Huawei Mate 20 Lite ရဲ႕ တိက်တဲ့ ဒီဇုိင္း ပုံရိပ္မ်ားထြက္ရွိလာ

0
755

တရုတ္စမတ္ဖုန္း ထုတ္လုပ္သူျဖစ္တဲ့ Huawei ဟာMate 20 စီးရီးဖုန္းေတြကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနပါၿပီ။ ဒီေန႔မွာေတာ့  Mate 20 Lite ဖုန္းရဲ႕တိက်တဲ့ ဓာတ္ပုံေတြ ေပါက္ၾကားထြက္ေပၚလာပါတယ္။ ဓာတ္ပုံေတြမွာေတာ့Mate 20 Lite ကိုရွင္းလင္းစြာ ျမင္ေတြ႕ရၿပီး အနက္ေရာင္နဲ႔ ေရႊေရာင္ေမာ္ဒယ္ေတြ ျဖစ္ပါတယ္။ ဖုန္းဟာ ခပ္ရွည္ရွည္ဒီဇုိင္းျဖစ္ၿပီး ကင္မရာ ၂လုံးနဲ႔ အတူ လက္ေဗြဖတ္စနစ္ကို ေနာက္ေက်ာဘက္မွာတပ္ဆင္ထားပါတယ္။

Phablet ဖုန္းလို႔သတ္မွတ္ ႏုိင္တဲ့ဒီဖုန္းမွာ 6.3-inch LCD display ျဖစ္ၿပီး 2340 x 1080 pixels ပါဝင္မွာပါ။ ေဘးေဘာင္ေလးေတြဟာ အရမ္းေသးသြယ္လြန္းၿပီး ေအာက္ဘက္ေဘာင္ကေတာ့နည္းနည္းက်ယ္ပါေသးတယ္။

သူ႕မွာ Notch နဲ႔ျဖစ္ၿပီး ပရိုဆက္ဆာပိုင္းမွာ Huawei ရဲ႕ Kirin 710 octa-core SoC ကိုသုံးလာမွာ ျဖစ္ပါတယ္။ 6GB  RAM  ေထာက္ပံ့မႈနဲ႔အတူ 64GB သိုေလွာင္မႈနဲ႔ျဖစ္ၿပီး ထပ္မံတိုးခ်ဲ႕လို႔ ရႏိုင္ပါတယ္။ ကင္မရာ တပ္ဆင္ထားမႈ အပိုင္းမွာေတာ့  20MP + 2MP dual ကိုေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး selfies ကင္မရာကလည္း  24MP + 2MP sensor ျဖစ္မွာပါ။ ဒါေၾကာင့္ အေရွ႕ဘက္ ကင္မရာကိုသုံးၿပီး ဓာတ္ပုံေကာင္းေတြရိုက္ကူးႏိုင္မွာပါ။

OS ပိုင္းမွာေတာ့ Android Oreo 8.1 အေျချပဳ EMUI 8.2 ကိုတပါတည္း ထည့္သြင္းေပး လာမွာပါ။ အရြယ္အစားအေနနဲ႔ 158.3 x 75.3 x 7.6 mm ျဖစ္ၿပီး အေလးခ်ိန္ကေတာ့ 172 ဂရပ္ရွိမွာ ျဖစ္ပါတယ္။ ဘက္ထရီစြမ္းအားအတြက္  3650 mAh ကိုသုံးလာမွာ ျဖစ္ၿပီး Mate 20 Lite ရဲ႕ေစ်းႏႈန္းကေတာ့ ေဒၚလာ၄၀၀ ဝန္းက်င္ျဖစ္ကာ ယခုလကုန္ပိုင္းေလာက္မွာ မိတ္ဆက္ႏိုင္ပါတယ္။

unicode

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူဖြစ်တဲ့ Huawei ဟာMate 20 စီးရီးဖုန်းတွေကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါပြီ။ ဒီနေ့မှာတော့  Mate 20 Lite ဖုန်းရဲ့တိကျတဲ့ ဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဓာတ်ပုံတွေမှာတော့Mate 20 Lite ကိုရှင်းလင်းစွာ မြင်တွေ့ရပြီး အနက်ရောင်နဲ့ ရွှေရောင်မော်ဒယ်တွေ ဖြစ်ပါတယ်။ ဖုန်းဟာ ခပ်ရှည်ရှည်ဒီဇိုင်းဖြစ်ပြီး ကင်မရာ ၂လုံးနဲ့ အတူ လက်ဗွေဖတ်စနစ်ကို နောက်ကျောဘက်မှာတပ်ဆင်ထားပါတယ်။

Phablet ဖုန်းလို့သတ်မှတ် နိုင်တဲ့ဒီဖုန်းမှာ 6.3-inch LCD display ဖြစ်ပြီး 2340 x 1080 pixels ပါဝင်မှာပါ။ ဘေးဘောင်လေးတွေဟာ အရမ်းသေးသွယ်လွန်းပြီး အောက်ဘက်ဘောင်ကတော့နည်းနည်းကျယ်ပါသေးတယ်။

သူ့မှာ Notch နဲ့ဖြစ်ပြီး ပရိုဆက်ဆာပိုင်းမှာ Huawei ရဲ့ Kirin 710 octa-core SoC ကိုသုံးလာမှာ ဖြစ်ပါတယ်။ 6GB  RAM  ထောက်ပံ့မှုနဲ့အတူ 64GB သိုလှောင်မှုနဲ့ဖြစ်ပြီး ထပ်မံတိုးချဲ့လို့ ရနိုင်ပါတယ်။ ကင်မရာ တပ်ဆင်ထားမှု အပိုင်းမှာတော့  20MP + 2MP dual ကိုနောက်ကျောဘက်မှာ တပ်ဆင်ထားပြီး selfies ကင်မရာကလည်း  24MP + 2MP sensor ဖြစ်မှာပါ။ ဒါကြောင့် အရှေ့ဘက် ကင်မရာကိုသုံးပြီး ဓာတ်ပုံကောင်းတွေရိုက်ကူးနိုင်မှာပါ။

OS ပိုင်းမှာတော့ Android Oreo 8.1 အခြေပြု EMUI 8.2 ကိုတပါတည်း ထည့်သွင်းပေး လာမှာပါ။ အရွယ်အစားအနေနဲ့ 158.3 x 75.3 x 7.6 mm ဖြစ်ပြီး အလေးချိန်ကတော့ 172 ဂရပ်ရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီစွမ်းအားအတွက်  3650 mAh ကိုသုံးလာမှာ ဖြစ်ပြီး Mate 20 Lite ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ၄၀၀ ဝန်းကျင်ဖြစ်ကာ ယခုလကုန်ပိုင်းလောက်မှာ မိတ်ဆက်နိုင်ပါတယ်။

Leave a Reply