Motorola က စြမ္းရည္သင့္ P30 ကို ေၾကညာ

0
682

တရုတ္မွာ Motorola က စမတ္ဖုန္း အသစ္တစ္လံုးကို မိတ္ဆက္လိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Motorola P30 ျဖစ္ၿပီး စြမ္းရည္သင့္ စမတ္ဖုန္း ျဖစ္ပါတယ္။ သူ႔အတြက္ Bright Black , Jade Ice( White) နဲ႔ Aurora အေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။ Aurora ဟာ Huawei P20 ရဲ႕ Twillight Color နဲ႔ တူညီပါတယ္။

သူ႔မွာ ၆.၂ လက္မ IPS LCD Display တပ္ဆင္ထားၿပီး Full HD+ Resolution ျဖစ္ပါတယ္။ သူ႔မွာ Notch ပါလာၿပီး iPhone X နဲ အလြန္ ဆင္တူပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးမွာ 19:9 ျဖစ္ပါတယ္။ 1.8GHz Octa-Core ပါတဲ့ Qualcomm Snapdragon 636 Processor ေမာင္းႏွင္ထားပါတယ္။ Adreno 509 GPU ထည့္ေပးထားပါတယ္။

6GB RAM ထည့္သြင္းထားပါတယ္။ 64GB or 128GB Storage မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ microSD Card စိုက္ႏုိင္ပါတယ္။ အေနာက္ကင္မရာ ႏွစ္လံုးဟာ iPhone X Design ျဖစ္ပါတယ္။ OmniVision က ထုတ္လုပ္ထားတဲ့ 16MP+5MP Dual Camera မ်ား ပါပါတယ္။ PDAF နည္းပညာ ပါၿပီး Full HD Video မ်ား ရိုက္ကူးႏုိင္ပါတယ္။ ေနာက္ခံမႈန္၀ါးတဲ့ ဓါတ္ပံုမ်ား ရိုက္ကူးေပးႏုိင္ပါတယ္။ အေရွ႕ဘက္မွာ 12MP Selfie Camera တစ္လံုး ျမွပ္ႏွံထားပါတယ္။

ဘက္ထရီက 3000mAh ျဖစ္ပါတယ္။ Motorola ဟာ Lenovo ရဲ႕ လက္ခြဲ ကုမၸဏီ ျဖစ္တဲ့အတြက္ P30 မွာ Android Oreo 8.0 အေျချပဳ ZUI 4.0 ပါလာပါတယ္။ 64GB ကို ယြမ္ ၁၉၉၉ နဲ႔ 128GB ကို ယြမ္ ၂၀၉၉ သတ္မွတ္ထားပါတယ္။ အာရွမွာ သူ႔ကို Motorola P30 အမည္ျဖင့္ ေရာင္းခ်မွာပါ။ အေနာက္ႏုိင္ငံမ်ားမွာေတာ့ မၾကာခင္မွာ Motorola One Power အမည္ျဖင့္ ေရာင္းခ်မယ္လို႔ ထင္ရပါတယ္။

unicode

Motorola က စွမ်းရည်သင့် P30 ကို ကြေညာ

တရုတ်မှာ Motorola က စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Motorola P30 ဖြစ်ပြီး စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။ သူ့အတွက် Bright Black , Jade Ice( White) နဲ့ Aurora အရောင်များ ထုတ်လုပ်ပေးထားပါတယ်။ Aurora ဟာ Huawei P20 ရဲ့ Twillight Color နဲ့ တူညီပါတယ်။

သူ့မှာ ၆.၂ လက်မ IPS LCD Display တပ်ဆင်ထားပြီး Full HD+ Resolution ဖြစ်ပါတယ်။ သူ့မှာ Notch ပါလာပြီး iPhone X နဲ အလွန် ဆင်တူပါတယ်။ မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ 1.8GHz Octa-Core ပါတဲ့ Qualcomm Snapdragon 636 Processor မောင်းနှင်ထားပါတယ်။ Adreno 509 GPU ထည့်ပေးထားပါတယ်။

6GB RAM ထည့်သွင်းထားပါတယ်။ 64GB or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ အနောက်ကင်မရာ နှစ်လုံးဟာ iPhone X Design ဖြစ်ပါတယ်။ OmniVision က ထုတ်လုပ်ထားတဲ့ 16MP+5MP Dual Camera များ ပါပါတယ်။ PDAF နည်းပညာ ပါပြီး Full HD Video များ ရိုက်ကူးနိုင်ပါတယ်။ နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 12MP Selfie Camera တစ်လုံး မြှပ်နှံထားပါတယ်။

ဘက်ထရီက 3000mAh ဖြစ်ပါတယ်။ Motorola ဟာ Lenovo ရဲ့ လက်ခွဲ ကုမ္ပဏီ ဖြစ်တဲ့အတွက် P30 မှာ Android Oreo 8.0 အခြေပြု ZUI 4.0 ပါလာပါတယ်။ 64GB ကို ယွမ် ၁၉၉၉ နဲ့ 128GB ကို ယွမ် ၂၀၉၉ သတ်မှတ်ထားပါတယ်။ အာရှမှာ သူ့ကို Motorola P30 အမည်ဖြင့် ရောင်းချမှာပါ။ အနောက်နိုင်ငံများမှာတော့ မကြာခင်မှာ Motorola One Power အမည်ဖြင့် ရောင်းချမယ်လို့ ထင်ရပါတယ်။

Leave a Reply