Huawei ရဲ႕အျမင့္စား စမတ္ဖုန္း အျဖစ္ထြက္လာမယ့္ Huawei Mate 20 မွာသုံးလာမယ့္ပရိုဆက္ဆာျဖစ္တဲ့ Kirin 980 ရဲ႕ အခ်က္အလက္ေတြ အျပည့္အစံု ထြက္လာပါတယ္။ ဒီလိုအခ်က္အလက္မ်ိဳးေတြဟာ ၿပီးခဲ့တဲ့ ဧၿပီလကလည္း AnTuTu ကေနထြက္ဘူးပါေသးတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ AnTuTu ဟာ Kirin 980 ကိုစမ္းသပ္ထားတဲ့ အမွတ္ေတြကိုသာ ထုတ္ေပးခဲ့တာပါ။ အခုထြက္လာတဲ့ သတင္းမွာေတာ့ Kirin 980 ရဲ႕ အခ်က္အလက္အျပည့္အစုံကို ေဖာ္ျပထားပါတယ္။
Kirin 980 မွာ octa-core CPU ျဖစ္တဲ့ 4x Cortex-A77 + 4x Cortex-A55 ေတြေမာင္းႏွင္မွာ ျဖစ္ၿပီး clock speeds ကလည္း 2.8 GHz ရွိလာမွာ ျဖစ္ပါတယ္။ RAM ပိုင္းမွာေတာ့ LPDDR4X သုံးလာမွာျဖစ္ၿပီး ဂရပ္ဖစ္ပိုင္းမွာေတာ့ Mali-G72 MP24 GPU သံုးလာမွာပါ။ ဒါဟာ ယခင္ထြက္ထားတဲ့ Kirin 970 SoC မွာသုံးထားတဲ့ Mali-G72 MP12 ထက္၂ဆပိုမိုတဲ့ လုပ္ငန္းေဆာင္တာေတြကို စြမ္းေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။
Mate 20 ဖုန္းဟာ ပထမဆုံးအေနနဲ႔ Huawei 8-core Kirin 980 ပရိုဆက္ဆာကို သုံးလာမယ့္ဖုန္း ျဖစ္ႏိုင္ပါတယ္။ အခ်က္အလက္သိုေလွာင္မႈ အပိုင္းမွာေတာ့ 6GB RAM နဲ႔ 128GB internal storage ျဖစ္လာႏုိင္ပါတယ္။ အျခားေသာ သိုေလွာင္မႈ အတူညီတဲ့ ဗားရွင္းေတြကိုပါ ထုတ္လုပ္ေပးသြားအုံးမွာပါ။ ပရိုဆက္ဆာသစ္ကိုေတာ့ ယခုလကုန္မွာ က်င္းပသြားမယ့္ IFA မွာေၾကညာသြားႏုိင္ၿပီး ၎ကိုသုံးထားတဲ့ စမတ္ဖုန္းျဖစ္တဲ့ Mate 20 စီးရီးဖုန္းသစ္ေတြကေတာ့ ေအာက္တိုဘာလမွာ ထြက္လာႏိုင္ပါတယ္။
unicode
Huawei ရဲ့အမြင့်စား စမတ်ဖုန်း အဖြစ်ထွက်လာမယ့် Huawei Mate 20 မှာသုံးလာမယ့်ပရိုဆက်ဆာဖြစ်တဲ့ Kirin 980 ရဲ့ အချက်အလက်တွေ အပြည့်အစုံ ထွက်လာပါတယ်။ ဒီလိုအချက်အလက်မျိုးတွေဟာ ပြီးခဲ့တဲ့ ဧပြီလကလည်း AnTuTu ကနေထွက်ဘူးပါသေးတယ်။ အဲ့ဒီအချိန်တုန်းကတော့ AnTuTu ဟာ Kirin 980 ကိုစမ်းသပ်ထားတဲ့ အမှတ်တွေကိုသာ ထုတ်ပေးခဲ့တာပါ။ အခုထွက်လာတဲ့ သတင်းမှာတော့ Kirin 980 ရဲ့ အချက်အလက်အပြည့်အစုံကို ဖော်ပြထားပါတယ်။
Kirin 980 မှာ octa-core CPU ဖြစ်တဲ့ 4x Cortex-A77 + 4x Cortex-A55 တွေမောင်းနှင်မှာ ဖြစ်ပြီး clock speeds ကလည်း 2.8 GHz ရှိလာမှာ ဖြစ်ပါတယ်။ RAM ပိုင်းမှာတော့ LPDDR4X သုံးလာမှာဖြစ်ပြီး ဂရပ်ဖစ်ပိုင်းမှာတော့ Mali-G72 MP24 GPU သုံးလာမှာပါ။ ဒါဟာ ယခင်ထွက်ထားတဲ့ Kirin 970 SoC မှာသုံးထားတဲ့ Mali-G72 MP12 ထက်၂ဆပိုမိုတဲ့ လုပ်ငန်းဆောင်တာတွေကို စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
Mate 20 ဖုန်းဟာ ပထမဆုံးအနေနဲ့ Huawei 8-core Kirin 980 ပရိုဆက်ဆာကို သုံးလာမယ့်ဖုန်း ဖြစ်နိုင်ပါတယ်။ အချက်အလက်သိုလှောင်မှု အပိုင်းမှာတော့ 6GB RAM နဲ့ 128GB internal storage ဖြစ်လာနိုင်ပါတယ်။ အခြားသော သိုလှောင်မှု အတူညီတဲ့ ဗားရှင်းတွေကိုပါ ထုတ်လုပ်ပေးသွားအုံးမှာပါ။ ပရိုဆက်ဆာသစ်ကိုတော့ ယခုလကုန်မှာ ကျင်းပသွားမယ့် IFA မှာကြေညာသွားနိုင်ပြီး ၎င်းကိုသုံးထားတဲ့ စမတ်ဖုန်းဖြစ်တဲ့ Mate 20 စီးရီးဖုန်းသစ်တွေကတော့ အောက်တိုဘာလမှာ ထွက်လာနိုင်ပါတယ်။