Apple က ၂၀၂၃ခုႏွစ္မွာ ကားထုတ္မယ္ဆိုတဲ့ ေကာလဟာလ

0
753

Zawgyi Version

Apple က သူ႕ရဲ႕သုေတသနလုပ္ငန္းေတြအေၾကာင္း သို၀ွက္ထားခဲ့ေပမယ့္လည္း ၂၀၁၅ခုႏွစ္မွာ ကားလုပ္ငန္းအေၾကာင္း လုပ္ေဆာင္ေနတယ္ဆိုတဲ့အေၾကာင္း ေပၚသြားခဲ့ပါတယ္။ ျပီးေတာ့ Apple ဟာ သူ႕ရဲ႕ကိုယ္ပုိင္ branded ကားေတြထုတ္လုပ္ဖို႕ အာသီသရွိေနတယ္လို႕လည္း သတင္းေတြထြက္ခဲ့ပါတယ္။
ကားလုပ္ငန္းကိုထိုးေဖာက္၀င္ေရာက္တဲ့ေနရာမွာ စိန္ေခၚမႈၾကီးျခင္း၊ ေစ်းႏႈန္းၾကီးျမင့္ျခင္း၊ စြန္႕စားမႈမ်ားျပားျခင္းတို႕ေတြ႕ရမယ္ဆိုတာ အံ့ၾသစရာမဟုတ္ပါဘူး။ ဒီအတြက္ေၾကာင့္ ကားထုတ္လုပ္မႈကို ကနဦးမေအာင္ျမင္မႈမ်ားေၾကာင့္ ေနာက္ဆုတ္ထားတယ္ဆိုတဲ့သတင္းကို The New York Times ဆီက ၾကားလိုက္ရေပမယ့္လည္း မအံ့ၾသမိခဲ့ပါဘူး။ ဒါေပမယ့္လည္း ကားလုပ္ငန္းကိုအာရံုစိုက္ေနတယ္ဆိုတဲ့အေၾကာင္းကို မႏွစ္က Tim Cook ကိုယ္တုိင္က အတည္ျပဳထားခဲ့ပါတယ္။
အခုအခ်ိန္မွာလည္း နာမည္ၾကီးေလ့လာဆန္းစစ္သူတစ္ေယာက္ျဖစ္တဲ့ Ming Chi-Kuo က အခုလိုေျပာထားပါတယ္။ Apple ရဲ႕ ကားပေရာဂ်က္ျဖစ္တဲ့ Titan ဟာ ရွင္သန္ေနဆဲျဖစ္တဲ့အျပင္ ၂၀၂၅မတုိင္ခင္မွာကိုပဲ ေတြ႕ျမင္ရႏုိင္ပါတယ္။ ဒါ့အျပင္ Apple ကားေတြဟာ Apple ရဲ႕ေစ်းကြက္ကို ေဒၚလာ၂ထရီလီယံအထိ ေက်ာ္ျဖတ္သြားေစႏုိင္ပါတယ္တဲ့။
Kuo ရဲ႕ note ေလးကို ၾကည့္လိုက္ရေအာင္။
2023–2025 မွာ launch လုပ္ႏုိင္ေလာက္တဲ့ Apple ကားကို ေမွ်ာ္လင့္ထားပါတယ္။ ဒါကေတာ့ ေနာက္ထပ္စတားျဖစ္မယ့္ ထုတ္ကုန္တစ္ခုလို႕ ေျပာႏုိင္ပါတယ္။ ဘာေၾကာင့္လဲၾကည့္လိုက္ရေအာင္။
(၁) နည္းပညာအသစ္ေတြနဲ႕ မြမ္းမံထားတဲ့ ကားေတြကို လိုလားမႈေတြမ်ားေနတယ္။ ဒါဟာ လြန္ခဲ့တဲ့၁၀ႏွစ္ေလာက္တုန္းကျဖစ္ခဲ့တဲ့ စမတ္ဖုန္းေစ်းကြက္လိုပါပဲ။
(၂) Apple က AR နည္းပညာပုိင္းမွာ ဦးေဆာင္ေနတာဆိုေတာ့ ကားေတြကို မြမ္းမံျပီး အျခားထုတ္ကုန္ေတြနဲ႕ ျခားနားေစလိမ့္မယ္။
(၃) Apple ၀န္ေဆာင္မႈေတြကလည္း ေပါင္းစပ္မႈမ်ားစြာနဲ႕ က်ယ္ျပန္႕လာလိမ့္မယ္။
(၄) hardware, software နဲ႕ ၀န္ေဆာင္မႈေတြကို လက္ရွိျပိဳင္ဘက္ေတြထက္ ေပါင္းစပ္ႏုိင္ျပီးေတာ့ ကားလုပ္ငန္းမွာ ယွဥ္ျပိဳင္ႏုိင္ေခ်ရွိပါတယ္။
မွားတယ္လို႕ေျပာခ်င္ေပမယ့္လည္း အျပစ္ရွာလို႕မရေနပါဘူး။ Apple က စမတ္ဖုန္းေစ်းကြက္မွာေအာင္ျမင္ေနတယ္ဆိုတာက ပ်င္းတဲ့ထုတ္လုပ္သူေတြေၾကာင့္ပါ။ ကားလုပ္ငန္းမွာက ေခတ္မီဆန္းသစ္ေနတဲ့ Tesla တို႕၊Porsche တို႕ရွိေနပါတယ္။ သူတို႕က အျမဲတမ္းစဥ္းစားေနတဲ့သူေတြပါ။ တစ္နည္းေျပာရမယ္ဆိုရင္ေတာ့ စမတ္ဖုန္းေစ်းကြက္လိုမ်ိဳး ကားလုပ္ငန္းက ေနရာတိုးဖို႕မလြယ္ပါဘူး။
Apple ဟာ hardware, software နဲ႕ ၀န္ေဆာင္မႈေတြကို ကားထုတ္လုပ္သူေတြနဲ႕ ပူးေပါင္း္လုိက္မယ္ဆိုရင္ေရာ မျဖစ္ႏုိင္ဘူးလား။
Apple က သူ႕ကိုယ္ပိုင္ကားထုတ္လုပ္ဖို႕ ျဖစ္ႏုိင္ရဲ႕လား။ ျဖစ္ႏုိင္ပါတယ္။ သူတို႕ဟာ Tesla ရဲ႕ အင္ဂ်င္နီယာဥကၠဌေဟာင္း Doug Field ကို ငွားရမ္းထားပါတယ္။ ဒါေပမယ့္လည္း ၾကိဳးစားမႈအေတာ္မ်ားမ်ားကို ေက်ာ္ျဖတ္ရဦးမွာပါ။

Unicode Version

Apple က သူ့ရဲ့သုတေသနလုပ်ငန်းတွေအကြောင်း သိုဝှက်ထားခဲ့ပေမယ့်လည်း ၂၀၁၅ခုနှစ်မှာ ကားလုပ်ငန်းအကြောင်း လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်း ပေါ်သွားခဲ့ပါတယ်။ ပြီးတော့ Apple ဟာ သူ့ရဲ့ကိုယ်ပိုင် branded ကားတွေထုတ်လုပ်ဖို့ အာသီသရှိနေတယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။
ကားလုပ်ငန်းကိုထိုးဖောက်ဝင်ရောက်တဲ့နေရာမှာ စိန်ခေါ်မှုကြီးခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်း၊ စွန့်စားမှုများပြားခြင်းတို့တွေ့ရမယ်ဆိုတာ အံ့သြစရာမဟုတ်ပါဘူး။ ဒီအတွက်ကြောင့် ကားထုတ်လုပ်မှုကို ကနဦးမအောင်မြင်မှုများကြောင့် နောက်ဆုတ်ထားတယ်ဆိုတဲ့သတင်းကို The New York Times ဆီက ကြားလိုက်ရပေမယ့်လည်း မအံ့သြမိခဲ့ပါဘူး။ ဒါပေမယ့်လည်း ကားလုပ်ငန်းကိုအာရုံစိုက်နေတယ်ဆိုတဲ့အကြောင်းကို မနှစ်က Tim Cook ကိုယ်တိုင်က အတည်ပြုထားခဲ့ပါတယ်။
အခုအချိန်မှာလည်း နာမည်ကြီးလေ့လာဆန်းစစ်သူတစ်ယောက်ဖြစ်တဲ့ Ming Chi-Kuo က အခုလိုပြောထားပါတယ်။ Apple ရဲ့ ကားပရောဂျက်ဖြစ်တဲ့ Titan ဟာ ရှင်သန်နေဆဲဖြစ်တဲ့အပြင် ၂၀၂၅မတိုင်ခင်မှာကိုပဲ တွေ့မြင်ရနိုင်ပါတယ်။ ဒါ့အပြင် Apple ကားတွေဟာ Apple ရဲ့ဈေးကွက်ကို ဒေါ်လာ၂ထရီလီယံအထိ ကျော်ဖြတ်သွားစေနိုင်ပါတယ်တဲ့။
Kuo ရဲ့ note လေးကို ကြည့်လိုက်ရအောင်။
2023–2025 မှာ launch လုပ်နိုင်လောက်တဲ့ Apple ကားကို မျှော်လင့်ထားပါတယ်။ ဒါကတော့ နောက်ထပ်စတားဖြစ်မယ့် ထုတ်ကုန်တစ်ခုလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲကြည့်လိုက်ရအောင်။
(၁) နည်းပညာအသစ်တွေနဲ့ မွမ်းမံထားတဲ့ ကားတွေကို လိုလားမှုတွေများနေတယ်။ ဒါဟာ လွန်ခဲ့တဲ့၁၀နှစ်လောက်တုန်းကဖြစ်ခဲ့တဲ့ စမတ်ဖုန်းဈေးကွက်လိုပါပဲ။
(၂) Apple က AR နည်းပညာပိုင်းမှာ ဦးဆောင်နေတာဆိုတော့ ကားတွေကို မွမ်းမံပြီး အခြားထုတ်ကုန်တွေနဲ့ ခြားနားစေလိမ့်မယ်။
(၃) Apple ဝန်ဆောင်မှုတွေကလည်း ပေါင်းစပ်မှုများစွာနဲ့ ကျယ်ပြန့်လာလိမ့်မယ်။
(၄) hardware, software နဲ့ ဝန်ဆောင်မှုတွေကို လက်ရှိပြိုင်ဘက်တွေထက် ပေါင်းစပ်နိုင်ပြီးတော့ ကားလုပ်ငန်းမှာ ယှဉ်ပြိုင်နိုင်ချေရှိပါတယ်။
မှားတယ်လို့ပြောချင်ပေမယ့်လည်း အပြစ်ရှာလို့မရနေပါဘူး။ Apple က စမတ်ဖုန်းဈေးကွက်မှာအောင်မြင်နေတယ်ဆိုတာက ပျင်းတဲ့ထုတ်လုပ်သူတွေကြောင့်ပါ။ ကားလုပ်ငန်းမှာက ခေတ်မီဆန်းသစ်နေတဲ့ Tesla တို့၊Porsche တို့ရှိနေပါတယ်။ သူတို့က အမြဲတမ်းစဉ်းစားနေတဲ့သူတွေပါ။ တစ်နည်းပြောရမယ်ဆိုရင်တော့ စမတ်ဖုန်းဈေးကွက်လိုမျိုး ကားလုပ်ငန်းက နေရာတိုးဖို့မလွယ်ပါဘူး။
Apple ဟာ hardware, software နဲ့ ဝန်ဆောင်မှုတွေကို ကားထုတ်လုပ်သူတွေနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင်ရော မဖြစ်နိုင်ဘူးလား။
Apple က သူ့ကိုယ်ပိုင်ကားထုတ်လုပ်ဖို့ ဖြစ်နိုင်ရဲ့လား။ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ Tesla ရဲ့ အင်ဂျင်နီယာဥက္ကဌဟောင်း Doug Field ကို ငှားရမ်းထားပါတယ်။ ဒါပေမယ့်လည်း ကြိုးစားမှုအတော်များများကို ကျော်ဖြတ်ရဦးမှာပါ။

Leave a Reply