Galaxy Note 9 ရဲ႕ အေကာင္းဆံုးအခ်က္အလက္ေလးမ်ား

0
910

Zawgyi Version

ေကာလာဟလေတြနဲ႕ ေပါက္ၾကားမႈေပါင္းမ်ားစြာကိုေက်ာ္ျဖတ္ခဲ့ျပီးေနာက္မွာေတာ့ Samsung Galaxy Note 9 ကို ေတြ႕ျမင္ခြင့္ရလိုက္ပါျပီ။ ၾသဂုတ္လ၂၄ရက္ေန႕ကလည္း ရင္ခုန္စရာေစာင့္ၾကိဳေနပါတယ္။ လံုး၀ၾကီးျခားနားသြားတာမဟုတ္ေပမယ့္လည္း အတြင္းပိုင္းကေျပာင္းလဲမႈေတြကေတာ့ အထင္ၾကီးစရာေကာင္းေနတုန္းပဲဆိုတာ သိထားသင့္ပါတယ္။ မ်က္ႏွာျပင္၊ စပီကာ၊ သိုေလွာင္မႈနဲ႕ S-Pen ေတြဟာ တိုးတက္ေကာင္းမြန္လာပါတယ္။ Note 8 ထက္လည္း ၾကီးၾကီးမားမားအဆင့္ျမွင့္ထားတာေတြလည္း ရွိေနပါတယ္။
သတင္းဆိုးကေတာ့ 128GB ဗားရွင္းအတြက္ £899 ေပးရမွာျဖစ္ျပီးေတာ့ 512GB လိုခ်င္တယ္ဆိုရင္ေတာ့ £1099 ဆိုေတာ့ ငိုရမယ့္ကိန္းပါပဲ။ ဒါေတြက သင့္ကိုစိတ္ပ်က္ေအာင္မလုပ္ႏုိင္ဘူးဆိုရင္ေတာ့ အေကာင္းဆံုးေတြကိုစုစည္းေပးထားတဲ့ အခ်က္အလက္ေလးေတြကိုဖတ္ျပီး အားတက္ေအာင္ လုပ္ေဆာင္လိုက္ပါဦး။
၁) အၾကီးမားဆံုး Note


အရင္ႏွစ္ေတြတုန္းကလိုပဲ Note 9 ဟာ Galaxy line-up ထဲမွာ အၾကီးဆံုးျဖစ္ပါတယ္။ ဒီႏွစ္ကေတာ့ အၾကီးတကာ့အၾကီးဆံုးျဖစ္ပါတယ္။ မ်က္ႏွာျပင္ ၆.၄လက္မနဲ႕ အရင္ေမာ္ဒယ္လ္ေတြထက္ ၀.၁လက္မ ပိုၾကီးထားပါတယ္။ Note 9 ရဲ႕ဒီဇိုင္းကေတာ့ ရင္းႏွီးမႈရေနပါတယ္။ Gorilla Glass အေကြးကိုေရွ႕မွာသံုးထားျပီးေတာ့ အေနာက္ဘက္မွာ Gorilla Glass ေလးကိုေကြးညြတ္ထားျပီး diamond-cut aluminium ေလးနဲ႕၀န္းရံထားပါတယ္။ အိတ္ေထာင္ထဲမဆံ့မွာစိတ္ပူေနလား။ 161.9 x 76.4 x 8.8mm နဲ႕ အေလးခ်ိန္ 201g သာ ရွိပါတယ္။ ဒီေတာ့ Note 8 ထက္ 0.2mm ပိုထူျပီး 1.6mm ပဲ ပိုက်ယ္ပါတယ္။ ၅.၈လက္မ iPhone X နဲ႕ယွဥ္လုိက္မယ္ဆိုရင္ေတာ့ ၾကီးတာသိသာပါတယ္။ iPhone X ထက္ 5.5mm ပိုက်ယ္လာပါတယ္။ Samsung က လက္ေဗြစနစ္ကိုလည္း ေနရာခ်ထားတာ အဆင္ေျပလာပါတယ္။ Note 8 တုန္းက ကင္မရာေဘးမွာဆိုေတာ့ အဆင္မေျပခဲ့ပါဘူး။
ကင္မရာရဲ႕ေအာက္မွာ အလည္တည့္တည့္ထားေပးထားတယ္ဆိုေတာ့ လက္တင္ရတာလည္း အဆင္ေျပပါတယ္။
၂) Notch ကင္းစင္ျခင္း


Samsung က Note 9 မွာ Notch ေရစီးေၾကာင္းကို ရပ္တံ့ထားပါတယ္။ Note 8 display မွာလိုပဲ Note 9 ဟာ ေလးေထာင့္မ်က္ႏွာျပင္နဲ႕ ေဘးဘက္မွာ အေကြးေလးေတြကို သံုးထားပါတယ္။
Resolution ကေတာ့ မႏွစ္ကနဲ႕ သိပ္မျခားနားပါဘူး။ 2960 x 1440 pixel နဲ႕ 18.5:9 screen ratio ကို အသံုးျပဳထားပါတယ္။ အိတ္ေထာင္ထဲမွာလည္း ထည့္လို႕အဆင္ေျပပါတယ္။ Note 9 ဟာ Samsung ရဲ႕ အေတာက္ပဆံုး၊ အျပတ္သားဆံုး Super AMOLED panel ကို အသံုးျပဳထားတဲ့အတြက္ေၾကာင့္ သဘာ၀အေရာင္ေလးေတြ၊ tone ေလးေတြကို ယူေဆာင္လာေပးပါတယ္။
၃) S-Pen မွာ Bluetooth ရသြားျခင္း


Note ဖုန္းေတြမွာ S-Penမပါရင္ ျပီးျပည့္စံုမွာ မဟုတ္ပါဘူး။ သူ႕ရဲ႕အဓိက feature ကေတာ့ ၂၀၁၁ခုႏွစ္မွာ စတင္ခဲ့ပါတယ္။ အခုအခ်ိန္မွာ Bluetooth နဲ႕ ခ်ိတ္ဆက္ထားေပးတဲ့အတြက္ေၾကာင့္ ခလုတ္တစ္ခ်က္နဲ႕ command ေပါင္းမ်ားစြာကို ယူေဆာင္ေပးႏုိ္င္ပါတယ္။ အသံုးအ၀င္ဆံုးတစ္ခုကိုေျပာပါဆိုရင္ေတာ့ camera shutter control ပါပဲ။ ဒါေၾကာင့္ timer ခ်ိန္ေနစရာ၊ လက္ယမ္းျပစရာ မလိုေတာ့ဘဲ အုပ္စုလိုက္ရိုက္ခ်က္ေတြကို ရုိက္ႏုိင္ျပီေလ။ YouTube ဗြီဒီယိုေတြကို ဖြင့္ျခင္း၊ ရပ္ျခင္းလည္း လုပ္နုိင္ပါတယ္။ presentation ကိုလည္း ထိန္းခ်ဳပ္ႏုိင္တဲ့အတြက္ေၾကာင့္ ေရွ႕တိုး၊ ေနာက္ဆုတ္ ခ်ိန္လို႕ရပါျပီ။ Samsung ကေတာ့ အမ်ားၾကီးလုပ္ေပးထားပါတယ္။
Bluetooth ဖြင့္ဖို႕အတြက္ S-Pen ေလးက ဘတ္ထရီလိုအပ္ပါတယ္။ သူဟာ မိနစ္၃၀ေလာက္ပဲ ခံႏုိင္ရည္ရွိပါတယ္။ သတင္းေကာင္းကေတာ့ ဖုန္းထဲမွာ ထည့္ထားရင္ကို အားသြင္းေပးမွာပါ။ အားအျပည့္သြင္းဖို႕လည္း တစ္မိနစ္ေတာင္ မၾကာပါဘူး။
အားမသြင္းဘဲနဲ႕လည္း Note သံုးစြဲသူေတြလုပ္ေနက်ျဖစ္တဲ့ ပံုဆြဲတာမ်ိဳးေလာက္ေတာ့ အသံုးျပဳႏုိင္ဦးမွာျဖစ္ပါတယ္။
Samsung ကေတာ့ SDK ကို app developer ေတြဆီေပးအပ္သြားျပီးေတာ့ S-Pen’s Bluetooth functionality ေလးကို သူတို႕နဲ႕အတူ ပူးေပါင္းျပီးေတာ့ ေခတ္သစ္ကိုဖန္တီးေစမယ္လို႕ ေျပာထားပါတယ္။ Spotify support လည္း လိုခ်င္ပါတယ္။
၄) S-Pen တြဲစပ္မႈ


Galaxy Note 9 ကို အေရာင္ေလးေရာင္နဲ႕႕ ထုတ္လုပ္မွာပါ။ midnight black” ၊ “ocean blue”, “lavender purple” နဲ႕ “metallic copper” တို႕ ျဖစ္ပါတယ္။ အေကာင္းဆံုးတစ္ခုကေတာ့ stylus ေတြကိုလည္း ပထမဆံုးအၾကိမ္အျဖစ္ အေရာင္ေျပာင္းထားလိုက္ပါတယ္။ black Note 9 ကို ၀ယ္မယ္ဆိုရင္ေတာ့ black S-Pen ရမွာပါ။ copper နဲ႕ purple ဆိုရင္လည္း သက္ဆုိင္ရာအေရာင္ေလးေတြနဲ႕ ရရွိမွာပါ။ လိုက္ဖက္ညီပါတယ္။ ဒါေပမယ့္ အျပာဗားရွင္းမွာေတာ့ အ၀ါေရာင္ stylus ကို ထည့္သြင္းေပးထားပါတယ္။ ဟုတ္ပါတယ္။ အေရာင္ေတြကို ကစားျပထားတာပါ။ ဒီအတြက္လည္း ဂုဏ္ယူေနပါတယ္။ အေတာ္ေလးေၾကာ္ျငာအားေတြ သံုးထားတဲ့ေမာ္ဒယ္လ္ေလးလို႕ေတာင္ေျပာရမွာပါ။
၅) တစ္ေန႕တာအသံုးခံမယ့္ဘတ္ထရီ


Note 9 ရဲ႕ အားသာခ်က္ၾကီးတစ္ခုကေတာ့ ဘတ္ထရီအၾကီးစားၾကီးပါပဲ။ ပထမဆံုး Note မွာ 2500mAh ပဲ ပါ၀င္ပါတယ္။ Note 8 ကေတာ့ 3500mAh ျဖစ္ပါတယ္။ Note 9 မွာေတာ့ 4000mAh ကို အသံုးျပဳထားပါတယ္။ တစ္ခါအားသြင္းထားရင္ ႏွစ္ရက္၊ သံုးရက္ေလာက္ခံတယ္လို႕ ေျပာထားတာမ်ိဳးေတာ့ မရွိေသးပါဘူး။ ဒါဟာ ကၽြန္ေတာ္တို႕ကို အသည္းအသန္သံုးေနတဲ့သူေတြအတြက္ အဆင္မေျပႏုိင္ဘူးဆိုတာ သူတို႕သိတယ္ေလ။ ဒါေပမယ့္လည္း ဒီပမာဏနဲ႕ OLED screen ၊ ပါ၀ါစီမံမႈေကာင္းေကာင္းနဲ႕ဆိုေတာ့ အိပ္ယာကနိုးတဲ့အခ်ိန္အထိေအာင္ အားက်န္ေနဦးမွာပါ။
“all-day battery life” ဆိုတာေလးကို ကၽြန္ေတာ္တို႕ ေမွ်ာ္လင့္တၾကီးေစာင့္ေနပါတယ္။
Note 9 ဟာ အားအျမန္သြင္းကို ၾကိဳးနဲ႕ေရာ၊ ၾကိဳးမဲ့ပါ ေထာက္ပံ့ေပးထားပါတယ္။ ဒီေတာ့ ႏွစ္နာရီေအာက္သြင္းလိုက္တာနဲ႕ အားျပည့္မယ္လို႕ ေမွ်ာ္လင့္ထားလိုက္ပါ။
၆) စြမ္းေဆာင္ရည္ျမင့္မား


၂၀၁၈ရဲ႕ ထိပ္တန္း Samsung ဖုန္းျဖစ္တာမို႕ Note 9 ဟာ CPU ႏွစ္မ်ိဳးကိုအသံုးျပဳထားပါတယ္။ တစ္ခုကေတာ့ Qualcomm ၊ တစ္ခုကေတာ့ Samsung ကိုယ္ပုိင္ျဖစ္ျပီး ေဒသအလိုက္ ကြဲျပားသြားမွာပါ။
Samsung က နာမည္ကိုမေျပာေသးပါဘူး။ ဒါေပမယ့္လည္း Galaxy S9 မွာ အသံုးျပဳခဲ့တဲ့ Snapdragon 845 နဲ႕ Samsung Exynos 8910 ျဖစ္နုိင္ပါတယ္။ ဒါေၾကာင့္ ယူေကမွာ Samsung Exynos 8910 ကို ေတြ႕ျမင္ႏုိင္မွာပါ။ octa-core CPU ၊ 2.7 GHz “Mongoose” core ေလးလံုးနဲ႕ 1.8 GHz Cortex-A55 core ေလးလံုးတပ္ဆင္ထားပါတယ္။ Mali-G72 graphics chip 18 core ျဖစ္ျပီး ဂိမ္းကစားတဲ့ေနရာမွာ အရမ္းမိုက္ပါတယ္။ Fortnite ရတဲ့ ပထမဆံုးေသာ Android ဖုန္းျဖစ္လာျပီေလ။ RAM ကေတာ့ ေမာ္ဒယ္လ္အေပၚမွာမူတည္ပါတယ္။ 128GB Note 9 ကေတာ့ 6GB RAM, ျဖစ္ျပီး 512GB version ကေတာ့ 8GB ျဖစ္ပါတယ္။
၇) PC အေနနဲ႕လည္း အသံုးျပဳႏုိင္


Note 9 မွာ DeX built-in ပါ၀င္လာပါတယ္။ Galaxy S8 နဲ႕ S9 မွာ အသံုးျပဳႏုိင္ေပမယ့္လည္း dock accessory လိုအပ္ပါတယ္။ ေစ်းကလည္း မနည္းပါဘူး။ အခုအခ်ိန္မွာေတာ့ £30 HDMI adapter ေလးပဲ လိုအပ္ပါေတာ့တယ္။ ဒီေတာ့ DeX က ဘာၾကီးလဲ။
Note 9 ကို monitor or TV မွာ တပ္ဆင္ျပီးေတာ့ Windows 10 or MacOS ပံုစံနဲ႕ ခံစားၾကည့္လို႕ရမွာပါ။ Bluetooth keyboard or mouse နဲ႕ တြဲဖက္ျပီးေတာ့ desktop PC တစ္လံုးလို အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ Windows applications ေတြကို ခ်က္ခ်င္းအသံုးျပဳလို႕မရေသးေပမယ့္လည္း Microsoft Word, Excel နဲ႕ app အေတာ္မ်ားမ်ားကို ထည့္သြင္းေပးထားမွာပါ။ DeX လိုသံုးမယ္ဆိုရင္ Note 9 ကို touchpad အေနနဲ႕လည္း အသံုးျပဳႏုိင္ပါေသးတယ္။ big-screen PC-type experience လိုခ်င္တယ္ဆိုရင္ေတာ့ DeX က အလုပ္ျဖစ္ပါတယ္။
၈) 1TB သိုေလွာင္မႈေပးႏုိင္ျခင္း


Note series ေတြဟာ မ်ားမ်ားလုိခ်င္တဲ့သူေတြအတြက္ဆိုတာ ေျပာစရာလိုေသးလား။ ဒါဟာ ultra-nerd ေတြအတြက္ရည္စူးထုတ္ထားတာလိုေတာင္ ေျပာလို႕ရပါတယ္။ အရွင္းဆံုးကေတာ့ သိုေလွာင္မႈပါပဲ။ entry-level Note 9 ဟာ 128GB ျဖစ္ျပီးေတာ့ iPhone X ရဲ႕ ႏွစ္ဆျဖစ္ပါတယ္။ 512GB ဗားရွင္းလည္းရွိျပီးေတာ့ ဖုန္းတစ္လံုးအတြက္ဆိုရင္ေတာ့ ရယ္စရာျဖစ္ေနပါတယ္။ ကၽြန္ေတာ္တို႕ဟာ သီခ်င္းနဲ႕ဗြီဒီယိုေတြကို stream ေနတဲ့ေခတ္ကိုေရာက္ေနတာမလား။ ဒါေပမယ့္လည္း Note fan ေတြကေတာ့ အၾကိဳက္ေတြ႕မွာက်ိန္းေသပါတယ္။ အျခားေသာ ထုတ္လုပ္သူေတြအတြက္ သိုေလွာင္မႈမ်ားခ်င္ရင္ microSD card ထည့္လို႕ရေအာင္လုပ္ေပးလုိက္ေပမယ့္လည္း သူကေတာ့ မဟုတ္ပါဘူး။ microSD ထည့္လို႕ရေအာင္လုပ္ေပးတဲ့အျပင္ ပမာဏ 512GB အထိ အသံုးျပဳခြင့္ေပးထားပါတယ္။
1TB သိုေလွာင္မႈနဲ႕ ဘာလုပ္ရမလဲ။ ကၽြန္ေတာ္လည္း မသိေသးပါဘူး။ ေတာ္ေတာ္ၾကီးေနတယ္လို႕ျမင္မိပါတယ္။ ဒါေပမယ့္ အၾကိဳက္ဆံုးသီခ်င္းနဲ႕ ဇာတ္ကားေတြကို စုစည္းထားလိုက္ေပါ့။
၉) ကင္မရာက အသစ္အဆန္းေတာ့မဟုတ္ေပမယ့္ စမတ္ပိုျဖစ္လာ


Samsung က ကင္မရာကို လံုး၀ေျပာင္းလိုက္တာမ်ိဳး မလုပ္ထားပါဘူး။ Galaxy S9+ နဲ႕ အတူတူေလာက္ပါပဲ။ 12MP main rear sensor နဲ႕ 2x zoom lens ကို တြဲဖက္ထားျပီး 8MP selfie cam ကို အသံုးျပဳထားပါတယ္။ ေျပာစရာေတာ့မရွိပါဘူး။ S9+ ကင္မရာကလည္း ဒီႏွစ္အတြက္ အၾကိဳက္ဆံုးျဖစ္ေနလို႕ပါ။ “intelligent camera” software mode ေလး အသစ္ပါလာပါတယ္။ camera’s settings ကို ရိုက္ကူးေနတဲ့အရာကို မူတည္ျပီးေတာ့ အလိုေလ်ာက္ခ်ိန္ညွိေပးသြားမွာပါ။ ျပန္ရုိက္ကူးသင့္တယ္ဆိုရင္လည္း အခ်က္ျပေပးသြားမွာပါ။ ၀ါးေနတာ၊ focus လြတ္ေနတာမ်ိဳးေတြကို ေျပာျပေပးႏိုင္ပါတယ္။ အုပ္စုလိုက္ရုိက္တဲ့အခါ မ်က္လံုးမွိတ္ေနတာမ်ိဳးအတြက္လည္း ျပန္လည္ရိုက္ကူးႏုိင္ေစမွာပါ။
၁၀) အသံအေကာင္းဆံုး Note အျဖစ္ ရပ္တည္ေန


2018 မွာ Samsung က စပီကာအရည္အေသြးကို အေတာ္ေလးျမွင့္ထားပါတယ္။ Galaxy S9+ မွာ ေတြ႕ျမင္ခဲ့ရသလိုမ်ိဳးပဲေပါ့။ ဒါကေတာ့ stereo စပီကာေတြကို အသံုးျပဳထားပါတယ္။ headphone maker ထဲမွာ ဆရာၾကီးျဖစ္တဲ့ AKG နဲ႕ ပူးေပါင္းထားတာပါ။ ျပီးေတာ့ AKG earphone ေလးကို ဘူးထဲမွာ ေတြ႕ျမင္ရႏုိင္ပါတယ္။
ကိုယ့္ဘာသာသံုးခ်င္တာလား။ 3.5mm headphone jack ကိုထည့္ေပးထားတယ္ေလ။ ကဲ နားဆင္ေပေတာ့။

Unicode Version

ကောလာဟလတွေနဲ့ ပေါက်ကြားမှုပေါင်းများစွာကိုကျော်ဖြတ်ခဲ့ပြီးနောက်မှာတော့ Samsung Galaxy Note 9 ကို တွေ့မြင်ခွင့်ရလိုက်ပါပြီ။ သြဂုတ်လ၂၄ရက်နေ့ကလည်း ရင်ခုန်စရာစောင့်ကြိုနေပါတယ်။ လုံးဝကြီးခြားနားသွားတာမဟုတ်ပေမယ့်လည်း အတွင်းပိုင်းကပြောင်းလဲမှုတွေကတော့ အထင်ကြီးစရာကောင်းနေတုန်းပဲဆိုတာ သိထားသင့်ပါတယ်။ မျက်နှာပြင်၊ စပီကာ၊ သိုလှောင်မှုနဲ့ S-Pen တွေဟာ တိုးတက်ကောင်းမွန်လာပါတယ်။ Note 8 ထက်လည်း ကြီးကြီးမားမားအဆင့်မြှင့်ထားတာတွေလည်း ရှိနေပါတယ်။
သတင်းဆိုးကတော့ 128GB ဗားရှင်းအတွက် £899 ပေးရမှာဖြစ်ပြီးတော့ 512GB လိုချင်တယ်ဆိုရင်တော့ £1099 ဆိုတော့ ငိုရမယ့်ကိန်းပါပဲ။ ဒါတွေက သင့်ကိုစိတ်ပျက်အောင်မလုပ်နိုင်ဘူးဆိုရင်တော့ အကောင်းဆုံးတွေကိုစုစည်းပေးထားတဲ့ အချက်အလက်လေးတွေကိုဖတ်ပြီး အားတက်အောင် လုပ်ဆောင်လိုက်ပါဦး။
၁) အကြီးမားဆုံး Note


အရင်နှစ်တွေတုန်းကလိုပဲ Note 9 ဟာ Galaxy line-up ထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ဒီနှစ်ကတော့ အကြီးတကာ့အကြီးဆုံးဖြစ်ပါတယ်။ မျက်နှာပြင် ၆.၄လက်မနဲ့ အရင်မော်ဒယ်လ်တွေထက် ဝ.၁လက်မ ပိုကြီးထားပါတယ်။ Note 9 ရဲ့ဒီဇိုင်းကတော့ ရင်းနှီးမှုရနေပါတယ်။ Gorilla Glass အကွေးကိုရှေ့မှာသုံးထားပြီးတော့ အနောက်ဘက်မှာ Gorilla Glass လေးကိုကွေးညွတ်ထားပြီး diamond-cut aluminium လေးနဲ့ဝန်းရံထားပါတယ်။ အိတ်ထောင်ထဲမဆံ့မှာစိတ်ပူနေလား။ 161.9 x 76.4 x 8.8mm နဲ့ အလေးချိန် 201g သာ ရှိပါတယ်။ ဒီတော့ Note 8 ထက် 0.2mm ပိုထူပြီး 1.6mm ပဲ ပိုကျယ်ပါတယ်။ ၅.၈လက်မ iPhone X နဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ ကြီးတာသိသာပါတယ်။ iPhone X ထက် 5.5mm ပိုကျယ်လာပါတယ်။ Samsung က လက်ဗွေစနစ်ကိုလည်း နေရာချထားတာ အဆင်ပြေလာပါတယ်။ Note 8 တုန်းက ကင်မရာဘေးမှာဆိုတော့ အဆင်မပြေခဲ့ပါဘူး။
ကင်မရာရဲ့အောက်မှာ အလည်တည့်တည့်ထားပေးထားတယ်ဆိုတော့ လက်တင်ရတာလည်း အဆင်ပြေပါတယ်။
၂) Notch ကင်းစင်ခြင်း


Samsung က Note 9 မှာ Notch ရေစီးကြောင်းကို ရပ်တံ့ထားပါတယ်။ Note 8 display မှာလိုပဲ Note 9 ဟာ လေးထောင့်မျက်နှာပြင်နဲ့ ဘေးဘက်မှာ အကွေးလေးတွေကို သုံးထားပါတယ်။
Resolution ကတော့ မနှစ်ကနဲ့ သိပ်မခြားနားပါဘူး။ 2960 x 1440 pixel နဲ့ 18.5:9 screen ratio ကို အသုံးပြုထားပါတယ်။ အိတ်ထောင်ထဲမှာလည်း ထည့်လို့အဆင်ပြေပါတယ်။ Note 9 ဟာ Samsung ရဲ့ အတောက်ပဆုံး၊ အပြတ်သားဆုံး Super AMOLED panel ကို အသုံးပြုထားတဲ့အတွက်ကြောင့် သဘာဝအရောင်လေးတွေ၊ tone လေးတွေကို ယူဆောင်လာပေးပါတယ်။
၃) S-Pen မှာ Bluetooth ရသွားခြင်း


Note ဖုန်းတွေမှာ S-Penမပါရင် ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ သူ့ရဲ့အဓိက feature ကတော့ ၂၀၁၁ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အခုအချိန်မှာ Bluetooth နဲ့ ချိတ်ဆက်ထားပေးတဲ့အတွက်ကြောင့် ခလုတ်တစ်ချက်နဲ့ command ပေါင်းများစွာကို ယူဆောင်ပေးနိုင်ပါတယ်။ အသုံးအဝင်ဆုံးတစ်ခုကိုပြောပါဆိုရင်တော့ camera shutter control ပါပဲ။ ဒါကြောင့် timer ချိန်နေစရာ၊ လက်ယမ်းပြစရာ မလိုတော့ဘဲ အုပ်စုလိုက်ရိုက်ချက်တွေကို ရိုက်နိုင်ပြီလေ။ YouTube ဗွီဒီယိုတွေကို ဖွင့်ခြင်း၊ ရပ်ခြင်းလည်း လုပ်နိုင်ပါတယ်။ presentation ကိုလည်း ထိန်းချုပ်နိုင်တဲ့အတွက်ကြောင့် ရှေ့တိုး၊ နောက်ဆုတ် ချိန်လို့ရပါပြီ။ Samsung ကတော့ အများကြီးလုပ်ပေးထားပါတယ်။
Bluetooth ဖွင့်ဖို့အတွက် S-Pen လေးက ဘတ်ထရီလိုအပ်ပါတယ်။ သူဟာ မိနစ်၃၀လောက်ပဲ ခံနိုင်ရည်ရှိပါတယ်။ သတင်းကောင်းကတော့ ဖုန်းထဲမှာ ထည့်ထားရင်ကို အားသွင်းပေးမှာပါ။ အားအပြည့်သွင်းဖို့လည်း တစ်မိနစ်တောင် မကြာပါဘူး။
အားမသွင်းဘဲနဲ့လည်း Note သုံးစွဲသူတွေလုပ်နေကျဖြစ်တဲ့ ပုံဆွဲတာမျိုးလောက်တော့ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
Samsung ကတော့ SDK ကို app developer တွေဆီပေးအပ်သွားပြီးတော့ S-Pen’s Bluetooth functionality လေးကို သူတို့နဲ့အတူ ပူးပေါင်းပြီးတော့ ခေတ်သစ်ကိုဖန်တီးစေမယ်လို့ ပြောထားပါတယ်။ Spotify support လည်း လိုချင်ပါတယ်။
၄) S-Pen တွဲစပ်မှု


Galaxy Note 9 ကို အရောင်လေးရောင်နဲ့ ထုတ်လုပ်မှာပါ။ midnight black” ၊ “ocean blue”, “lavender purple” နဲ့ “metallic copper” တို့ ဖြစ်ပါတယ်။ အကောင်းဆုံးတစ်ခုကတော့ stylus တွေကိုလည်း ပထမဆုံးအကြိမ်အဖြစ် အရောင်ပြောင်းထားလိုက်ပါတယ်။ black Note 9 ကို ဝယ်မယ်ဆိုရင်တော့ black S-Pen ရမှာပါ။ copper နဲ့ purple ဆိုရင်လည်း သက်ဆိုင်ရာအရောင်လေးတွေနဲ့ ရရှိမှာပါ။ လိုက်ဖက်ညီပါတယ်။ ဒါပေမယ့် အပြာဗားရှင်းမှာတော့ အဝါရောင် stylus ကို ထည့်သွင်းပေးထားပါတယ်။ ဟုတ်ပါတယ်။ အရောင်တွေကို ကစားပြထားတာပါ။ ဒီအတွက်လည်း ဂုဏ်ယူနေပါတယ်။ အတော်လေးကြော်ငြာအားတွေ သုံးထားတဲ့မော်ဒယ်လ်လေးလို့တောင်ပြောရမှာပါ။
၅) တစ်နေ့တာအသုံးခံမယ့်ဘတ်ထရီ


Note 9 ရဲ့ အားသာချက်ကြီးတစ်ခုကတော့ ဘတ်ထရီအကြီးစားကြီးပါပဲ။ ပထမဆုံး Note မှာ 2500mAh ပဲ ပါဝင်ပါတယ်။ Note 8 ကတော့ 3500mAh ဖြစ်ပါတယ်။ Note 9 မှာတော့ 4000mAh ကို အသုံးပြုထားပါတယ်။ တစ်ခါအားသွင်းထားရင် နှစ်ရက်၊ သုံးရက်လောက်ခံတယ်လို့ ပြောထားတာမျိုးတော့ မရှိသေးပါဘူး။ ဒါဟာ ကျွန်တော်တို့ကို အသည်းအသန်သုံးနေတဲ့သူတွေအတွက် အဆင်မပြေနိုင်ဘူးဆိုတာ သူတို့သိတယ်လေ။ ဒါပေမယ့်လည်း ဒီပမာဏနဲ့ OLED screen ၊ ပါဝါစီမံမှုကောင်းကောင်းနဲ့ဆိုတော့ အိပ်ယာကနိုးတဲ့အချိန်အထိအောင် အားကျန်နေဦးမှာပါ။
“all-day battery life” ဆိုတာလေးကို ကျွန်တော်တို့ မျှော်လင့်တကြီးစောင့်နေပါတယ်။
Note 9 ဟာ အားအမြန်သွင်းကို ကြိုးနဲ့ရော၊ ကြိုးမဲ့ပါ ထောက်ပံ့ပေးထားပါတယ်။ ဒီတော့ နှစ်နာရီအောက်သွင်းလိုက်တာနဲ့ အားပြည့်မယ်လို့ မျှော်လင့်ထားလိုက်ပါ။
၆) စွမ်းဆောင်ရည်မြင့်မား


၂၀၁၈ရဲ့ ထိပ်တန်း Samsung ဖုန်းဖြစ်တာမို့ Note 9 ဟာ CPU နှစ်မျိုးကိုအသုံးပြုထားပါတယ်။ တစ်ခုကတော့ Qualcomm ၊ တစ်ခုကတော့ Samsung ကိုယ်ပိုင်ဖြစ်ပြီး ဒေသအလိုက် ကွဲပြားသွားမှာပါ။
Samsung က နာမည်ကိုမပြောသေးပါဘူး။ ဒါပေမယ့်လည်း Galaxy S9 မှာ အသုံးပြုခဲ့တဲ့ Snapdragon 845 နဲ့ Samsung Exynos 8910 ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ယူကေမှာ Samsung Exynos 8910 ကို တွေ့မြင်နိုင်မှာပါ။ octa-core CPU ၊ 2.7 GHz “Mongoose” core လေးလုံးနဲ့ 1.8 GHz Cortex-A55 core လေးလုံးတပ်ဆင်ထားပါတယ်။ Mali-G72 graphics chip 18 core ဖြစ်ပြီး ဂိမ်းကစားတဲ့နေရာမှာ အရမ်းမိုက်ပါတယ်။ Fortnite ရတဲ့ ပထမဆုံးသော Android ဖုန်းဖြစ်လာပြီလေ။ RAM ကတော့ မော်ဒယ်လ်အပေါ်မှာမူတည်ပါတယ်။ 128GB Note 9 ကတော့ 6GB RAM, ဖြစ်ပြီး 512GB version ကတော့ 8GB ဖြစ်ပါတယ်။
၇) PC အနေနဲ့လည်း အသုံးပြုနိုင်


Note 9 မှာ DeX built-in ပါဝင်လာပါတယ်။ Galaxy S8 နဲ့ S9 မှာ အသုံးပြုနိုင်ပေမယ့်လည်း dock accessory လိုအပ်ပါတယ်။ ဈေးကလည်း မနည်းပါဘူး။ အခုအချိန်မှာတော့ £30 HDMI adapter လေးပဲ လိုအပ်ပါတော့တယ်။ ဒီတော့ DeX က ဘာကြီးလဲ။
Note 9 ကို monitor or TV မှာ တပ်ဆင်ပြီးတော့ Windows 10 or MacOS ပုံစံနဲ့ ခံစားကြည့်လို့ရမှာပါ။ Bluetooth keyboard or mouse နဲ့ တွဲဖက်ပြီးတော့ desktop PC တစ်လုံးလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Windows applications တွေကို ချက်ချင်းအသုံးပြုလို့မရသေးပေမယ့်လည်း Microsoft Word, Excel နဲ့ app အတော်များများကို ထည့်သွင်းပေးထားမှာပါ။ DeX လိုသုံးမယ်ဆိုရင် Note 9 ကို touchpad အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။ big-screen PC-type experience လိုချင်တယ်ဆိုရင်တော့ DeX က အလုပ်ဖြစ်ပါတယ်။
၈) 1TB သိုလှောင်မှုပေးနိုင်ခြင်း


Note series တွေဟာ များများလိုချင်တဲ့သူတွေအတွက်ဆိုတာ ပြောစရာလိုသေးလား။ ဒါဟာ ultra-nerd တွေအတွက်ရည်စူးထုတ်ထားတာလိုတောင် ပြောလို့ရပါတယ်။ အရှင်းဆုံးကတော့ သိုလှောင်မှုပါပဲ။ entry-level Note 9 ဟာ 128GB ဖြစ်ပြီးတော့ iPhone X ရဲ့ နှစ်ဆဖြစ်ပါတယ်။ 512GB ဗားရှင်းလည်းရှိပြီးတော့ ဖုန်းတစ်လုံးအတွက်ဆိုရင်တော့ ရယ်စရာဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ သီချင်းနဲ့ဗွီဒီယိုတွေကို stream နေတဲ့ခေတ်ကိုရောက်နေတာမလား။ ဒါပေမယ့်လည်း Note fan တွေကတော့ အကြိုက်တွေ့မှာကျိန်းသေပါတယ်။ အခြားသော ထုတ်လုပ်သူတွေအတွက် သိုလှောင်မှုများချင်ရင် microSD card ထည့်လို့ရအောင်လုပ်ပေးလိုက်ပေမယ့်လည်း သူကတော့ မဟုတ်ပါဘူး။ microSD ထည့်လို့ရအောင်လုပ်ပေးတဲ့အပြင် ပမာဏ 512GB အထိ အသုံးပြုခွင့်ပေးထားပါတယ်။
1TB သိုလှောင်မှုနဲ့ ဘာလုပ်ရမလဲ။ ကျွန်တော်လည်း မသိသေးပါဘူး။ တော်တော်ကြီးနေတယ်လို့မြင်မိပါတယ်။ ဒါပေမယ့် အကြိုက်ဆုံးသီချင်းနဲ့ ဇာတ်ကားတွေကို စုစည်းထားလိုက်ပေါ့။
၉) ကင်မရာက အသစ်အဆန်းတော့မဟုတ်ပေမယ့် စမတ်ပိုဖြစ်လာ


Samsung က ကင်မရာကို လုံးဝပြောင်းလိုက်တာမျိုး မလုပ်ထားပါဘူး။ Galaxy S9+ နဲ့ အတူတူလောက်ပါပဲ။ 12MP main rear sensor နဲ့ 2x zoom lens ကို တွဲဖက်ထားပြီး 8MP selfie cam ကို အသုံးပြုထားပါတယ်။ ပြောစရာတော့မရှိပါဘူး။ S9+ ကင်မရာကလည်း ဒီနှစ်အတွက် အကြိုက်ဆုံးဖြစ်နေလို့ပါ။ “intelligent camera” software mode လေး အသစ်ပါလာပါတယ်။ camera’s settings ကို ရိုက်ကူးနေတဲ့အရာကို မူတည်ပြီးတော့ အလိုလျောက်ချိန်ညှိပေးသွားမှာပါ။ ပြန်ရိုက်ကူးသင့်တယ်ဆိုရင်လည်း အချက်ပြပေးသွားမှာပါ။ ဝါးနေတာ၊ focus လွတ်နေတာမျိုးတွေကို ပြောပြပေးနိုင်ပါတယ်။ အုပ်စုလိုက်ရိုက်တဲ့အခါ မျက်လုံးမှိတ်နေတာမျိုးအတွက်လည်း ပြန်လည်ရိုက်ကူးနိုင်စေမှာပါ။
၁၀) အသံအကောင်းဆုံး Note အဖြစ် ရပ်တည်နေ

2018 မှာ Samsung က စပီကာအရည်အသွေးကို အတော်လေးမြှင့်ထားပါတယ်။ Galaxy S9+ မှာ တွေ့မြင်ခဲ့ရသလိုမျိုးပဲပေါ့။ ဒါကတော့ stereo စပီကာတွေကို အသုံးပြုထားပါတယ်။ headphone maker ထဲမှာ ဆရာကြီးဖြစ်တဲ့ AKG နဲ့ ပူးပေါင်းထားတာပါ။ ပြီးတော့ AKG earphone လေးကို ဘူးထဲမှာ တွေ့မြင်ရနိုင်ပါတယ်။
ကိုယ့်ဘာသာသုံးချင်တာလား။ 3.5mm headphone jack ကိုထည့်ပေးထားတယ်လေ။ ကဲ နားဆင်ပေတော့။

Leave a Reply