OPPO R17 Pro ရဲ့နောက်ကျောဘက်မှာ ကင်မရာ ၃လုံးတပ်ဆင်လာနိုင်

0
655

OPPO R17 Pro စမတ်ဖုန်းဟာ မိုဘိုင်းဖုန်းဈေးကွက်ထဲကို အံ့သြစရာ ဒီဇိုင်းတွေနဲ့ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ သူ့မှာ  6.4-inch drop screen နဲ့အတူ 8GBRAM + 128GB သိုလှောင်နဲ့ ထွက်လာမှာပါ။ ဒီနေ့မှာ R17 Pro ဖုန်းရဲ့ ကြော်ငြာပုံရိပ်တွေ ထွက်ရှိလာပြီး သူ့ရဲ့နောက်ကျောဘက်မှာ ကင်မရာ၃လုံး တပ်ဆင်ထားတာကို တွေ့ရပါတယ်။

OPPO R17 ရဲ့နောက်ဘက်မှာ  AI smart dual ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီးR17 Pro မှာတော့ AI smart ကင်မရာ၃လုံး တပ်ဆင်လာမှာပါ။ ဒီပုံစံအတိုင်းသာဆိုရင်တော့ Huawei P20 Pro ပြီးနောက် ကင်မရာ၃လုံး တပ်ဆင်ထားတဲ့ ဒုတိယမြောက်ဖုန်းလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ OPPo R17 Pro မှာ ကင်မရာစွမ်းဆောင်ချက်တွေ အနေနဲ့ “Super Night Shot နဲ့ Smart Aperture ” လိုလုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မှာပါ။

Fingerprint Sensor ကို Display ရဲ့အောက်မှာ မြုပ်နှံထားပြီး လက်ချောင်းတွေကို Scan ဖတ်နိုင်ဖို့အတွက် 3P Micro Lens ပါဝင်ပါတယ်။ဈေးနှုန်းကတော့ အရမ်းကြီးမများလောက်ပဲ ယွမ် ၃၀၀၀ ဝန်းကျင်လောက်နဲ့ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။ OPPO R17 Pro ရဲ့ကိုယ်ထည်ဒီဇိုင်းဟာ R17 နဲ့ကွာခြားမှု ရှိမှာမဟုတ်ပဲ ကင်မရာတပ်ဆင်မှု အပိုင်းမှာသာ ကွဲပြားသွားမှာ ဖြစ်ပါတယ်။

unicode

 

Leave a Reply