
0
1151




unicode

Xiaomi Mi Pad 4 Plus ကို တရားဝင် မိတ်ဆက်ပြီ

ရှောင်မီက တက်ဘလက် အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူဟာ Mi Pad 4 ရဲ့ အရွယ်ကြီး မော်ဒယ်ဖြစ်ပြီး Mi Pad 4 Plus လို့ အမည်ပေးထားပါတယ်။ Mi Pad 4 မှာ ၈ လက်မနဲ့ Plus Model မှာ ၁၀.၁ လက်မ မျက်နှာပြင်များ ပါပါတယ်။ Plus Model ရဲ့ မျက်နှာပြင် အရည်အသွေးမှာ 1920x1200p ဖြစ်ပြီး မျက်နှာပြင် အချိုးမှာ 16:10 ဖြစ်ပါတယ်။ တက်ဘလက်ရဲ့ ထောင့်စွန်းများက လုံးဝန်းပါတယ်။

သူရဲ့ ကင်မရာများက Mi Pad 4 နဲ့ တူညီပါတယ်။ အနောက်ဘက်မှာ 13MP Main Camera နဲ့ အရှေ့ဘက်မှာ 5MP Camera များ ပါပါတယ်။ Snapdragon 660 Chipset မောင်းနှင်ထားပါတယ်။ Storage ကို နှစ်မျိုးထည့်သွင်းထားပြီး 64GB or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ 64GB Mi Pad 4 Plus ကို ၂၇၆ ဒေါ်လာနဲ့ 128GB Model ကို ၃၀၅ ဒေါ်လာဝန်းကျင် ကျသင့်ပါတယ်။

သူ့မှာ 4GB RAM ထည့်သွင်းထားပါတယ်။ WiFi + 4GLTE Model တစ်မျိုးသာ ထုတ်လုပ်ပေးထားပါတယ်။ Mi Pad 4 မှာ ဝိုင်ဖိုင် တစ်မျိုးသာပါပါတယ်။ Plus Model အတွက် အနက်နဲ့ ရွှေရောင်များ ရွေးချယ်နိုင်ပါတယ်။ 8620mAh Battery ပါတဲ့အတွက် ဘက်ထရီ သက်တမ်း အလွန် ကောင်းပါတယ်။ လျှင်မြန်စွာ အားဖြည့်ပေးတဲ့ နည်းပညာတော့ မပါပါဘူး။

Leave a Reply