Sprint နဲ႔တြဲၿပီး 5G စမတ္ဖုန္းထုတ္လာမယ့္ LG

0
552

အေမရိကန္ ဆက္သြယ္ေရးေအာ္ပေရတာ Sprint အေနနဲ႔ LG အီလက္ထေရာနစ္ နဲ႔ပူးေပါင္းၿပီးေတာ့ အေမရိကန္ေစ်းကြက္အတြက္ 5G စမတ္ဖုန္းတစ္လုံးကို ယူေဆာင္လာမယ္လို႔ ဒီေန႔မွာ ထုတ္ေဖာ္ေၾကညာလိုက္ပါတယ္။ အခ်ိန္သတ္မွတ္ခ်က္ကေတာ့၂၀၁၉ခုႏွစ္ ႏွစ္လည္ပိုင္းေလာက္မွာ ျဖစ္ပါလိမ့္မယ္။ ဒီဖုန္းနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြကိုေတာ့ ေနာက္ပိုင္းမွာဆက္လက္ေၾကညာ သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာ စမတ္ဖုန္းထုတ္လုပ္သူေတြနဲ႔အတူ မိုဘိုင္းေအာ္ပေရတာေတြဟာ 5G ကြန္ရက္မွာ သုံးႏုိင္မယ့္ စမတ္ဖုန္း ထုတ္လုပ္ဖို႔ အပူတျပင္း ႀကိဳးစားေနၾကပါတယ္။ ဒီေန႔ပဲ LG ရဲ႕ကိုရီးယားအီလက္ထေရာနစ္ ၿပိဳင္ဘက္လို႔ ဆိုႏုိင္တဲ့  Samsung ဟာ 5G modem ကိုေၾကညာလိုက္ပါတယ္။ Exynos 5100 လို႔ေပးထားၿပီး 3GPP  စံႏႈန္းနဲ႔ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ သူ႕ကို10nm ထုတ္လုပ္မႈ ုလုပ္ငန္းစဥ္နဲ႔ သြားထားၿပီး ကြန္ရက္ေထာက္ပံ့မႈ အပိုင္းမွာေတာ့ single chip မွာ 2G GSM/CDMA, 3G WCDMA, TD-SCDMA, HSPA နဲ႔ 4G LTE ေတြေထာက္ပံ့ပါတယ္။

LG နဲ႔ Sprint တြဲထုတ္မယ့္ ဖုန္းအတြက္ကေတာ့ အခ်က္အလက္ေတြ မသိရေသးေပမယ့္ Qualcomm ရဲ႕  X50 modem ကိုသုံးလာႏိုင္ပါတယ္။ သူရဲ႕ အျမန္ႏႈန္းကေတာ့ 5 Gbps ရွိမွာျဖစ္ပါတယ္။  Exynos 5100 ရဲ႕အျမန္ႏႈန္းအေနနဲ႔ ကေတာ့ sub-6GHz လႈိင္းႏႈန္းစဥ္မွာ  2Gbps အထက္ျဖစ္ၿပီး၊ mmWave လိႈင္းႏႈန္းစဥ္ မွာေတာ့ 6Gbps ျဖစ္ပါတယ္။ Sprint အေနနဲ႔ ယခုႏွစ္ အေစာပိုင္းတုန္းက ၂၀၁၉ေရာက္တဲ့ အခ်ိန္မွာ အေမရိကန္ရဲ႕ အဓိကၿမိဳ႕ေတာ္ ၆ခုမွာ 5G ကြန္ရက္ ရရွိႏိုင္မွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

unicode

အမေရိကန် ဆက်သွယ်ရေးအော်ပရေတာ Sprint အနေနဲ့ LG အီလက်ထရောနစ် နဲ့ပူးပေါင်းပြီးတော့ အမေရိကန်ဈေးကွက်အတွက် 5G စမတ်ဖုန်းတစ်လုံးကို ယူဆောင်လာမယ်လို့ ဒီနေ့မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အချိန်သတ်မှတ်ချက်ကတော့၂၀၁၉ခုနှစ် နှစ်လည်ပိုင်းလောက်မှာ ဖြစ်ပါလိမ့်မယ်။ ဒီဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကိုတော့ နောက်ပိုင်းမှာဆက်လက်ကြေညာ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့အတူ မိုဘိုင်းအော်ပရေတာတွေဟာ 5G ကွန်ရက်မှာ သုံးနိုင်မယ့် စမတ်ဖုန်း ထုတ်လုပ်ဖို့ အပူတပြင်း ကြိုးစားနေကြပါတယ်။ ဒီနေ့ပဲ LG ရဲ့ကိုရီးယားအီလက်ထရောနစ် ပြိုင်ဘက်လို့ ဆိုနိုင်တဲ့  Samsung ဟာ 5G modem ကိုကြေညာလိုက်ပါတယ်။ Exynos 5100 လို့ပေးထားပြီး 3GPP  စံနှုန်းနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သူ့ကို10nm ထုတ်လုပ်မှု ုလုပ်ငန်းစဉ်နဲ့ သွားထားပြီး ကွန်ရက်ထောက်ပံ့မှု အပိုင်းမှာတော့ single chip မှာ 2G GSM/CDMA, 3G WCDMA, TD-SCDMA, HSPA နဲ့ 4G LTE တွေထောက်ပံ့ပါတယ်။

LG နဲ့ Sprint တွဲထုတ်မယ့် ဖုန်းအတွက်ကတော့ အချက်အလက်တွေ မသိရသေးပေမယ့် Qualcomm ရဲ့  X50 modem ကိုသုံးလာနိုင်ပါတယ်။ သူရဲ့ အမြန်နှုန်းကတော့ 5 Gbps ရှိမှာဖြစ်ပါတယ်။  Exynos 5100 ရဲ့အမြန်နှုန်းအနေနဲ့ ကတော့ sub-6GHz လှိုင်းနှုန်းစဉ်မှာ  2Gbps အထက်ဖြစ်ပြီး၊ mmWave လှိုင်းနှုန်းစဉ် မှာတော့ 6Gbps ဖြစ်ပါတယ်။ Sprint အနေနဲ့ ယခုနှစ် အစောပိုင်းတုန်းက ၂၀၁၉ရောက်တဲ့ အချိန်မှာ အမေရိကန်ရဲ့ အဓိကမြို့တော် ၆ခုမှာ 5G ကွန်ရက် ရရှိနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply