Bixby ကို ဘယ္လိုပိတ္ၾကမလဲ

0
1973

Zawgyi Version

Galaxy ရဲ႕ စိတ္ပ်က္စရာေကာင္းတဲ့ feature ကို ပိတ္ရေအာင္။
Samsung က Galaxy S8 မွာ Bixby ေလးကို ေၾကညာခဲ့ျပီးေနာက္မွာေတာ့ ပထမဆံုးေနရာမွာရွိေနတဲ့ Bixby ေလးကို ဘယ္လိုပိတ္ရမလဲဆိုတဲ့ေမးခြန္းေတြ ေမးလာၾကပါတယ္။ Galaxy S9 မွာေတာ့ အသံပိုက်ယ္လာခဲ့ပါတယ္။
hardware ကေတာ့ ေျပာင္းလဲလို႕မရႏုိင္ဘူးဆိုုေတာ့ ကၽြန္ေတာ္တို႕ software ကို ေျပာင္းလဲၾကည့္မယ္။ ဒီေတာ့ Bixby Voice ကေန ရုန္းထြက္ခ်င္သူမ်ားအတြက္ နည္းလမ္းေလးကို ေ၀မွ်ေပးလိုက္ပါတယ္။
Bixby ကို ဘာေၾကာင့္ပိတ္ခ်င္ရတာလဲ။
Bixby button ရဲ႕ တည္ေနရာက စိတ္ပ်က္ေစပါတယ္။ ခလုတ္ေလးဟာ အသံခလုတ္ရဲ႕ေအာက္မွာေရာက္ေနျပီး ပါ၀ါခလုတ္နဲ႕ ဆန္႕က်င္ဘက္ျဖစ္ေနပါတယ္။ Galaxy S9+ နဲ႕ Note 8 တို႕လို ဖုန္းၾကီးေတြမွာ မေတာ္တဆႏွိပ္မိျပီးေတာ့ Bixby ကို ဖြင့္မိသြားတတ္ပါတယ္။ ကင္မရာကိုဖြင့္ခ်င္လို႕ ပါ၀ါခလုတ္ကိုႏွစ္ခ်က္ႏွိပ္လုိက္ခ်ိန္မွာလည္း ျဖစ္သြားတတ္ပါတယ္။
Bixby button ေလးက အျခားလုပ္ေဆာင္ခ်က္ေတြကိုလုပ္လို႕မရပါဘူး။ သံုးခ်င္သံုး မသံုးခ်င္ေနဆိုတဲ့သေဘာပါ။ ဒါေပမယ့္လည္း လူအေတာ္မ်ားမာ်းကေတာ့ သူ႕ရဲ႕တည္ရွိမႈေလးကို ေဖ်ာက္ပစ္ခ်င္ၾကပါတယ္။
Bixby button ကို ဘယ္လိုပိတ္ၾကမလဲ။
Bixby ကို ႏွစ္မ်ိဳးခြဲျခားလို႕ရပါတယ္။ Bixby Voice နဲ႕ Bixby Home ပါ။ Voice ကေတာ့ Bixby button ေလးကိုခဏဖိထားမယ္ဆိုရင္ walkie-talkie-style နဲ႕ေျပာႏုိင္မွာ ျဖစ္ပါတယ္။ အသံုး၀င္တယ္ဆိုေပမယ့္လည္း အလုပ္မျဖစ္တဲ့အခါမ်ိဳးမွာ အဆင္မေျပႏုိင္ပါဘူး။ ဒါေၾကာင့္ Bixby Home ကို မပိတ္ခ်င္မွာ ဒီေကာင့္ကိုအရင္ပိတ္ခ်င္ေလာက္ပါတယ္။


၁) Samsung home screen ကုိ ေရာက္ေနခ်ိန္မွာ Bixby Home မေရာက္ခင္အထိ ညာဘက္ကို ဆြဲလုိက္ပါ။
၂) Bixby button ကို ဖိထားလိုက္ပါ။
၃) အေပၚဘားေလးက အစက္သံုးစက္ေလးကိုႏွိပ္္လိုက္ပါ။
၄) Settings ကို ႏွိပ္လိုက္ပါ။
၅) Bixby Voice ကို အမွန္ျခစ္ျဖဳတ္လုိက္ပါ။


ဒါေလးပါပဲ။ အခုဆုိရင္ေတာ့ Bixby Voice ေလးက မေတာ္တဆဖိမိသြားမယ္ဆုိရင္ေတာင္မွ ေပၚမလာႏုိင္ေတာ့ပါဘူး။ ေနာက္တစ္ခုကေတာ့ ကၽြန္ေတာ္တို႕ Bixby Home ကို ကာကြယ္ပိတ္ပင္ၾကရေအာင္။
Bixby button ေလးကို ဘယ္လိုပိတ္ၾကမလဲ။
အခုဆိုရင္ေတာ့ Bixby Voice ေလးက ပိတ္ျပီးပါျပီ။ က်န္ေနတာကေတာ့ Bixby Home ကို ပိတ္ဖို႕ပါပဲ။
၁) ဘယ္ဘက္မွာရွိတဲ့ Bixby button ေလးကို ဖိလိုက္ပါ။
၂) အေပၚကမီႏူးဘားေလးရဲ႕ Settings ခလုတ္ေလးကိုႏွိပ္လုိက္ပါ။
၃) Bixby Key ကို အမွန္ျခစ္ျဖဳတ္လုိက္ပါ။


ဒါပါပဲ။ အခုဆိုရင္ေတာ့ Bixby button တစ္ခ်က္ႏွိပ္ၾကည့္လိုက္ပါ။ Bixby Home ေပၚမလာႏုိင္ေတာ့ပါဘူး။
home screen ကေန Bixby Home ကို ဘယ္လိုပိတ္ၾကမလဲ။
ေနာက္ဆံုးအေနနဲ႕ Bixby ကို လံုး၀ပိတ္ေတာ့မွာျဖစ္လို႕ Home screen မွာလည္း သံုးလို႕မရေအာင္ လုပ္ေတာ့မွာပါ။
၁) home screen ကေန လြတ္တဲ့ေနရာေလးမွာ မီႏူးေလးမေပၚမခ်င္း ဖိထားလိုက္ပါ။
၂) ဘယ္ဘက္ home panel ကိုေရာက္သြားေအာင္ ညာဘက္ကိုဆြဲလိုက္ပါ။
၃) Bixby Home ကုိပိတ္လိုက္ပါ။


အခုဆိုရင္ေတာ့ Bixby button ကေနျဖစ္ျဖစ္ Bixby Home screen ကေနျဖစ္ျဖစ္ Bixby မေပၚလာတဲ့အတြက္ေၾကာင့္ စိတ္ေအးခ်မ္းသာေနႏုိင္ပါျပီ။
ျပန္လုိခ်င္လား အေပၚကအဆင့္ေတြကို ျပန္ေျပာင္းလုပ္လုိက္ပါ။ အဆင္ေျပၾကပါေစခင္ဗ်ာ။

Unicode Version

Galaxy ရဲ့ စိတ်ပျက်စရာကောင်းတဲ့ feature ကို ပိတ်ရအောင်။
Samsung က Galaxy S8 မှာ Bixby လေးကို ကြေညာခဲ့ပြီးနောက်မှာတော့ ပထမဆုံးနေရာမှာရှိနေတဲ့ Bixby လေးကို ဘယ်လိုပိတ်ရမလဲဆိုတဲ့မေးခွန်းတွေ မေးလာကြပါတယ်။ Galaxy S9 မှာတော့ အသံပိုကျယ်လာခဲ့ပါတယ်။
hardware ကတော့ ပြောင်းလဲလို့မရနိုင်ဘူးဆိုတော့ ကျွန်တော်တို့ software ကို ပြောင်းလဲကြည့်မယ်။ ဒီတော့ Bixby Voice ကနေ ရုန်းထွက်ချင်သူများအတွက် နည်းလမ်းလေးကို ဝေမျှပေးလိုက်ပါတယ်။
Bixby ကို ဘာကြောင့်ပိတ်ချင်ရတာလဲ။
Bixby button ရဲ့ တည်နေရာက စိတ်ပျက်စေပါတယ်။ ခလုတ်လေးဟာ အသံခလုတ်ရဲ့အောက်မှာရောက်နေပြီး ပါဝါခလုတ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ Galaxy S9+ နဲ့ Note 8 တို့လို ဖုန်းကြီးတွေမှာ မတော်တဆနှိပ်မိပြီးတော့ Bixby ကို ဖွင့်မိသွားတတ်ပါတယ်။ ကင်မရာကိုဖွင့်ချင်လို့ ပါဝါခလုတ်ကိုနှစ်ချက်နှိပ်လိုက်ချိန်မှာလည်း ဖြစ်သွားတတ်ပါတယ်။
Bixby button လေးက အခြားလုပ်ဆောင်ချက်တွေကိုလုပ်လို့မရပါဘူး။ သုံးချင်သုံး မသုံးချင်နေဆိုတဲ့သဘောပါ။ ဒါပေမယ့်လည်း လူအတော်များမာျးကတော့ သူ့ရဲ့တည်ရှိမှုလေးကို ဖျောက်ပစ်ချင်ကြပါတယ်။
Bixby button ကို ဘယ်လိုပိတ်ကြမလဲ။
Bixby ကို နှစ်မျိုးခွဲခြားလို့ရပါတယ်။ Bixby Voice နဲ့ Bixby Home ပါ။ Voice ကတော့ Bixby button လေးကိုခဏဖိထားမယ်ဆိုရင် walkie-talkie-style နဲ့ပြောနိုင်မှာ ဖြစ်ပါတယ်။ အသုံးဝင်တယ်ဆိုပေမယ့်လည်း အလုပ်မဖြစ်တဲ့အခါမျိုးမှာ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် Bixby Home ကို မပိတ်ချင်မှာ ဒီကောင့်ကိုအရင်ပိတ်ချင်လောက်ပါတယ်။


၁) Samsung home screen ကို ရောက်နေချိန်မှာ Bixby Home မရောက်ခင်အထိ ညာဘက်ကို ဆွဲလိုက်ပါ။
၂) Bixby button ကို ဖိထားလိုက်ပါ။
၃) အပေါ်ဘားလေးက အစက်သုံးစက်လေးကိုနှိပ်လိုက်ပါ။
၄) Settings ကို နှိပ်လိုက်ပါ။
၅) Bixby Voice ကို အမှန်ခြစ်ဖြုတ်လိုက်ပါ။


ဒါလေးပါပဲ။ အခုဆိုရင်တော့ Bixby Voice လေးက မတော်တဆဖိမိသွားမယ်ဆိုရင်တောင်မှ ပေါ်မလာနိုင်တော့ပါဘူး။ နောက်တစ်ခုကတော့ ကျွန်တော်တို့ Bixby Home ကို ကာကွယ်ပိတ်ပင်ကြရအောင်။
Bixby button လေးကို ဘယ်လိုပိတ်ကြမလဲ။
အခုဆိုရင်တော့ Bixby Voice လေးက ပိတ်ပြီးပါပြီ။ ကျန်နေတာကတော့ Bixby Home ကို ပိတ်ဖို့ပါပဲ။
၁) ဘယ်ဘက်မှာရှိတဲ့ Bixby button လေးကို ဖိလိုက်ပါ။
၂) အပေါ်ကမီနူးဘားလေးရဲ့ Settings ခလုတ်လေးကိုနှိပ်လိုက်ပါ။
၃) Bixby Key ကို အမှန်ခြစ်ဖြုတ်လိုက်ပါ။


ဒါပါပဲ။ အခုဆိုရင်တော့ Bixby button တစ်ချက်နှိပ်ကြည့်လိုက်ပါ။ Bixby Home ပေါ်မလာနိုင်တော့ပါဘူး။
home screen ကနေ Bixby Home ကို ဘယ်လိုပိတ်ကြမလဲ။
နောက်ဆုံးအနေနဲ့ Bixby ကို လုံးဝပိတ်တော့မှာဖြစ်လို့ Home screen မှာလည်း သုံးလို့မရအောင် လုပ်တော့မှာပါ။
၁) home screen ကနေ လွတ်တဲ့နေရာလေးမှာ မီနူးလေးမပေါ်မချင်း ဖိထားလိုက်ပါ။
၂) ဘယ်ဘက် home panel ကိုရောက်သွားအောင် ညာဘက်ကိုဆွဲလိုက်ပါ။
၃) Bixby Home ကိုပိတ်လိုက်ပါ။


အခုဆိုရင်တော့ Bixby button ကနေဖြစ်ဖြစ် Bixby Home screen ကနေဖြစ်ဖြစ် Bixby မပေါ်လာတဲ့အတွက်ကြောင့် စိတ်အေးချမ်းသာနေနိုင်ပါပြီ။
ပြန်လိုချင်လား အပေါ်ကအဆင့်တွေကို ပြန်ပြောင်းလုပ်လိုက်ပါ။ အဆင်ပြေကြပါစေခင်ဗျာ။

Leave a Reply