Apple ဟာ Initial iOS 12 မှ Group Face Time ကို ဖြုတ်ချ

0
820

Zawgyi Version


Unicode Version

Apple က သူတို့ရဲ့ iOS 12 software ကို နောက်လလောက်မှာ ထုတ်လုပ်ဖို့အတွက် မျှော်လင့်ထားပါတယ်။ iPhone X ဟန်းဆက်အသစ်တွေမှာ အသုံးပြုသွားဖို့အတွက် စိတ်ကူးထားပါတယ်။
အဲဒီ software လေးဟာ feature အသစ်တွေပါဝင်လာနေပြီးတော့ Group FaceTime လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လူပေါင်း ၃၂ယောက်အထိ တစ်ပြိုင်နက်တည်း chat လုပ်နိုင်မှာပါ။
iOS 12 ရဲ့ ပထမဆုံးဗားရှင်းအနေနဲ့ ထွက်လာမယ့် နောက်လမှာ မရနိုင်လောက်တော့ဘူးထင်ပါတယ်။ Apple ဟာ အဲဒီ feature ကို ပြန်လည်ဖြုတ်ချလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ နောက်ဆုံးထွက်ထားတဲ့ BETA လေးမှာ ပြောသွားပါတယ်။
Group FaceTime ကို iOS 12 ရဲ့ ပထမဆုံးဗားရှင်းကနေ ဖယ်ထုတ်လိုက်ပြီးတော့ software update တွေကို နောက်ပိုင်းမှာ လုပ်ပေးသွားမှာပါ။
ဒါဟာ Apple က နောက်ပိုင်းမှာလည်း feature တစ်ခုအနေနဲ့ ပြန်လည်ထည့်သွင်းပေးသွားမှာပါ။ ဒါပေမယ့်လည်း ဘာကြောင့်မို့ software စစချင်းထွက်တဲ့အချိန်မှာ ဘာကြောင့်ဖြုတ်လိုက်တာမျိုးဆိုတာတော့ မရှင်းလင်းသေးပါဘူး။

Leave a Reply