OPPO R17 Pro တြင္ Snapdragon 710 သုံးလာမည္

0
608

3C ရဲ႕ေျပာၾကားခ်က္အေတြအရ တရုတ္စမတ္ဖုန္း ထုတ္လုပ္သူအေနနဲ႔  R17 အျပင္ Pro version ဖုန္းကိုပါ ထုတ္လုပ္လာအုံးမွာ ျဖစ္တယ္လို႔ဆိုပါတယ္။ အခုေတာ့ Geekbench ကပါ အဲ့ဒီေျပာၾကားခ်က္ကို အတည္ျပဳေပးလိုက္ပါၿပီ။  ဒီေန႔ထြက္လာတဲ့ အခ်က္အလက္ေတြအရ OPPO R17 Pro မွာ Snapdragon 710 chipset ကိုသုံးလာမွာျဖစ္ၿပီး အခ်က္အလက္အမ်ားစုကေတာ ့R17 နဲ႔ဆင္တူမွာပါ။

Oppo R17 Pro spotted with Snapdragon 710

သူ႕မွာ  6.4-inch drop screen နဲ႔အတူ 8GBRAM + 128GB သိုေလွာင္မႈနဲ႔ ထြက္လာမွာပါ။ OPPO R17 ရဲ႕ေနာက္ဘက္မွာ  AI smart dual ကင္မရာ တပ္ဆင္ထားၿပီး R17 Pro မွာေတာ့ AI smart ကင္မရာ၃လုံး တပ္ဆင္လာမယ္လို႔ သိရပါတယ္။ OPPo R17 Pro မွာ ကင္မရာစြမ္းေဆာင္ခ်က္ေတြ အေနနဲ႔ “Super Night Shot နဲ႔ Smart Aperture ” လိုလုပ္ေဆာင္ခ်က္ေတြကို အသုံးျပဳႏိုင္မွာပါ။

Geekbench ရဲ႕ benchmarks စမ္းသပ္ခ်က္မွာေတာ့ ေမာ္ဒယ္နံပါတ္ကို OPPO PBEM00 နဲ႔ေပးထားပါတယ္။ Single Core မွာ 1708 ရၿပီး၊ Multi-Core မွာေတာ့ 5818 ရထားပါတယ္။ OPPO R17 Pro ဖုန္းဟာ Gorilla Glass 6 ကိုပထမဆုံး သုံးလာမယ့္ စမတ္ဖုန္းဆိုၿပီးေတာ့လည္း သတင္းထြက္ေနပါတယ္။ ေစ်းႏႈန္းကေတာ့ အရမ္းႀကီးမမ်ားေလာက္ပဲ ယြမ္ ၃၀၀၀ ဝန္းက်င္ေလာက္နဲ႔ထြက္လာမယ္လို႔ ခန္႔မွန္းရပါတယ္။ OPPO အေနနဲ႔ R17 စမတ္ဖုန္းကိုေတာ့ လာမယ့္စေနေန႔မွာ flash sale စတင္ေရာင္းခ်သြားမွာပါ။

unicode

3C ရဲ့ပြောကြားချက်အတွေအရ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူအနေနဲ့  R17 အပြင် Pro version ဖုန်းကိုပါ ထုတ်လုပ်လာအုံးမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အခုတော့ Geekbench ကပါ အဲ့ဒီပြောကြားချက်ကို အတည်ပြုပေးလိုက်ပါပြီ။  ဒီနေ့ထွက်လာတဲ့ အချက်အလက်တွေအရ OPPO R17 Pro မှာ Snapdragon 710 chipset ကိုသုံးလာမှာဖြစ်ပြီး အချက်အလက်အများစုကတော့R17 နဲ့ဆင်တူမှာပါ။

သူ့မှာ  6.4-inch drop screen နဲ့အတူ 8GBRAM + 128GB သိုလှောင်မှုနဲ့ ထွက်လာမှာပါ။ OPPO R17 ရဲ့နောက်ဘက်မှာ  AI smart dual ကင်မရာ တပ်ဆင်ထားပြီး R17 Pro မှာတော့ AI smart ကင်မရာ၃လုံး တပ်ဆင်လာမယ်လို့ သိရပါတယ်။ OPPo R17 Pro မှာ ကင်မရာစွမ်းဆောင်ချက်တွေ အနေနဲ့ “Super Night Shot နဲ့ Smart Aperture ” လိုလုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မှာပါ။

Geekbench ရဲ့ benchmarks စမ်းသပ်ချက်မှာတော့ မော်ဒယ်နံပါတ်ကို OPPO PBEM00 နဲ့ပေးထားပါတယ်။ Single Core မှာ 1708 ရပြီး၊ Multi-Core မှာတော့ 5818 ရထားပါတယ်။ OPPO R17 Pro ဖုန်းဟာ Gorilla Glass 6 ကိုပထမဆုံး သုံးလာမယ့် စမတ်ဖုန်းဆိုပြီးတော့လည်း သတင်းထွက်နေပါတယ်။ ဈေးနှုန်းကတော့ အရမ်းကြီးမများလောက်ပဲ ယွမ် ၃၀၀၀ ဝန်းကျင်လောက်နဲ့ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။ OPPO အနေနဲ့ R17 စမတ်ဖုန်းကိုတော့ လာမယ့်စနေနေ့မှာ flash sale စတင်ရောင်းချသွားမှာပါ။

Leave a Reply