Benchmark မှာတွေ့မြင်လိုက်ရတဲ့ Oppo R17 Pro

0
867

Zawgyi Version


Oppo R17 Pro

Unicode Version

Oppo R17 ကိုမနေ့ကကြေညာခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာ Oppo R17 Pro ကို ထပ်မြင်လိုက်ရပြန်ပါပြီ။
Oppo R17 pro က Geekbench benchmarks မှာ ပေါ်လာခဲ့ပြီးတော့ အချက်အလက်တွေအရ Qualcomm Snapdragon 710 processor ကို အသုံးပြုထားမှာပါ။ R17 ကတော့ Snapdragon 670ကို အသုံးပြုထားပါတယ်။

Oppo R17 Pro
8GB RAM ၊ 6GB RAM ဆိုပြီးတော့ ကွဲပြားနိုင်ပြီး ကျန်အချက်အလက်တွေကတော့ အတူတူပဲဖြစ်နိုင်ပါတယ်။
Oppo R17 မှာ 6.4 inch AMOLED display နဲ့ Full HD+ resolution 2280 x 1080 pixels ၊ 128GB သိုလှောင်မှုကို အသုံးပြုထားပါတယ်။ နောက်ထပ်အချက်အလက်တွေကတော့ အရှေ့ကင်မရာ 25 megapixel နဲ့ အနောက်ကင်မရာနှစ်လုံးတွေ့မြင်ရမှာဖြစ်ပြီး တစ်လုံးကတော့ 16 megapixel sensor နဲ့ပါ။
Oppo R17 Pro နဲ့လည်း အချက်အလက်တွေ ဆင်တူနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အသေးစိတ်ကတော့ နောက်ထပ်ပေါက်ကြားမှုတွေကို ဆက်လက်စောင့်ကြည့်ရမှာပါ။
.

Leave a Reply