Galaxy S10 တြင္ 5G ကြန္ရက္ေထာက္ပံ့မႈပါဝင္လာအုံးမွာမဟုတ္

0
804

Samsung အေနနဲ႔ Galaxy S10 စမတ္ဖုန္းကို ၂၀၁၉ခုႏွစ္ အေစာပိုင္းမွာ မိတ္ဆက္သြားမွာျဖစ္ၿပီး သူ႕မွာမ်က္ႏွာျပင္ေအာက္ လက္ေဗြဖတ္စနစ္ သုံးလာဖို႔ေသခ်ာေနပါတယ္။ ၿပီးခဲ့တဲ့ရက္ကေတာ့ အဲ့ဒီဖုန္းမွာ 5G သုံးလာမယ္ဆိုတဲ့ သတင္းေတြထြက္ခဲ့ပါေသးတယ္။ သုိ႔ေပမယ့္ Samsung Mobile ရဲ႕ဥကၠ႒ျဖစ္တဲ့ Gao Dongzhen ဟာကိုရီးယား မီဒီယာေတြနဲ႔ အင္တာဗ်ဴးတစ္ခုမွာ စမတ္ဖုန္းသစ္နဲ႔ ပတ္သတ္ၿပီး အဓိကအခ်က္ တစ္ခုကိုေျပာၾကားခဲ့ပါတယ္။ အဲ့ဒါကေတာ့ S10 စမတ္ဖုန္းမွာ 5G ကြန္ရက္ခ်ိတ္ဆက္မႈကို မရႏိုင္ေသးဘူးဆိုတာ ပဲျဖစ္ပါတယ္။

မိုဘိုင္းဖုန္းဆိုင္ရာ ဥကၠ႒အေနနဲ႔ Note9 conference မွာျပဳလုပ္ခဲ့တဲ့ မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ အထက္ပါ အတုိင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ Galaxy S10 ကို အ႐ြယ္အစား ၃မ်ိဴးနဲ႔ ထုတ္လုပ္လာမွာျဖစ္ၿပီး S10 + ကိုေတာ့ ထြက္ရွိထားသမွ် ဖုန္းေတြထဲမွာ မ်က္ႏွာျပင္အႀကီးမားဆံုးျဖစ္တဲ့ 6.44-inch screen နဲ႔ထုတ္လုပ္လာမွာ ျဖစ္တယ္လို႔ သိရပါတယ္။ Samsung အေနနဲ႔တန္ဖိုး ႀကီး ေမာ္ဒယ္ႏွစ္ခုထဲမွ တစ္လံုးရဲ႕ ေဘးဘက္မွာ လက္ေဗြရာ ကိရိယာနဲ႔အတူ Curved အစား Flat Infinity Display တပ္ဆင္ထားမွာပါ။

ေမာ္ဒယ္ျမင့္အလုံးမွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာလည္း ပါလာ ႏုိင္ပါတယ္။ သို႕ေပမယ့္စမတ္ဖုန္း အားလံုးမွာ 3D Face Scanning နည္းပညာလည္း ပါလာႏုိင္တဲ့အျပင္ ဒါ့အျပင္ Iris Scanning လည္း ထည့္ေပးထားမွာပါ။ Galaxy S10 နဲ႔ Galaxy S10 + ဖုန္းေတြအတြက္ code name ကိုေတာ့ Beyond လို႔သတ္မွတ္ထားပါတယ္။  လက္ရွိအခ်ိန္မွာေတာ့ စမတ္ဖုန္းေတြမွာ 5G ကြန္ရက္ခ်ိတ္ဆက္မႈ ရရွိႏုိင္ဖို႔ Samsung အပါအဝင္ အျခားထိပ္တန္း စမတ္ဖုန္းထုတ္လုပ္သူေတြဟာ ႀကိဳးစားေဆာင္ရြက္လ်က္ရွိေနပါတယ္။

unicode

Samsung အနေနဲ့ Galaxy S10 စမတ်ဖုန်းကို ၂၀၁၉ခုနှစ် အစောပိုင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး သူ့မှာမျက်နှာပြင်အောက် လက်ဗွေဖတ်စနစ် သုံးလာဖို့သေချာနေပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ အဲ့ဒီဖုန်းမှာ 5G သုံးလာမယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ သို့ပေမယ့် Samsung Mobile ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ Gao Dongzhen ဟာကိုရီးယား မီဒီယာတွေနဲ့ အင်တာဗျူးတစ်ခုမှာ စမတ်ဖုန်းသစ်နဲ့ ပတ်သတ်ပြီး အဓိကအချက် တစ်ခုကိုပြောကြားခဲ့ပါတယ်။ အဲ့ဒါကတော့ S10 စမတ်ဖုန်းမှာ 5G ကွန်ရက်ချိတ်ဆက်မှုကို မရနိုင်သေးဘူးဆိုတာ ပဲဖြစ်ပါတယ်။

မိုဘိုင်းဖုန်းဆိုင်ရာ ဥက္ကဋ္ဌအနေနဲ့ Note9 conference မှာပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့ အင်တာဗျူးမှာ အထက်ပါ အတိုင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ Galaxy S10 ကို အရွယ်အစား ၃မျိူးနဲ့ ထုတ်လုပ်လာမှာဖြစ်ပြီး S10 + ကိုတော့ ထွက်ရှိထားသမျှ ဖုန်းတွေထဲမှာ မျက်နှာပြင်အကြီးမားဆုံးဖြစ်တဲ့ 6.44-inch screen နဲ့ထုတ်လုပ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ Samsung အနေနဲ့တန်ဖိုး ကြီး မော်ဒယ်နှစ်ခုထဲမှ တစ်လုံးရဲ့ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာနဲ့အတူ Curved အစား Flat Infinity Display တပ်ဆင်ထားမှာပါ။

မော်ဒယ်မြင့်အလုံးမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာလည်း ပါလာ နိုင်ပါတယ်။ သို့ပေမယ့်စမတ်ဖုန်း အားလုံးမှာ 3D Face Scanning နည်းပညာလည်း ပါလာနိုင်တဲ့အပြင် ဒါ့အပြင် Iris Scanning လည်း ထည့်ပေးထားမှာပါ။ Galaxy S10 နဲ့ Galaxy S10 + ဖုန်းတွေအတွက် code name ကိုတော့ Beyond လို့သတ်မှတ်ထားပါတယ်။  လက်ရှိအချိန်မှာတော့ စမတ်ဖုန်းတွေမှာ 5G ကွန်ရက်ချိတ်ဆက်မှု ရရှိနိုင်ဖို့ Samsung အပါအဝင် အခြားထိပ်တန်း စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ကြိုးစားဆောင်ရွက်လျက်ရှိနေပါတယ်။

Leave a Reply