အေရာင္သံုးမ်ိဳးနဲ႔ ထြက္လာမယ့္ Huawei Mate 20 Lite

0
799

Huawei Mate 20 Series မ်ားရဲ႕ သတင္းအခ်က္အလက္မ်ား ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုလည္း Mate 20 Lite ရဲ႕ Press Image မ်ား ေပၚလာပါတယ္။ ဓါတ္ပံုမ်ားအရ အျပာ၊ အနက္နဲ႔ ေရႊေရာင္မ်ားထုတ္လုပ္ေပးထားတာ ေတြ႕ရပါတယ္။ Sakura Pink အမည္ရ ႏွင္းဆီေရႊေရာင္လည္း ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။

တရုတ္စမတ္ဖုန္း ထုတ္လုပ္သူျဖစ္တဲ့ Huawei ဟာMate 20 စီးရီးဖုန္းေတြကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနပါၿပီ။ Lite Model ဟာ ခပ္ရွည္ရွည္ဒီဇုိင္းျဖစ္ၿပီး ကင္မရာ ၂လုံးနဲ႔ အတူ လက္ေဗြဖတ္စနစ္ကို ေနာက္ေက်ာဘက္မွာတပ္ဆင္ထားပါတယ္။

Phablet ဖုန္းလို႔သတ္မွတ္ ႏုိင္တဲ့ဒီဖုန္းမွာ 6.3-inch LCD display ျဖစ္ၿပီး 2340 x 1080 pixels ပါဝင္မွာပါ။ ေဘးေဘာင္ေလးေတြဟာ အရမ္းေသးသြယ္လြန္းၿပီး ေအာက္ဘက္ေဘာင္ကေတာ့နည္းနည္းက်ယ္ပါေသးတယ္။

သူ႕မွာ Notch နဲ႔ျဖစ္ၿပီး ပရိုဆက္ဆာပိုင္းမွာ Huawei ရဲ႕ Kirin 710 octa-core SoC ကိုသုံးလာမွာ ျဖစ္ပါတယ္။ 6GB RAM ေထာက္ပံ့မႈနဲ႔အတူ 64GB သိုေလွာင္မႈနဲ႔ျဖစ္ၿပီး ထပ္မံတိုးခ်ဲ႕လို႔ ရႏိုင္ပါတယ္။ ကင္မရာ တပ္ဆင္ထားမႈ အပိုင္းမွာေတာ့ 20MP + 2MP dual ကိုေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး selfies ကင္မရာကလည္း 24MP + 2MP sensor ျဖစ္မွာပါ။ ဒါေၾကာင့္ အေရွ႕ဘက္ ကင္မရာကိုသုံးၿပီး ဓာတ္ပုံေကာင္းေတြရိုက္ကူးႏိုင္မွာပါ။

OS ပိုင္းမွာေတာ့ Android Oreo 8.1 အေျချပဳ EMUI 8.2 ကိုတပါတည္း ထည့္သြင္းေပး လာမွာပါ။ အရြယ္အစားအေနနဲ႔ 158.3 x 75.3 x 7.6 mm ျဖစ္ၿပီး အေလးခ်ိန္ကေတာ့ 172 ဂရပ္ရွိမွာ ျဖစ္ပါတယ္။ ဘက္ထရီစြမ္းအားအတြက္ 3650 mAh ကိုသုံးလာမွာ ျဖစ္ၿပီး Mate 20 Lite ရဲ႕ေစ်းႏႈန္းကေတာ့ ေဒၚလာ၄၀၀ ဝန္းက်င္ျဖစ္ကာ ယခုလကုန္ပိုင္းေလာက္မွာ မိတ္ဆက္ႏိုင္ပါတယ္။

unicode

အရောင်သုံးမျိုးနဲ့ ထွက်လာမယ့် Huawei Mate 20 Lite

Huawei Mate 20 Series များရဲ့ သတင်းအချက်အလက်များ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Mate 20 Lite ရဲ့ Press Image များ ပေါ်လာပါတယ်။ ဓါတ်ပုံများအရ အပြာ၊ အနက်နဲ့ ရွှေရောင်များထုတ်လုပ်ပေးထားတာ တွေ့ရပါတယ်။ Sakura Pink အမည်ရ နှင်းဆီရွှေရောင်လည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူဖြစ်တဲ့ Huawei ဟာMate 20 စီးရီးဖုန်းတွေကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါပြီ။ Lite Model ဟာ ခပ်ရှည်ရှည်ဒီဇိုင်းဖြစ်ပြီး ကင်မရာ ၂လုံးနဲ့ အတူ လက်ဗွေဖတ်စနစ်ကို နောက်ကျောဘက်မှာတပ်ဆင်ထားပါတယ်။

Phablet ဖုန်းလို့သတ်မှတ် နိုင်တဲ့ဒီဖုန်းမှာ 6.3-inch LCD display ဖြစ်ပြီး 2340 x 1080 pixels ပါဝင်မှာပါ။ ဘေးဘောင်လေးတွေဟာ အရမ်းသေးသွယ်လွန်းပြီး အောက်ဘက်ဘောင်ကတော့နည်းနည်းကျယ်ပါသေးတယ်။

သူ့မှာ Notch နဲ့ဖြစ်ပြီး ပရိုဆက်ဆာပိုင်းမှာ Huawei ရဲ့ Kirin 710 octa-core SoC ကိုသုံးလာမှာ ဖြစ်ပါတယ်။ 6GB RAM ထောက်ပံ့မှုနဲ့အတူ 64GB သိုလှောင်မှုနဲ့ဖြစ်ပြီး ထပ်မံတိုးချဲ့လို့ ရနိုင်ပါတယ်။ ကင်မရာ တပ်ဆင်ထားမှု အပိုင်းမှာတော့ 20MP + 2MP dual ကိုနောက်ကျောဘက်မှာ တပ်ဆင်ထားပြီး selfies ကင်မရာကလည်း 24MP + 2MP sensor ဖြစ်မှာပါ။ ဒါကြောင့် အရှေ့ဘက် ကင်မရာကိုသုံးပြီး ဓာတ်ပုံကောင်းတွေရိုက်ကူးနိုင်မှာပါ။

OS ပိုင်းမှာတော့ Android Oreo 8.1 အခြေပြု EMUI 8.2 ကိုတပါတည်း ထည့်သွင်းပေး လာမှာပါ။ အရွယ်အစားအနေနဲ့ 158.3 x 75.3 x 7.6 mm ဖြစ်ပြီး အလေးချိန်ကတော့ 172 ဂရပ်ရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီစွမ်းအားအတွက် 3650 mAh ကိုသုံးလာမှာ ဖြစ်ပြီး Mate 20 Lite ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ၄၀၀ ဝန်းကျင်ဖြစ်ကာ ယခုလကုန်ပိုင်းလောက်မှာ မိတ်ဆက်နိုင်ပါတယ်။

Leave a Reply