Samsung Galaxy Note 9 ရဲ႕ Display က အေကာင္းဆံုးလို႔ စစ္ေဆးေတြ႕ရွိ

0
1089

စမတ္ဖုန္း မ်က္နွာျပင္မ်ားရဲ႕ စြမ္းရည္ကို စမ္းသပ္စစ္ေဆးရာမွာ ကမာၻ႕ နာမည္ႀကီး အဖြဲ႕အစည္း ျဖစ္တဲ့ DisplayMate က အသစ္ထြက္ရွိလာတဲ့ Samsung Galaxy Note 9 ရဲ႕ မ်က္နွာျပင္ကို စမ္းသပ္ခဲ့ပါတယ္။ Note 9 ဟာ က႑မ်ားစြာမွာ စံခ်ိန္တင္သြားၿပီး DisplayMate ရဲ႕ A+ Grade ကို ရရွိသြားပါတယ္။ DisplayMate က “ Galaxy Note 9 ဟာ ကြ်န္ေတာ္တို႔ စမ္းသပ္ဖူးသမွ်ထဲမွာ ထူးျခားဆန္းသစ္မႈ အရွိဆံုးနဲ႔ စြမ္းရည္ အျမင့္ဆံုး ျဖစ္ပါတယ္။ စံႏႈန္းတစ္ခုထက္ေတာင္ ေက်ာ္လြန္ေနတ့ဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

Note 9 မ်က္ႏွာျပင္ရဲ႕ High Brightness Mode ဟာ Note 8 ထက္ ၾကည္လင္ျပတ္သားမႈ အပိုင္းမွာ ၃၂ ရာခိုင္ႏႈန္းနဲ႔ ေတာက္ပမႈ အပိုင္းမွာ ၂၇ ရာခုိင္ႏႈန္း ပိုမို ျမင့္မားလာတယ္လို႔ ေျပာပါတယ္။ အေရာင္ တိက်မႈ အပိုင္းမွာ အေကာင္းဆံုး ျဖစ္ပါတယ္။ Color Accuracy နဲ Intensity Scales အပိုင္းမ်ားမွာလည္း Note 9 ဟာ စံခ်ိန္သစ္မ်ားရသြားပါတယ္။ အဲဒီအတြက္ စကရင္ေပၚမွာ ပံုရိပ္မ်ား ေျပာင္းလဲသြားေပမယ့္ အျမင့္ဆံုး Brightness ဟာ မေျပာင္းလဲပါဘူး။

Automatic Brightness ကို On ထားရင္ အျမင့္ဆံုး အေနနဲ 1050 nits ကို ထုတ္လုပ္ေပးပါတယ္။ ဒါ့အျပင္ Viewing Angle Performance က႑မွာ အမွတ္အမ်ားဆံုး ရခဲ့ပါတယ္။ Screen Reflectance ရမွတ္မွာေတာ့ Note 9 ဟာ ရမွတ္မေကာင္းဘဲ Note 8 နဲ႔ တူညီေနၿပီး 4.4 Rating ရထားပါတယ္။ DisplayMate စစ္ေဆးဖူးသမွ်ထဲမွာ အညံ့ဆံုး ရမွတ္လို႔ သိရပါတယ္။ လက္ရွိထြက္ထားတဲ့ ဖုန္းမ်ားထဲမွာ Note 9 ရဲ႕ မ်က္နွာျပင္ဟာ အေကာင္းဆံုး ပါပဲ။

unicode

Samsung Galaxy Note 9 ရဲ့ Display က အကောင်းဆုံးလို့ စစ်ဆေးတွေ့ရှိ

စမတ်ဖုန်း မျက်နှာပြင်များရဲ့ စွမ်းရည်ကို စမ်းသပ်စစ်ဆေးရာမှာ ကမ္ဘာ့ နာမည်ကြီး အဖွဲ့အစည်း ဖြစ်တဲ့ DisplayMate က အသစ်ထွက်ရှိလာတဲ့ Samsung Galaxy Note 9 ရဲ့ မျက်နှာပြင်ကို စမ်းသပ်ခဲ့ပါတယ်။ Note 9 ဟာ ကဏ္ဍများစွာမှာ စံချိန်တင်သွားပြီး DisplayMate ရဲ့ A+ Grade ကို ရရှိသွားပါတယ်။ DisplayMate က “ Galaxy Note 9 ဟာ ကျွန်တော်တို့ စမ်းသပ်ဖူးသမျှထဲမှာ ထူးခြားဆန်းသစ်မှု အရှိဆုံးနဲ့ စွမ်းရည် အမြင့်ဆုံး ဖြစ်ပါတယ်။ စံနှုန်းတစ်ခုထက်တောင် ကျော်လွန်နေတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Note 9 မျက်နှာပြင်ရဲ့ High Brightness Mode ဟာ Note 8 ထက် ကြည်လင်ပြတ်သားမှု အပိုင်းမှာ ၃၂ ရာခိုင်နှုန်းနဲ့ တောက်ပမှု အပိုင်းမှာ ၂၇ ရာခိုင်နှုန်း ပိုမို မြင့်မားလာတယ်လို့ ပြောပါတယ်။ အရောင် တိကျမှု အပိုင်းမှာ အကောင်းဆုံး ဖြစ်ပါတယ်။ Color Accuracy နဲ Intensity Scales အပိုင်းများမှာလည်း Note 9 ဟာ စံချိန်သစ်များရသွားပါတယ်။ အဲဒီအတွက် စကရင်ပေါ်မှာ ပုံရိပ်များ ပြောင်းလဲသွားပေမယ့် အမြင့်ဆုံး Brightness ဟာ မပြောင်းလဲပါဘူး။

Automatic Brightness ကို On ထားရင် အမြင့်ဆုံး အနေနဲ 1050 nits ကို ထုတ်လုပ်ပေးပါတယ်။ ဒါ့အပြင် Viewing Angle Performance ကဏ္ဍမှာ အမှတ်အများဆုံး ရခဲ့ပါတယ်။ Screen Reflectance ရမှတ်မှာတော့ Note 9 ဟာ ရမှတ်မကောင်းဘဲ Note 8 နဲ့ တူညီနေပြီး 4.4 Rating ရထားပါတယ်။ DisplayMate စစ်ဆေးဖူးသမျှထဲမှာ အညံ့ဆုံး ရမှတ်လို့ သိရပါတယ်။ လက်ရှိထွက်ထားတဲ့ ဖုန်းများထဲမှာ Note 9 ရဲ့ မျက်နှာပြင်ဟာ အကောင်းဆုံး ပါပဲ။

Leave a Reply