Huawei ရဲ့ Mate 20 စီးရီးက 3D ကင်မရာနဲ့ ထွက်လာနိုင်ဖွယ်ရှိ

0
749

Zawgyi version

Huawei ကတော့ ပြိုင်ဆိုင်မှုများတဲ့ စမတ်ဖုန်းဈေးကွက်မှာ သူ့ထက်ငါသာအောင် နောက်ထပ် စမတ်ဖုန်းအသစ်ထုတ်ဖို့ ကြိုးစားနေပါတယ်။ Huawei ရဲ့ Mate 20 ဖုန်းစီးရီးကို မိတ်ဆက်ပြီးနောက်ပိုင်းမှာ သူ့ရဲ့ အချက်အလက်တစ်ချို့နဲ့ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ Huawei Mate 20 pro ကတော့ ကြီးမားတဲ့ မျက်နှာပြင်နဲ့ on-screen fingerprint sensor ပါရှိပြီး ကင်မရာ ၃ လုံးပါဝင်လာမှာပဲ ဖြစ်ပါတယ်။ Huawei Mate 20 Lite ကတော့ မျက်နှာပြင်မှာ notch ပါရှိပြီး နောက်ကင်မရာ ၂ လုံးပါရှိမှာဖြစ်ပါတယ်။ fingerprint sensor လဲထည့်သွင်းပေးထားပါတယ်။

3D camera system ပါဝင်လာမှာဖြစ်ပြီး သူ့ကိုတော့ application or software တစ်ခုခုနဲ့ အသုံးပြုနိုင်ပါတယ်။ Huawei Mate 20 Lite ကိုတော့ Mate 20 နဲ့ Huawei Mate 20 Pro တို့နဲ့ တစ်ပြိုင်ထဲ အောက်တိုဘာလလောက်မှာကြေညာမှာပဲဖြစ်ပါတယ်။ Huawei က Samsung လိုမျိုး foldable smartphone ကိုထုတ်လုပ်ဦးမယ်လို့လဲ ကောလဟာလတွေ ထွက်ရှိ နေပါသေးတယ်။

Mate 20 devices တွေကိုတော့ Kirin 980 chip ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ အရောင်တွေကတော့ အနက်ရောင်၊ အပြာရောင်နဲ့ ရွှေရောင်တို့ပဲဖြစ်ပါတယ်။ Mate 20 Pro ကတော့ ၆.၃ လက်မရှိတဲ့ ကြီးမားတဲ့ မျက်နှာပြင်ကို AMOLED screen နဲ့ထွက်ရှိမှာဖြစ်ပါတယ်။ 3D camera ပါရှိဖို့ကတော့ သိပ်မသေချာသေးပါဘူးး ဒါပေမဲ့ အောက်တိုဘာလမှာတော့ ကောလဟာလတွေလား အမှန်တကယ်ပဲလားလို့တော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

Leave a Reply