EISA ရဲ႕ အေကာင္းဆံုး စမတ္ဖုန္း ဆု ရသြားတဲ့ Huawei P20 Pro

0
637

EISA (Expert Imaging and Sound Association) ရဲ႕ ၂၀၁၈-၂၀၁၉ ခုႏွစ္အတြက္ အေကာင္းဆံုး စမတ္ဖုန္း ဆုကို Huawei P20 Pro က ရရွိသြားပါတယ္။ သူ႔မွာ Low Light မွာေတာင္ စြမ္းရည္ေကာင္းတဲ့ အလန္းစား ကင္မရာမ်ား၊ အရြယ္ႀကီး 4000mAh Battery ၊ ဥာဏ္ရည္တု နည္းပညာမ်ား၊ AMOLED Screen မ်ားပါတဲ့အတြက္ ဒီဆုုကို ရရွိသြားတာပါ။

EISA က အျခားဆုမ်ားကိုလည္း ေပးအပ္ထားပါတယ္။ Nokia 7 Plus ဟာ ၆ လက္မ FHD+ Display , Snapdragon 660 SoC , 4GB RAM , 64GB Storage မ်ား ပါၿပီး Specs မ်ားဟာ ေပးရတဲ့ ေစ်းထက္ တန္ေနတဲ့အတြက္ ဒီဆုကို ရရွိသြားတာပါ။ Stock Android 8.1 Oreo ရဲ႕ စြမ္းရည္ကလည္း လွ်င္ျမန္ပါတယ္။

Honor 10 ဟာ အေကာင္းဆံုး Lifestyle Smartphone ဆုကို ရရွိသြားပါတယ္။ သူဟာ အမိုက္စား ဒီဇိုင္းနဲ႔ အေရာင္မ်ား၊ ရုပ္ေသဓါတ္ပုံမ်ား ရိုက္ကူးတဲ့ အခါမွာ Scene Recognition လို ဥာဏ္ရည္တု လုပ္ေဆာင္ခ်က္မ်ားကို ပ့့ံပိုးေပးတဲ့ NPU Chip မ်ားေၾကာင့္ အေကာင္းဆံုး Lifestyle Smartphone အျဖစ္ သတ္မွတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

ဒီဆုမ်ားကို ႏုိင္ငံေပါင္း ၂၅ ခုမွ နည္းပညာ မဂၢဇင္း ၅၃ ခုက ေရြးခ်ယ္ေပးခဲ့တာ ျဖစ္ပါတယ္။ စမတ္ဖုန္းမ်ား အျပင္ အျခား မိုဘိုင္း ကိရိယာမ်ားကိုလည္း ဆုမ်ား ေပးအပ္ခဲ့ပါတယ္။ အဲဒီ စာရင္း အျပည့္အစံုကို ဒီလင့္မွာ ေလ့လာႏုိင္ပါတယ္။

unicode

EISA ရဲ့ အကောင်းဆုံး စမတ်ဖုန်း ဆု ရသွားတဲ့ Huawei P20 Pro

EISA (Expert Imaging and Sound Association) ရဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး စမတ်ဖုန်း ဆုကို Huawei P20 Pro က ရရှိသွားပါတယ်။ သူ့မှာ Low Light မှာတောင် စွမ်းရည်ကောင်းတဲ့ အလန်းစား ကင်မရာများ၊ အရွယ်ကြီး 4000mAh Battery ၊ ဉာဏ်ရည်တု နည်းပညာများ၊ AMOLED Screen များပါတဲ့အတွက် ဒီဆုကို ရရှိသွားတာပါ။

EISA က အခြားဆုများကိုလည်း ပေးအပ်ထားပါတယ်။ Nokia 7 Plus ဟာ ၆ လက်မ FHD+ Display , Snapdragon 660 SoC , 4GB RAM , 64GB Storage များ ပါပြီး Specs များဟာ ပေးရတဲ့ ဈေးထက် တန်နေတဲ့အတွက် ဒီဆုကို ရရှိသွားတာပါ။ Stock Android 8.1 Oreo ရဲ့ စွမ်းရည်ကလည်း လျှင်မြန်ပါတယ်။

Honor 10 ဟာ အကောင်းဆုံး Lifestyle Smartphone ဆုကို ရရှိသွားပါတယ်။ သူဟာ အမိုက်စား ဒီဇိုင်းနဲ့ အရောင်များ၊ ရုပ်သေဓါတ်ပုံများ ရိုက်ကူးတဲ့ အခါမှာ Scene Recognition လို ဉာဏ်ရည်တု လုပ်ဆောင်ချက်များကို ပံ့ပိုးပေးတဲ့ NPU Chip များကြောင့် အကောင်းဆုံး Lifestyle Smartphone အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီဆုများကို နိုင်ငံပေါင်း ၂၅ ခုမှ နည်းပညာ မဂ္ဂဇင်း ၅၃ ခုက ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။ စမတ်ဖုန်းများ အပြင် အခြား မိုဘိုင်း ကိရိယာများကိုလည်း ဆုများ ပေးအပ်ခဲ့ပါတယ်။ အဲဒီ စာရင်း အပြည့်အစုံကို ဒီလင့်မှာ လေ့လာနိုင်ပါတယ်။

Leave a Reply