မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာပါတဲ့ Oppo R17

0
1121

Oppo က မ်က္နွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကို Find X မွာ ထည့္သြင္းေပးၿပီးေနာက္မွာ အျခား စမတ္ဖုန္းမ်ားမွာလည္း ထည့္သြင္းေပးေနပါတယ္။ အခုလည္း Oppo R17 မွာ ဒီနည္းပညာ ပါလာပါတယ္။ သူ႔ကို Oppo ရဲ႕ ၀က္ဘ္ဆိုက္မွာ Specs မ်ားနဲ႔ အတူတကြ ေဖာ္ျပထားပါတယ္။

သူ႔မွာ Notch ပါတဲ့ ၆.၄ လက္မ AMOLED Full HD+ Display တပ္ဆင္ထားပါတယ္။ မ်က္ႏွွာျပင္ ေဘာင္ေပ်ာက္ ဒီဇိုင္း ျဖစ္ၿပီး အလြန္လွပပါတယ္။ Selfie Master F7 နဲ႔ Find X မွာ စတင္ ထည့္သြင္းထားတဲ့ 25MP Selfie Camera ကို Notch မွာ ျမွပ္နွံထားပါတယ္။ အေနာက္ဘက္ ကင္မရာ ႏွစ္လံုးကိုေတာ့ မသိရေသးဘဲ ဥာဏ္ရည္တု နည္းပညာမ်ား ပါလာမွာပါ။ သူ႔မွာ ယခင္ တစ္ပတ္ကမွ မိတ္ဆက္ထားတဲ့ 10nm Process Snapdragon Octa-Core 670 Chipset ထည့္သြင္းထားပါတယ္။ Adreno 615 GPU တပ္ဆင္ထားပါတယ္။

Oppo R17 မွာ လွ်င္ျမန္စြာအားသြင္းႏုိင္တဲ့ VOOC နည္းပညာ ပါလာမွာပါ။ Android Oreo 8.1 အေျချပဳ Color OS 5.2 ထည့္သြင္းထားပါတယ္။ 3500mAh Battery ထည့္သြင္းထားပါတယ္။ အျပာနဲ႔ ခရမ္းေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ အျပာေရာင္ဟာ ပတ္၀န္းက်င္မွ အလင္းေရာင္ အေပၚ မူတည္ၿပီး အစိမ္းေရာင္ကို ေျပာင္းလဲသြားပါတယ္။ ယခုလ ၁၈ ရက္ေန႔မွာ Flash Sale အေနနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။

unicode

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါတဲ့ Oppo R17

Oppo က မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို Find X မှာ ထည့်သွင်းပေးပြီးနောက်မှာ အခြား စမတ်ဖုန်းများမှာလည်း ထည့်သွင်းပေးနေပါတယ်။ အခုလည်း Oppo R17 မှာ ဒီနည်းပညာ ပါလာပါတယ်။ သူ့ကို Oppo ရဲ့ ဝက်ဘ်ဆိုက်မှာ Specs များနဲ့ အတူတကွ ဖော်ပြထားပါတယ်။

သူ့မှာ Notch ပါတဲ့ ၆.၄ လက်မ AMOLED Full HD+ Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင် ဘောင်ပျောက် ဒီဇိုင်း ဖြစ်ပြီး အလွန်လှပပါတယ်။ Selfie Master F7 နဲ့ Find X မှာ စတင် ထည့်သွင်းထားတဲ့ 25MP Selfie Camera ကို Notch မှာ မြှပ်နှံထားပါတယ်။ အနောက်ဘက် ကင်မရာ နှစ်လုံးကိုတော့ မသိရသေးဘဲ ဉာဏ်ရည်တု နည်းပညာများ ပါလာမှာပါ။ သူ့မှာ ယခင် တစ်ပတ်ကမှ မိတ်ဆက်ထားတဲ့ 10nm Process Snapdragon Octa-Core 670 Chipset ထည့်သွင်းထားပါတယ်။ Adreno 615 GPU တပ်ဆင်ထားပါတယ်။

Oppo R17 မှာ လျှင်မြန်စွာအားသွင်းနိုင်တဲ့ VOOC နည်းပညာ ပါလာမှာပါ။ Android Oreo 8.1 အခြေပြု Color OS 5.2 ထည့်သွင်းထားပါတယ်။ 3500mAh Battery ထည့်သွင်းထားပါတယ်။ အပြာနဲ့ ခရမ်းရောင်များ ရွေးချယ်နိုင်ပါတယ်။ အပြာရောင်ဟာ ပတ်ဝန်းကျင်မှ အလင်းရောင် အပေါ် မူတည်ပြီး အစိမ်းရောင်ကို ပြောင်းလဲသွားပါတယ်။ ယခုလ ၁၈ ရက်နေ့မှာ Flash Sale အနေနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply