Xiaomi Mi Pad 4 Plus လာေတာ့မယ္

0
1135

Xiaomi က Mi Pad 4 ရဲ႕ Plus Model ကို မၾကာခင္မွာ မိတ္ဆက္ေတာ့မယ္လို႔ ထင္ရပါတယ္။ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားဟာလည္း ေပါက္ၾကားထြက္ေပၚလာပါတယ္။ သူ႔မွာ Mi Pad 4 ရဲ႕ ၈ လက္မ မ်က္ႏွာျပင္ထက္ ပိုမိုႀကီးမားတဲ့ ၁၀ လက္မ မ်က္ႏွာျပင္ပါလာမယ္လို႔ သိရပါတယ္။ Mi Pad 4 ရဲ႕ စကရင္ အမ်ိဳးအစားမွာ IPS LCD ျဖစ္ၿပီး မ်က္ႏွာျပင္ အရည္အေသြးမွာ 1200x1920p ျဖစ္ပါတယ္။ Mi Pad 4 Plus ရဲ႕ စကရင္ အရည္အေသြးကိုေတာ့ မသိရေသးပါဘူး။

Plus Model ရဲ႕ Chipset ဟာ သာမာန္ ေမာ္ဒယ္နဲ႔ တူညီၿပီး Qualcomm Snapdragon 660 Chipset ျဖစ္ပါတယ္။ သူဟာ Octa-Core အမ်ိဳးအစား ျဖစ္ပါတယ္။ စြမ္းရည္သင့္ Chipset မ်ားထဲမွာ Snapdragon 660 ဟာ အလြန္ ေကာင္းမြန္ၿပီး စြမ္းအင္ စားသံုးမႈကလည္း သက္သာပါတယ္။

Mi Pad 4 မွာ 6000mAh Battery ေတာင္ ထည့္သြင္းထားတာပါ။ Plus Model မွာ အဲဒီထက္ ႀကီးမားတဲ့ဘက္ထရီ ထည့္သြင္းထားႏုိင္ပါတယ္။ 4GB/64GB နဲ႔ 4GB/128GB Model မ်ား ထုတ္လုပ္ထားႏုိင္ပါတယ္။ microSD Card Slot လည္း ပါလာႏုိင္ပါတယ္။ သူ႔မွာ Wi-Fi 802.11 a/b/g/n/ac dual-band, Bluetooth 5.0 Low Energy, GPS with A-GPS, GLONASS, BeiDou, 4G LTE, USB Type-C port မ်ား ပါလာႏိုင္ပါတယ္။

Mi Pad 4 Plus မွာ Android 8.1 Oreo အေျချပဳ MIUI 10 ထည့္သြင္းထားႏိုင္ပါတယ္။ အနက္နဲ႔ ေရႊေရာင္မ်ား ထုတ္လုပ္ထားမွာပါ။

Ref : gsmarena

unicode

Xiaomi Mi Pad 4 Plus လာတော့မယ်

Xiaomi က Mi Pad 4 ရဲ့ Plus Model ကို မကြာခင်မှာ မိတ်ဆက်တော့မယ်လို့ ထင်ရပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူ့မှာ Mi Pad 4 ရဲ့ ၈ လက်မ မျက်နှာပြင်ထက် ပိုမိုကြီးမားတဲ့ ၁၀ လက်မ မျက်နှာပြင်ပါလာမယ်လို့ သိရပါတယ်။ Mi Pad 4 ရဲ့ စကရင် အမျိုးအစားမှာ IPS LCD ဖြစ်ပြီး မျက်နှာပြင် အရည်အသွေးမှာ 1200x1920p ဖြစ်ပါတယ်။ Mi Pad 4 Plus ရဲ့ စကရင် အရည်အသွေးကိုတော့ မသိရသေးပါဘူး။

Plus Model ရဲ့ Chipset ဟာ သာမာန် မော်ဒယ်နဲ့ တူညီပြီး Qualcomm Snapdragon 660 Chipset ဖြစ်ပါတယ်။ သူဟာ Octa-Core အမျိုးအစား ဖြစ်ပါတယ်။ စွမ်းရည်သင့် Chipset များထဲမှာ Snapdragon 660 ဟာ အလွန် ကောင်းမွန်ပြီး စွမ်းအင် စားသုံးမှုကလည်း သက်သာပါတယ်။

Mi Pad 4 မှာ 6000mAh Battery တောင် ထည့်သွင်းထားတာပါ။ Plus Model မှာ အဲဒီထက် ကြီးမားတဲ့ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ 4GB/64GB နဲ့ 4GB/128GB Model များ ထုတ်လုပ်ထားနိုင်ပါတယ်။ microSD Card Slot လည်း ပါလာနိုင်ပါတယ်။ သူ့မှာ Wi-Fi 802.11 a/b/g/n/ac dual-band, Bluetooth 5.0 Low Energy, GPS with A-GPS, GLONASS, BeiDou, 4G LTE, USB Type-C port များ ပါလာနိုင်ပါတယ်။

Mi Pad 4 Plus မှာ Android 8.1 Oreo အခြေပြု MIUI 10 ထည့်သွင်းထားနိုင်ပါတယ်။ အနက်နဲ့ ရွှေရောင်များ ထုတ်လုပ်ထားမှာပါ။

Ref : gsmarena

Leave a Reply