ဈေးသက်သာတဲ့ Apple MacBook အသစ် မကြာခင်ထွက်ရှိလာမည်
0
1044
Zawgyi Version
Unicode Version
11-inch MacBook Air ပြီးနောက် မထွက်တာသုံးနှစ်ကြာခဲ့ပါပြီ။ အခုအချိန်မှာတော့ ဈေးသက်သာတဲ့ laptop လေးကို ထုတ်လုပ်ပေးတော့မှာပါ။
ဒါပေမယ့်လည်း ဈေးသက်သာတယ်လို့ မပြောဘဲ MacBook အတွက် တတ်နိုင်လောက်တဲ့ဈေးလို့ ပြောရမယ်ထင်ပါတယ်။
သတင်းကတော့ ထိုင်ဝမ်ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Quanta က ကွာတားဖိုးမှာ အရေအတွက် ၁၀မီလျံထုတ်လုပ်ဖို့ မှန်းထားပါတယ်။ အကြောင်းကတော့ Apple ရဲ့ notebook အသစ်မှာ အသုံးပြုမယ့်ပစ္စည်းတွေကို ထောက်ပံ့ရမှာဖြစ်လို့ပါပဲ။
ဒီတစ်ကြောင်းတည်းနဲ့ စိတ်ဝင်စားစရာမကောင်းပေမယ့်လည်း စိတ်ဝင်စားစရာကောင်းတာကတော့ တစ်လုံးတည်းမထုတ်ပါဘူးတဲ့။ ဒီတော့ laptop တစ်ခုတည်းကိုပဲ RAM ကွာမလား၊ ပရိုဆက်ဆာတွေ ကစားထားမလား။ မသိသေးပါဘူး။ အရွယ်အစားလည်း ကွဲပြားနိုင်ပါတယ်။ original MacBook Air မှာ လုပ်ခဲ့သလိုပေါ့။
Air အကြောင်း ပြောတဲ့အခါမှာ MacBook Air ဟာ 11-inch model ပြီးနောက်မှာ update မလုပ်တော့ပါဘူး။ ၂၀၁၇ခုနှစ်မှာတော့ 13-inch model လေးနဲ့ နည်းနည်းတော့ အဆင့်မြှင့်ခဲ့ပါတယ်။
ဒီတော့ ဖြစ်နိုင်တယ်လို့ပြောရမယ်။ MacBook Air အသစ်တွေမှာ eighth-generation Kaby Lake Intel processor တွေကို အသုံးပြုထားလောက်တယ်လို့လည်း Daily News က တင်ပြထားပါတယ်။ ဒီတော့ Broadwell chip ကနေ အတော်လေးအဆင့်မြှင့်သွားနိုင်တယ်လို့ ပြောထားတာပါ။
Leave a Reply