iMac ရဲ႕ ေပ်ာ္ရႊင္ဖြယ္ရာ အႏွစ္(၂၀)ျပည့္

0
730
7.1

Zawgyi Version

၁၉၉၈ခုုႏွစ္ ၾသဂုတ္လ ၁၅ရက္ေန႕မွာ ပထမဆံုးေသာ iMac ကို ခ်ိဳခ်ဥ္အေရာင္ေလးနဲ႕ iMac G3 လို႕နာမည္ေပးျပီး ထုတ္လုပ္ခဲ့ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ update လုပ္မယ့္ desktop machine အျဖစ္လည္း ေရာက္ရွိခဲ့ပါတယ္။
Apple design ေခါင္းေဆာင္ Jony Ive ဖန္တီးခဲ့တဲ့ iMac G3 ေလးက အဲဒီေခတ္အခါက ပံုမွန္မဟုတ္ပါဘူး။ ထြင္းေဖာက္ျမင္ေနရတဲ့ ပလတ္စတစ္ကိုအသံုးျပဳထားတဲ့အတြက္ေၾကာင့္ အတြင္းပိုင္းေတြကို ေတြ႕ျမင္ေနရပါတယ္။ အေရာင္ေတာက္ေတာက္ေလးေတြကိုလည္း တြဲဖက္အသံုးျပဳခဲ့ပါတယ္။
iMac G3 ကို ေျပာခဲ့တဲ့ Jobs ရဲ႕ စကားသံကေတာ့
“ဒါက iMac ျဖစ္ပါတယ္။ တစ္ခုလံုးကို ထြင္းေဖာက္ျမင္ေနရပါတယ္။ သင္ကိုယ္တုိင္လည္း ျမင္ရမွာပါ။ အရမ္းမုိက္ပါတယ္။”
ပထမဆံုး iMac ေလးကို ေဒၚလာ၁၂၉၉ နဲ႕ေရာင္းခ်ခဲ့ျပီးေတာ့ 233 – 700MHz PowerPC 750 G3 processor, 128GB storage, 15-inch CRT, CD-ROM drive နဲ႕ ATI graphics card တို႕ကိုအသံုးျပဳထားပါတယ္။ ဒီေန႕ေခတ္နဲ႕ဆုိရင္ေတာ့ မက္စရာမရွိေပမယ့္လည္း စြမ္းေဆာင္ရည္ျမင့္မားျပီးေတာ့ ဒီဇိုင္းပိုင္းလည္းေကာင္းမြန္တာမို႕ အေရာင္းရဆံုးျဖစ္ခဲ့ပါတယ္။

launch လုပ္ခ်ိန္ကေနစျပီးေတာ့ Bondi Blue, Blueberry, Grape, Graphite, Indigo, Lime, Sage, Strawberry, Ruby, Snow, Tangerine တို႕အျပင္ ႏွစ္ေရာင္စပ္ေတြျဖစ္တဲ့ Blue Dalmatian နဲ႕Flower Power တို႕ကိုလည္း ထုတ္လုပ္ခဲ့ပါေသးတယ္။
မီခ်ီဂန္အနီးမွာေနတယ္ဆိုရင္ေတာ့ original iMac G3 ရဲ႕ အေရာင္၁၃ေရာင္ကို ျပသထားတာေတြ႕ျမင္ခ်င္တယ္ဆိုရင္ Henry Ford Museum ကို သြားၾကည့္သင့္ပါတယ္။ “Looking Through Things” လို႕ေခၚတဲ့ collection ေလးကေတာ့ iMac anniversary ကို ျပသေပးေနမွာပါ။


iMac G3 ကို မိတ္ဆက္ခဲ့တာကေတာ့ Apple ဆီကို Steve Jobs ျပန္လာျပီး တစ္ႏွစ္ေလာက္အၾကာမွာပါ။ အဲဒီအခ်ိန္မွာ အေတာ္ေလးရုန္းကန္ေနရခ်ိန္ေပါ့။ ၁၉၉၉ခုႏွစ္မွာ Apple ဟာ iMac အသစ္ေရာင္းအားနဲ႕ အျမတ္အစြန္းသံုးဆတက္သြားတာကို ေတြ႕ခဲ့ပါတယ္။

Apple ဟာ iMac G3 ရဲ႕ ႏွစ္ပတ္လည္ကို ေမလမွာသာ ဆင္ႏႊဲေလ့ရွိပါတယ္။ launch လုပ္တာက ၾသဂုတ္လမွာျဖစ္ေပမယ့္လည္း မိတ္ဆက္ခဲ့တာကေတာ့ ၁၉၉၈ ေမလမွာ ျဖစ္ပါတယ္။
iMac G3 ထြက္ရွိအျပီးမွာေတာ့ Apple ဟာ desktop ေလးကို ဒီဇိုင္းျပင္ဆင္ျပီးေတာ့ 2002, 2004, 2007, 2009, 2012နဲ႕ 2015 မွာ ျပန္လည္ထုတ္လုပ္ခဲ့ပါတယ္။


ဒီေန႕မွာေတာ့ iMac ကို 21.5 နဲ႕ 27-inch ဆိုျပီးရႏုိင္သလို 4K နဲ႕ 5K Retina displays တို႕ကို အသံုးျပဳထားပါတယ္။ Kaby Lake chips, AMD graphics နဲ႕ အလြန္ျမန္ဆန္တဲ့ SSD ေတြကို အသံုးျပဳေပးထားပါတယ္။


iMac Pro ဆိုတာကေတာ့ unique Space Gray body, Xeon processors 18 cores, Radeon Pro Vega graphics နဲ႕ 4TB SSD storage ကို အသံုးျပဳထားတဲ့ workstation class machine ေလးျဖစ္ျပီး ပေရာ္ဖက္ရွင္နယ္ေတြအတြက္ ထုတ္လုပ္ေပးထားတာပါ။


၂၀၁၈ မွာလည္း iMac အသစ္ေလးေတြကို ေမွ်ာ္လင့္ထားပါတယ္။ ဒါေပမယ့္လည္း ဒီဇုိင္းေျပာင္းလဲမႈအေၾကာင္းကို ေျပာထားတာမ်ိဳးေတာ့ မရွိေသးပါဘူး။ 8th-generation Coffee Lake chip နဲ႕ အျခားျပဳျပင္မႈေတြကို လုပ္ေဆာင္ေပးသြားမယ္လို႕ ခန္႕မွန္းထားပါတယ္။

Unicode Version

၁၉၉၈ခုနှစ် သြဂုတ်လ ၁၅ရက်နေ့မှာ ပထမဆုံးသော iMac ကို ချိုချဉ်အရောင်လေးနဲ့ iMac G3 လို့နာမည်ပေးပြီး ထုတ်လုပ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ update လုပ်မယ့် desktop machine အဖြစ်လည်း ရောက်ရှိခဲ့ပါတယ်။
Apple design ခေါင်းဆောင် Jony Ive ဖန်တီးခဲ့တဲ့ iMac G3 လေးက အဲဒီခေတ်အခါက ပုံမှန်မဟုတ်ပါဘူး။ ထွင်းဖောက်မြင်နေရတဲ့ ပလတ်စတစ်ကိုအသုံးပြုထားတဲ့အတွက်ကြောင့် အတွင်းပိုင်းတွေကို တွေ့မြင်နေရပါတယ်။ အရောင်တောက်တောက်လေးတွေကိုလည်း တွဲဖက်အသုံးပြုခဲ့ပါတယ်။
iMac G3 ကို ပြောခဲ့တဲ့ Jobs ရဲ့ စကားသံကတော့
“ဒါက iMac ဖြစ်ပါတယ်။ တစ်ခုလုံးကို ထွင်းဖောက်မြင်နေရပါတယ်။ သင်ကိုယ်တိုင်လည်း မြင်ရမှာပါ။ အရမ်းမိုက်ပါတယ်။”
ပထမဆုံး iMac လေးကို ဒေါ်လာ၁၂၉၉ နဲ့ရောင်းချခဲ့ပြီးတော့ 233 – 700MHz PowerPC 750 G3 processor, 128GB storage, 15-inch CRT, CD-ROM drive နဲ့ ATI graphics card တို့ကိုအသုံးပြုထားပါတယ်။ ဒီနေ့ခေတ်နဲ့ဆိုရင်တော့ မက်စရာမရှိပေမယ့်လည်း စွမ်းဆောင်ရည်မြင့်မားပြီးတော့ ဒီဇိုင်းပိုင်းလည်းကောင်းမွန်တာမို့ အရောင်းရဆုံးဖြစ်ခဲ့ပါတယ်။

launch လုပ်ချိန်ကနေစပြီးတော့ Bondi Blue, Blueberry, Grape, Graphite, Indigo, Lime, Sage, Strawberry, Ruby, Snow, Tangerine တို့အပြင် နှစ်ရောင်စပ်တွေဖြစ်တဲ့ Blue Dalmatian နဲ့Flower Power တို့ကိုလည်း ထုတ်လုပ်ခဲ့ပါသေးတယ်။
မီချီဂန်အနီးမှာနေတယ်ဆိုရင်တော့ original iMac G3 ရဲ့ အရောင်၁၃ရောင်ကို ပြသထားတာတွေ့မြင်ချင်တယ်ဆိုရင် Henry Ford Museum ကို သွားကြည့်သင့်ပါတယ်။ “Looking Through Things” လို့ခေါ်တဲ့ collection လေးကတော့ iMac anniversary ကို ပြသပေးနေမှာပါ။


iMac G3 ကို မိတ်ဆက်ခဲ့တာကတော့ Apple ဆီကို Steve Jobs ပြန်လာပြီး တစ်နှစ်လောက်အကြာမှာပါ။ အဲဒီအချိန်မှာ အတော်လေးရုန်းကန်နေရချိန်ပေါ့။ ၁၉၉၉ခုနှစ်မှာ Apple ဟာ iMac အသစ်ရောင်းအားနဲ့ အမြတ်အစွန်းသုံးဆတက်သွားတာကို တွေ့ခဲ့ပါတယ်။

Apple ဟာ iMac G3 ရဲ့ နှစ်ပတ်လည်ကို မေလမှာသာ ဆင်နွှဲလေ့ရှိပါတယ်။ launch လုပ်တာက သြဂုတ်လမှာဖြစ်ပေမယ့်လည်း မိတ်ဆက်ခဲ့တာကတော့ ၁၉၉၈ မေလမှာ ဖြစ်ပါတယ်။
iMac G3 ထွက်ရှိအပြီးမှာတော့ Apple ဟာ desktop လေးကို ဒီဇိုင်းပြင်ဆင်ပြီးတော့ 2002, 2004, 2007, 2009, 2012နဲ့ 2015 မှာ ပြန်လည်ထုတ်လုပ်ခဲ့ပါတယ်။


ဒီနေ့မှာတော့ iMac ကို 21.5 နဲ့ 27-inch ဆိုပြီးရနိုင်သလို 4K နဲ့ 5K Retina displays တို့ကို အသုံးပြုထားပါတယ်။ Kaby Lake chips, AMD graphics နဲ့ အလွန်မြန်ဆန်တဲ့ SSD တွေကို အသုံးပြုပေးထားပါတယ်။


iMac Pro ဆိုတာကတော့ unique Space Gray body, Xeon processors 18 cores, Radeon Pro Vega graphics နဲ့ 4TB SSD storage ကို အသုံးပြုထားတဲ့ workstation class machine လေးဖြစ်ပြီး ပရော်ဖက်ရှင်နယ်တွေအတွက် ထုတ်လုပ်ပေးထားတာပါ။


၂၀၁၈ မှာလည်း iMac အသစ်လေးတွေကို မျှော်လင့်ထားပါတယ်။ ဒါပေမယ့်လည်း ဒီဇိုင်းပြောင်းလဲမှုအကြောင်းကို ပြောထားတာမျိုးတော့ မရှိသေးပါဘူး။ 8th-generation Coffee Lake chip နဲ့ အခြားပြုပြင်မှုတွေကို လုပ်ဆောင်ပေးသွားမယ်လို့ ခန့်မှန်းထားပါတယ်။

 

Leave a Reply