Posted on Leave a comment

iPhone X ရဲ႕ မ်ိဳးဆက္ကို ေရႊျဖင့္ အလွဆင္ၿပီး ေရာင္းမယ့္ ေစ်းဟာ သိန္း ၂ ေထာင္နီးပါးရွိ

Apple က စက္တင္ဘာလမွာ အိုင္ဖုန္း အသစ္သံုးလံုးကို ေၾကညာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အဲဒီအထဲမွာ iPhone X ရဲ႕ မ်ိဳးဆက္သစ္လည္း ပါလာမွာ ျဖစ္ပါတယ္။ အဲဒီ အိုင္ဖုန္းမ်ားရဲ႕ အမည္မ်ားဟာလည္း အမ်ိဳးမ်ိဳး ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုေတာ့ စမတ္ဖုန္းမ်ားကို ေရႊျဖင့္ အလွဆင္ၿပီး ထုတ္လုပ္ေရာင္းခ်ေပးေနတဲ့ Goldgenie က iPhone X ရဲ႕ မ်ိဳးဆက္သစ္ကို iPhone Xs လို႔ ညႊန္းဆိုထားပါတယ္။ အဲဒီ ဖုန္းကို ေရႊျဖင့္ သြန္းေလာင္းၿပီး ေရာင္းခ်မယ့္ ေမာ္ဒယ္ကို “Billionaire Solid Gold Edition” of the iPhone “Xs” လို႔ Goldgenie က အမည္ေပးထားပါတယ္။

သူ႔ကို စတာလင္ေပါင္ ၁၀၀ ၀၀၀ သတ္မွတ္ထားၿပီး ကုမၸဏီက ဒီဖုန္းဟာ သူထုတ္လုပ္ေရာင္းခ်ဖူးသမွ်ထဲမွာ တန္ဖုိးအႀကီးဆံုး ထုတ္ကုန္ ျဖစ္တယ္လို႔ ေျပာပါတယ္။ ျမန္မာေငြ အားျဖင့္ သိန္း ၂၀၀၀ နီးပါး တန္ေၾကးရွိပါတယ္။ သူ႔မွာ ၁၈ ကာရက္ေရႊျဖင့္ အလွဆင္ထားပါတယ္။ ၀ယ္ယူခ်င္သူမ်ားဟာ ၅၀ ရာခုိင္ႏႈန္း ေငြႀကိဳသြင္းၿပီး ႀကိဳတင္မွာယူႏုိင္ပါၿပီ။

သူ႔ရဲ႕ အေနာက္ဘက္မွာ Billionaire Logo ကို ေရးထိုးထားပါတယ္။ သူ႔မွာ 256GB Internal Storage ထည့္ေပးထားပါတယ္။ ဘ၀ တစ္သက္တာအတြက္ Warranty ကို ရရွိမွာ ျဖစ္ပါတယ္။ Goldgenie ရဲ႕ VIP Concierge Service ရဲ႕ အဖြဲ႕၀င္ အျဖစ္ ၅ ႏွစ္ၾကာ ရရွိမွာပါ။ ကုမၸဏီ ေဖာ္ျပထားတဲ့ အဲဒီ ဖုန္းရဲ႕ ဓါတ္ပံုမ်ားကေတာ့ နမူနာ ေမာ္ဒယ္အျဖစ္ သံုးထားတာ ျဖစ္ႏုိင္ၿပီး တကယ့္ iPhone X ရဲ႕ မ်ိဳးဆက္သစ္ မျဖစ္ႏုိင္ပါဘူး။

unicode

iPhone X ရဲ့ မျိုးဆက်ကို ရွှေဖြင့် အလှဆင်ပြီး ရောင်းမယ့် ဈေးဟာ သိန်း ၂ ထောင်နီးပါးရှိ

Apple က စက်တင်ဘာလမှာ အိုင်ဖုန်း အသစ်သုံးလုံးကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအထဲမှာ iPhone X ရဲ့ မျိုးဆက်သစ်လည်း ပါလာမှာ ဖြစ်ပါတယ်။ အဲဒီ အိုင်ဖုန်းများရဲ့ အမည်များဟာလည်း အမျိုးမျိုး ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ စမတ်ဖုန်းများကို ရွှေဖြင့် အလှဆင်ပြီး ထုတ်လုပ်ရောင်းချပေးနေတဲ့ Goldgenie က iPhone X ရဲ့ မျိုးဆက်သစ်ကို iPhone Xs လို့ ညွှန်းဆိုထားပါတယ်။ အဲဒီ ဖုန်းကို ရွှေဖြင့် သွန်းလောင်းပြီး ရောင်းချမယ့် မော်ဒယ်ကို “Billionaire Solid Gold Edition” of the iPhone “Xs” လို့ Goldgenie က အမည်ပေးထားပါတယ်။

သူ့ကို စတာလင်ပေါင် ၁၀၀ ၀၀၀ သတ်မှတ်ထားပြီး ကုမ္ပဏီက ဒီဖုန်းဟာ သူထုတ်လုပ်ရောင်းချဖူးသမျှထဲမှာ တန်ဖိုးအကြီးဆုံး ထုတ်ကုန် ဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာငွေ အားဖြင့် သိန်း ၂၀၀၀ နီးပါး တန်ကြေးရှိပါတယ်။ သူ့မှာ ၁၈ ကာရက်ရွှေဖြင့် အလှဆင်ထားပါတယ်။ ဝယ်ယူချင်သူများဟာ ၅၀ ရာခိုင်နှုန်း ငွေကြိုသွင်းပြီး ကြိုတင်မှာယူနိုင်ပါပြီ။

သူ့ရဲ့ အနောက်ဘက်မှာ Billionaire Logo ကို ရေးထိုးထားပါတယ်။ သူ့မှာ 256GB Internal Storage ထည့်ပေးထားပါတယ်။ ဘ၀ တစ်သက်တာအတွက် Warranty ကို ရရှိမှာ ဖြစ်ပါတယ်။ Goldgenie ရဲ့ VIP Concierge Service ရဲ့ အဖွဲ့ဝင် အဖြစ် ၅ နှစ်ကြာ ရရှိမှာပါ။ ကုမ္ပဏီ ဖော်ပြထားတဲ့ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံများကတော့ နမူနာ မော်ဒယ်အဖြစ် သုံးထားတာ ဖြစ်နိုင်ပြီး တကယ့် iPhone X ရဲ့ မျိုးဆက်သစ် မဖြစ်နိုင်ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.