TENAA မွာထြက္ရွိလာတဲ့ V ပုံစံ notch ဒီဇုိင္းနဲ႔ Honor 8X

0
543

၂၀၁၈ႏွစ္လည္ပိုင္း ေရာက္တဲ့အခ်ိန္မွာ စမတ္ဖုန္းမွာ ထည့္သြင္းေပးတဲ့ Notch ဒီဇုိင္းပိုင္းဟာ ေျပာင္းလဲလာပါတယ္။ အခုဆိုရင္ ဖုန္းထုတ္လုပ္သူေတြဟာ Sharp နဲ႔ Essential တို႔မွာသုံးတဲ့ ခပ္ေသးေသး Notch ဆီကိုျပန္လည္ေျခဦးလွည့္လာပါၿပီ။ ေနာက္ပိုင္း OPPO နဲ႔ Huawei တို႕ကထြက္လာမယ့္ ဖုန္းေတြမွာ ဖပ္ေသးေသး Notch ကိုသာ သုံးလာဖုိ႔မ်ားပါတယ္။ ဒီေန႔မွာေတာ့ တရုတ္စမတ္ဖုန္း ထုတ္လုပ္သူ Huawei ရဲ႕စမတ္ဖုန္း ျဖစ္တဲ့ Honor 8X (သို႔) 8S ဖုန္းရဲ႕ ဒီဇုိင္းပုံေတြဟာ TENAA မွာထြက္ရွိလာပါတယ္။ ေမာ္ဒယ္နံပါတ္ ARE-AL00 ဆိုၿပီး ေပးထားပါတယ္။

သူ႕မွာ V ပုံစံ notch ေလးနဲ႔ ျဖစ္ပါတယ္။ အခ်က္အလက္ပိုင္းနဲ႔ ပတ္သတ္ၿပီး ျပည့္စုံစြာ မသိရေသးေပမယ့္ 18W fast charger သုံးလာမွာပါ။ ပရိုဆက္ဆာပိုင္းအတြက္ Snapdragon 660 (သို႔) 636 chipset ကိုသုံးလာျဖစ္ၿပီးေစ်းႏႈန္းပိုင္းမွာ အရမ္းႀကီးမမ်ားေလာက္ပဲ အလယ္အလတ္ဆင့္ ဖုန္းျဖစ္မွာပါ။ Huawei ရဲ႕ ယခုႏွစ္ပိုင္း ထြက္ထားတဲ့ ဖုန္းေတြနဲ႔ ဒီဇုိင္းပိုင္းမွာ ကြဲျပားမႈရွိၿပီး ဘယ္ဘက္ေဘးေဘာင္မွာ SIM tray ရွိေနၿပီးညာဘက္ေဘးေဘာင္မွာေတာ့ volume ခလုတ္နဲ႔ ပါဝါခလုတ္ကို တပ္ဆင္ထားပါတယ္။ ေနာက္ေက်ာဘက္မွာ ကင္မရာ၂လုံးတပ္ဆင္ထားတာ ေတြ႕ရၿပီး လက္ေဗြဖတ္ စနစ္ကို ေနာက္ေက်ာဘက္အလယ္မွာ အဝိုင္းပုံစံေလး ထည့္ေပးထားပါတယ္။

Snapdragon 660(သို႔) 636 ေတြဟာ ၂၀၁၇ခုႏွစ္အတြင္းက မိတ္ဆက္ခဲ့တဲ့ ပရိုဆက္ဆာေတြ ျဖစ္ၿပီး ဒီဖုန္းမွာ SD636 သံုးလာဖုိ႔ ေသခ်ာပါတယ္။ Snapdragon 636 ဟာ Snapdragon 630 ကုိ အဆင့္ျမင့္ထားတဲ့ Chipset ျဖစ္ပါတယ္။ Quick Charge 4.0 ပါ၀င္ၿပီး Ultra-Wide လို႔ဆိုႏိုင္တဲ့ 18:9 FHD+ (2160×1080) Pixel အထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ CPU အျမန္ႏႈန္းက 1.8GHz ျဖစ္ၿပီး ယခင္ Snapdragon 630 Processor ထက္ ၄၀ ရာခုိင္ႏႈန္းပိုျပီး Performance ေကာင္းေနမွာျဖစ္တယ္လုိ႔ဆိုပါတယ္။

unicode

၂၀၁၈နှစ်လည်ပိုင်း ရောက်တဲ့အချိန်မှာ စမတ်ဖုန်းမှာ ထည့်သွင်းပေးတဲ့ Notch ဒီဇိုင်းပိုင်းဟာ ပြောင်းလဲလာပါတယ်။ အခုဆိုရင် ဖုန်းထုတ်လုပ်သူတွေဟာ Sharp နဲ့ Essential တို့မှာသုံးတဲ့ ခပ်သေးသေး Notch ဆီကိုပြန်လည်ခြေဦးလှည့်လာပါပြီ။ နောက်ပိုင်း OPPO နဲ့ Huawei တို့ကထွက်လာမယ့် ဖုန်းတွေမှာ ဖပ်သေးသေး Notch ကိုသာ သုံးလာဖို့များပါတယ်။ ဒီနေ့မှာတော့ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Huawei ရဲ့စမတ်ဖုန်း ဖြစ်တဲ့ Honor 8X (သို့) 8S ဖုန်းရဲ့ ဒီဇိုင်းပုံတွေဟာ TENAA မှာထွက်ရှိလာပါတယ်။ မော်ဒယ်နံပါတ် ARE-AL00 ဆိုပြီး ပေးထားပါတယ်။

သူ့မှာ V ပုံစံ notch လေးနဲ့ ဖြစ်ပါတယ်။ အချက်အလက်ပိုင်းနဲ့ ပတ်သတ်ပြီး ပြည့်စုံစွာ မသိရသေးပေမယ့် 18W fast charger သုံးလာမှာပါ။ ပရိုဆက်ဆာပိုင်းအတွက် Snapdragon 660 (သို့) 636 chipset ကိုသုံးလာဖြစ်ပြီးဈေးနှုန်းပိုင်းမှာ အရမ်းကြီးမများလောက်ပဲ အလယ်အလတ်ဆင့် ဖုန်းဖြစ်မှာပါ။ Huawei ရဲ့ ယခုနှစ်ပိုင်း ထွက်ထားတဲ့ ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်းမှာ ကွဲပြားမှုရှိပြီး ဘယ်ဘက်ဘေးဘောင်မှာ SIM tray ရှိနေပြီးညာဘက်ဘေးဘောင်မှာတော့ volume ခလုတ်နဲ့ ပါဝါခလုတ်ကို တပ်ဆင်ထားပါတယ်။ နောက်ကျောဘက်မှာ ကင်မရာ၂လုံးတပ်ဆင်ထားတာ တွေ့ရပြီး လက်ဗွေဖတ် စနစ်ကို နောက်ကျောဘက်အလယ်မှာ အဝိုင်းပုံစံလေး ထည့်ပေးထားပါတယ်။

Snapdragon 660(သို့) 636 တွေဟာ ၂၀၁၇ခုနှစ်အတွင်းက မိတ်ဆက်ခဲ့တဲ့ ပရိုဆက်ဆာတွေ ဖြစ်ပြီး ဒီဖုန်းမှာ SD636 သုံးလာဖို့ သေချာပါတယ်။ Snapdragon 636 ဟာ Snapdragon 630 ကို အဆင့်မြင့်ထားတဲ့ Chipset ဖြစ်ပါတယ်။ Quick Charge 4.0 ပါဝင်ပြီး Ultra-Wide လို့ဆိုနိုင်တဲ့ 18:9 FHD+ (2160×1080) Pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ CPU အမြန်နှုန်းက 1.8GHz ဖြစ်ပြီး ယခင် Snapdragon 630 Processor ထက် ၄၀ ရာခိုင်နှုန်းပိုပြီး Performance ကောင်းနေမှာဖြစ်တယ်လို့ဆိုပါတယ်။

Leave a Reply