Oppo F9 ရဲ့အချက်အလက်တစ်ချို့

0
1078

Zawgyi version


ဖုန်းရဲ့အတွင်းပိုင်းကို လေ့လာကြည့်မယ်ဆိုရင် MediaTekHelio P60 octa-core processor က Android 8.0 Oreo OS ကိုပြုပြင်ထားတဲ့ Color 5.2 UI နဲ့ သုံးမှာပဲ ဖြစ်ပါတယ်။



Unicode version

Oppo F9 ကတော့ ၆.၃ မျက်နှာပြင်ကျယ်နဲ့ Full HD+ resolution ကိုမှ water drop display နဲ့ဖြစ်ပါတယ်။ screen to body ratio ကတော့ ၉၀.၈% ဖြစ်ပြီး ဖုန်းရဲ့ ထိပ်ဘက်မှာလဲ notch လေးထည့်ပေးထားပါသေးတယ်။ ဘေးတွေနဲ့ အောက်တွေမှာ ဘောင်သေးသေးလေးတွေပဲ ထားပေးထားပါတယ်။
ဖုန်းရဲ့အတွင်းပိုင်းကို လေ့လာကြည့်မယ်ဆိုရင် MediaTekHelio P60 octa-core processor က Android 8.0 Oreo OS ပေါ်မှာအခြေခံထားတဲ့ Color 5.2 UI နဲ့ run မှာပဲ ဖြစ်ပါတယ်။
Storage ကတော့ 4GB ဖြစ်ပြီး internal storage က 64GB ပဲဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ primary sensor က 16MP ဖြစ်ပြီး secondary sensor က 2MP (f/1.85 aperture) ပဲဖြစ်ပါတယ်။
ရှေ့ဘက် ကင်မရာကတော့ 25MP ကို f/2.0 aperture နဲ့ AI နည်းပညာရော ထည့်သွင်းပေးထားပါသေးတယ်။ Oppo ကို selfie ဘုရင်လို့တောင် တင်စားကြပါသေးတယ်။ Oppo F9 ကဘက်ထရီက 3500mAh ပါဝင်ပြီး သူက ဆင်း(မ်)ကဒ် ၂ ကဒ် အသုံးပြုနိုင်ပါတယ်။ microSD card slot လဲပါဝင်ပြီး 256GB ထိထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ရွေးချယ်စရာအရောင်တွေကတော့ Red Sun နဲ့ Blue Twilight ဆိုပြီး ၂ မျိုးရှိပါတယ်။ ဈေးကိုတော့ အတိအကျ မပြောပြထားသေးပါဘူး။

Leave a Reply