6လက္မ LCDမ်က္ႏွာျပင္ dual ကင္မရာနဲ႔ ေဒၚလာ ၁၈၀ တန္ Alcatel 7 ဖုန္း

0
791

ၿပီးခဲ့တဲ့လက alcatel အေနနဲ႔ dual-camera နဲ႔အတူ notch ပါဝင္တဲ့ alcatel 5V စမတ္ဖုန္းကို ေဒၚလာ 199.99 နဲ႔ ထုတ္ေပးလိုက္ပါတယ္။ ဒီေန႔မွာေတာ့ alcatel ဟာေစ်းသက္သာတဲ့ စမတ္ဖုန္းျဖစ္တဲ့ alcatel 7 ကို metroPCS ကေနတဆင့္ ေရာင္းခ်လိုက္ပါတယ္။ သူ႕မွာ dual camera တပ္ဆင္ထားၿပီး ေစ်းႏႈန္းကေတာ့ ေဒၚလာ ၁၈၀ ျဖစ္ပါတယ္။ ပရိုဆက္ဆာပိုင္းမွာ alcatel 7 မွာ MT6763T chipset ကိုသုံးထားၿပီး octa-core CPU  ဟာ 2.5 GHz အျမန္ႏႈန္း ရွိမွာျဖစ္ပါတယ္။

မ်က္ႏွာျပင္ကေတာ့ ေစ်းသက္သာတဲ့ ဖုန္းျဖစ္တာေၾကာင့္ LCD သာသုံးထားၿပီး ၆လက္မခပ္ရွည္ရွည္ ပုံစံျဖစ္ပါတယ္။ Full HD+ ပုံရိပ္ေဖာ္ျပႏုိင္စြမ္းနဲ႔ ျဖစ္ပါတယ္။ OS ပိုင္းအတြက္ Android Oreo 8.1 နဲ႔ျဖစ္ၿပီး ဘက္ထရီစြမ္းအား 4,000 mAh သုံးထားပါတယ္။ အေရွ႕ဘက္မွာေတာ့ Home ခလုတ္ကိုဖယ္ထားလိုက္ၿပီ ျဖစ္ပါတယ္။ အဲ့ဒီအစား လက္ေဗြဖတ္စနစ္ကို ေနာက္ေက်ာဘက္မွာ ေျပာင္းလဲတပ္ဆင္ထားပါတယ္။

ကင္မရာပိုင္းမွာေတာ့ 12 MP+  2 MP ျဖစ္ၿပီး ေနာက္ခံဝါးတဲ့ ဓာတ္ပုံေတြကို ရိုက္ႏိုင္မွာပါ။ selfie ပိုင္းအတြက္  8 MP ေထာက္ပံ့ထားပါတယ္။ အေရွဘက္ကင္မရာဟာ Face Unlock ကိုေထာက္ပံ့ေပးၿပီး ကုမၸဏီကေတာ့ FACE KEY နည္းပညာလို႔ နာမည္ေပးထားပါတယ္။  အခ်က္အလက္ သုိေလွာင္မႈပိုင္းမွာေတာ့ 2GB/32GB နဲ႔ျဖစ္ၿပီး ထပ္မံတိုးခ်င္တယ္ဆိုရင္ေတာ့ microSD slot ကေန 128GB အထိတိုးႏိုင္မွာပါ။

unicode

ပြီးခဲ့တဲ့လက alcatel အနေနဲ့ dual-camera နဲ့အတူ notch ပါဝင်တဲ့ alcatel 5V စမတ်ဖုန်းကို ဒေါ်လာ 199.99 နဲ့ ထုတ်ပေးလိုက်ပါတယ်။ ဒီနေ့မှာတော့ alcatel ဟာဈေးသက်သာတဲ့ စမတ်ဖုန်းဖြစ်တဲ့ alcatel 7 ကို metroPCS ကနေတဆင့် ရောင်းချလိုက်ပါတယ်။ သူ့မှာ dual camera တပ်ဆင်ထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၀ ဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာ alcatel 7 မှာ MT6763T chipset ကိုသုံးထားပြီး octa-core CPU  ဟာ 2.5 GHz အမြန်နှုန်း ရှိမှာဖြစ်ပါတယ်။

မျက်နှာပြင်ကတော့ ဈေးသက်သာတဲ့ ဖုန်းဖြစ်တာကြောင့် LCD သာသုံးထားပြီး ၆လက်မခပ်ရှည်ရှည် ပုံစံဖြစ်ပါတယ်။ Full HD+ ပုံရိပ်ဖော်ပြနိုင်စွမ်းနဲ့ ဖြစ်ပါတယ်။ OS ပိုင်းအတွက် Android Oreo 8.1 နဲ့ဖြစ်ပြီး ဘက်ထရီစွမ်းအား 4,000 mAh သုံးထားပါတယ်။ အရှေ့ဘက်မှာတော့ Home ခလုတ်ကိုဖယ်ထားလိုက်ပြီ ဖြစ်ပါတယ်။ အဲ့ဒီအစား လက်ဗွေဖတ်စနစ်ကို နောက်ကျောဘက်မှာ ပြောင်းလဲတပ်ဆင်ထားပါတယ်။

ကင်မရာပိုင်းမှာတော့ 12 MP+  2 MP ဖြစ်ပြီး နောက်ခံဝါးတဲ့ ဓာတ်ပုံတွေကို ရိုက်နိုင်မှာပါ။ selfie ပိုင်းအတွက်  8 MP ထောက်ပံ့ထားပါတယ်။ အရှေဘက်ကင်မရာဟာ Face Unlock ကိုထောက်ပံ့ပေးပြီး ကုမ္ပဏီကတော့ FACE KEY နည်းပညာလို့ နာမည်ပေးထားပါတယ်။  အချက်အလက် သိုလှောင်မှုပိုင်းမှာတော့ 2GB/32GB နဲ့ဖြစ်ပြီး ထပ်မံတိုးချင်တယ်ဆိုရင်တော့ microSD slot ကနေ 128GB အထိတိုးနိုင်မှာပါ။

Leave a Reply