့ ဦးနှောက်တစ်ခုလိုမျိုးလုပ်ဆောင်နိုင်ပါတယ်။ device တွေကို အသုံးပြုနိုင်ဖို့ app နဲ့ချိတ်ဆက်ပြီး ခိုင်းစေတာတွေ အမိန့်ပေးတာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ သူ့ကို အသုံးပြုဖို့ third-party devices နဲ့ services တွေလဲ အများကြီး ရှိပါတယ်။ SmartThings Wi-Fi router တစ်ခုချင်းစီက 1,500 square feet ထိ cover လုပ်နိုင်ပြီး 3-pack ဆိုရင်တော့ 4,500 square feet ထိ cover လုပ်နိုင်ပါတယ်။ ဒါ့အပြင် user တွေက mesh router တွေကို ထပ်ပြီး တိုးချဲ့ပြီးလဲ အသုံးပြု နိုင်ပါသေးတယ်။

Samsung က သူ့ရဲ့ SmartThings Hub ကို different sensors နဲ့ Smart Outlet သုံးပြီး performance နဲ့ connectivity ကို update မြှင့်ထားပါတယ်။ အသစ်ဖြစ်တဲ့ SmartTh ings Hub ကိုတော့ နောက်ဆုံးထွက် Zigbee, Z-wave နဲ့ Bluetooth 4.1 connectivity protocols တွေကိုအသုံးပြုပြီး upgrade မြှင့်ထားပါတယ်တဲ့။အဲ့ဒါကြောင့် Hub ကို Ethernet cable တွေမလိုဘဲ Wi-Fi network နဲ့ ချိတ်ဆက် အသုံးပြုနိုင်ပြီး အိမ်မှာ ကြိုက်တဲ့နေရာကိုယူသွားပြီး အဆင်ပြေပြေသက်သက်သာသာ အသုံးပြု နိုင်မှာပဲ ဖြစ်ပါတယ်။ Standalone အနေနဲ့ SmartThings Hub အသစ်က $70 လောက်ရှိနိုင်ပြီး သူ့ကို Samung ရဲ့ website မှာ ၀ယ်ယူရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

 

Leave a Reply