Galaxy Note 9 ကို Galaxy Note 8 ေတြအေနနဲ႕ ေျပာင္းကိုင္သင့္လား

0
1240

Zawgyi Version

Galaxy Note 9 ကေတာ့ တရား၀င္ထြက္ရွိလာခဲ့ျပီးေတာ့ Note 8 ကို ျပင္ဆင္မႈအနည္းငယ္ျပဳလုပ္ထားပါတယ္။ ဟုတ္ပါတယ္။ ေသခ်ာၾကည့္လိုက္မယ္ဆုိရင္ေတာ့ သိသာတဲ့ေျပာင္းလဲမႈေတြကို ေတြ႕ျမင္ရမွာပါ။ ငိုခ်င္စရာေစ်းႏႈန္းနဲ႕ Displays ကိုပဲျမင္မွာ မဟုတ္ေတာ့ပါဘူး။

ၾကီးၾကီးမားမားေျပာင္းလဲသြားတာမဟုတ္ေပမယ့္လည္း Galaxy Note 9 ဟာ အၾကီးဆံုးေသာ display ကို တပ္ဆင္ထားပါတယ္။

  • Galaxy Note 9 – 6.4-inch, 18.5:9 aspect ratio, Super AMOLED, 1440 x 2960 pixels (516 ppi pixel density), 83.4% screen-to-body ratio, HDR10 compliant, Corning Gorilla Glass 5
  • Galaxy Note 8 – 6.3-inch, 18.5:9 aspect ratio, Super AMOLED, 1440 x 2960 pixels (521 ppi pixel density), 83.2% screen-to-body ratio, HDR10 compliant, Corning Gorilla Glass 5

ဒါ့အျပင္ screen-to-body ratio လည္း ပိုျမင့္လာျပီးေတာ့ pixel density လည္းနည္းသြားပါတယ္။ ဒါေပမယ့္လည္း အျခားသူေတြ ဒီလိုေျပာင္းလဲမႈကို သိပါ့မလားလို႕ ေတြးမိပါေသးတယ္။

panel upgrade လုပ္ထားတာမ်ိဳးမဟုတ္ေပမယ့္လည္း display ဟာ ပိုေတာက္ပလာသလို ကာလာေတြလည္း ပိုမိုတိက်လာပါတယ္။

Design & Size – ျခားနားမႈေတြကို အေသးစိတ္ၾကည့္ရေအာင္

Galaxy Note 9 နဲ႕ Galaxy Note 8 ကို ကိုင္ထားျပီးေတာ့ ဘာေတြျခားနားသလဲလို႕ ေမးလုိက္ရင္ အရြယ္အစားၾကီးလာတာနဲ႕ အေလးခ်ိန္ေလးကိုပဲ သိၾကမွာပါ။

  • Galaxy Note 9 – 161.9 x 76.4 x 8.8 mm (6.37 x 3.01 x 0.35 in), 201 g (7.09 oz)
  • Galaxy Note 8 – 162.5 x 74.8 x 8.6 mm (6.40 x 2.94 x 0.34 in), 195 g (6.88 oz)

စမတ္ဖုန္းေတြအတြက္ ပိုထူ၊ ပိုေလးလာရင္ အံ့ၾသစရာျဖစ္ေပမယ့္လည္း ျခားနားခ်က္ေလးေတြရွိေနပါေသးတယ္။ မ်က္ႏွာျပင္ပိုၾကီးလာလို႕ ၊ ဘတ္ထရီေတြပိုၾကီးလာလို႕ဆိုတာလည္း ထည့္သြင္းစဥ္းစားရဦးမွာပါ။

အခ်ိဳးအစားေတြအျပင္ Samsung က လွည့္စားခ်က္ေတြနည္းနည္း ထည့္ထားပါတယ္။ stereo speaker နဲ႕ Dolby Atmos တို႕ကိုေပါင္းစပ္ထားတာပါ။ fingerprint sensor ကိုုလည္း Galaxy S9 မွာလုပ္သလိုမ်ိဳး အလယ္ကိုတုိးေပးထားပါတယ္။

ေနာက္တစ္ခုကေတာ့ အ၀ါေတာက္ေတာက္ S Pen ေလးပါ။ ပထမဆံုးအၾကိမ္အေနနဲ႕ Bluetooth LE ထည့္ေပးထားတာဆိုေတာ့ လုပ္ေဆာင္ခ်က္ေတြက အေ၀းထိန္းခလုတ္တစ္ခုသဖြယ္ ျဖစ္လာပါတယ္။ ကင္မရာဖြင့္မလား။ သီခ်င္းဖြင့္မလား။ presentation ျပမလား။ S Pen အသစ္ေလးဟာ Galaxy Note အတြင္းထဲမွာ အလိုအေလ်ာက္အားသြင္းမွာျဖစ္တဲ့အတြက္ေၾကာင့္ ဖုန္းရဲ႕ဘတ္ထရီကို နည္းနည္းပဲသံုးရင္းနဲ႕ အဆင္သင့္ျဖစ္ေနမွာပါ။ တူညီတာကေတာ့ 4,096 pressure sensitivity ပါပဲ။ ဒါေပမယ့္လည္း လံုေလာက္ပါပဲ။

IP68 လည္း အတူတူ၊ USB-C charging ၊ 3.5mm headphone jack ၊ microSD card slot ကေတာ့ 512GB အထိ ျဖစ္လာပါတယ္။ Note 8 ကေတာ့ 256GB ပဲ ထည့္လို႕ရမွာပါ။

ကင္မရာ – ႏွစ္ဆတုိးထားပါတယ္

Galaxy Note 9 မွာ Galaxy S9 Plus နဲ႕ hardware အတူတူေလာက္ပါပဲ။ 12MP ကင္မရာႏွစ္လံုးကို အေနာက္ဘက္မွာ အသံုးျပဳထားျပီးေတာ့ dual aperture lens F2.4 နဲ႕ F1.5 ကို အသံုးျပဳထားပါတယ္။ Note 8 ကေတာ့ standard F1.7 sensor ပဲ သံုးထားတာပါ။ secondary module ကေတာ့ 2x optical zoom ျဖစ္ပါတယ္။ Huawei ကေတာ့ 3x နဲ႕ P20 Pro ကို အထင္ၾကီးေအာင္ လုပ္ေပးထားပါတယ္။

ဒါေတြျပီးေနာက္မွာေတာ့ Galaxy Note 9 camera hardware ေတြက Note 8 ကေန ေျပာင္းသြားတာမ်ိဳး မရွိပါဘူး။ focus လုပ္ထားတာကေတာ့ ဓါတ္ပံုအရည္အေသြးနဲ႕ လုပ္ေဆာင္မႈအပိုင္းပါပဲ။ Samsung က Galaxy S9 ကတည္းက ‘Scene Optimizer’ ထည့္ေပးထားျပီးေတာ့ ဒီအပိုု္င္းကို အားထည့္လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ S9 ကိုေတာ့ Google’s 2017 Pixel 2 က အသာရေနတုန္းပါပဲ။

Samsung က Note 8 ကေန ေျခလွမ္းေျပာင္းလုိက္တာကေတာ့ Galaxy S9’s ‘Intelligent Scan’ facial recognition software ျဖစ္ပါတယ္။ iPhone X ရဲ႕ Face ID ေလာက္ မတိက်သလို ၊ ‘AR Emoji’ ကလည္း Apple’s ‘Animoji’ ေလာက္ မေျပာင္ေျမာက္ပါဘူး။ ဒါေပမယ့္လည္း အသံုး၀င္တဲ့ feature တစ္ခုေတာ့ ျဖစ္တယ္လို႕ ဆိုရမွာပါ။

Performance – Storage King

Samsung က Galaxy S9 ရဲ႕ အတြင္းပိုင္းေတြကို Galaxy Note 9 အတြက္ အားကုန္သံုးထားပါတယ္။ Note 8 ကေနလည္း အဆင့္ေတြျမွင့္ထားပါတယ္။

  • Galaxy Note 9 (US) – Qualcomm Snapdragon 845 octa-core chipset (4x 2.7 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver CPUs), Adreno 630 GPU
  • Galaxy Note 9 (Europe and Asia) – Exynos 9810 (4x 2.8 GHz Mongoose M3 & 4×1.7 GHz Cortex-A55 CPUs), Mali-G72 MP18 GPU

Note 8 မွာေတာ့ Qualcomm’s Snapdragon 835 ကို အသံုးျပဳထားတဲ့အတြက္ေၾကာင့္ 845 ေအာက္ ၂၀% ပိုေႏွးျပီး ၃၀% လုပ္ေဆာင္ရည္နည္းပါတယ္။ Samsung ဟာ Note 8’s 6GB ကေန 8GB ကို တိုးျမွင့္လုိ္က္ျပီးေတာ့ top range ၀ယ္ခ်င္ေအာင္ လုပ္ထားလိုက္ပါတယ္။

စိတ္၀င္စားစရာေကာင္းတာကေတာ့ Galaxy Note 9 မွာ ‘Water Carbon Cooling system’ ကို အသံုးျပဳထားတဲ့အတြက္ေၾကာင့္ ဂိမ္းကစားတဲ့အခ်ိန္မွာ throttling မျဖစ္ေအာင္လို႕ ကာကြယ္ထားပါတယ္။ Galaxy Note 9 ထြက္ခ်ိန္မွာ Fortnite exclusive ထည့္ေပးထားတယ္ဆိုေတာ့ အရမ္းမုိက္ျပီေလ။

Connectivity အပိုင္းမွာဆုိရင္ေတာ့ Galaxy Note 9 မွာ LTE Cat.18 ကို အသံုးျပဳထားျပီ။ Note 8 မွာေတာ့ Cat.16 ကိုအသံုးျပဳထားပါတယ္။ လက္ေတြ႕မွာေတာ့ အရမ္းကြာျခားေနတာမ်ိဳးေတာ့မရွိပါဘူး။ Bluetooth 5.0 ကေတာ့ ႏွစ္ခုလံုးမွာ ပါ၀င္ေနပါတယ္။

Galaxy Note 9 ဟာ desktop-style PC အျဖစ္နဲ႕ေျပာင္းလို႕ရပါတယ္။ ဖုန္းရဲ႕ screen ဟာ touchpad and virtual keyboard အျဖစ္နဲ႕လုပ္ေဆာင္ေပးႏုိင္တဲ့အတြက္ေၾကာင့္ Dex ကို တြဲေနစရာမလိုေတာ့ပါဘူး။ ဒါေပမယ့္လည္း premium Galaxy smartphone ၀ယ္ႏုိင္တယ္ဆိုမွေတာ့ Chrome OS-style environment အတြက္လည္း computer တစ္လံုးေလာက္ေတာ့ တတ္ႏိုင္မွာပါ။ အသံုး၀င္တယ္မဟုတ္လား။

ဘတ္ထရီသက္တမ္း – အေရာင္းရဆံုးပစ္မွတ္

Galaxy Note 7 ျဖစ္ရပ္ဆိုးျပီးေနာက္မွာေတာ့ Galaxy Note 9 ဟာ အသစ္ျပန္လည္ေမြးဖြားျပီးေတာ့ ဘတ္ထရီနဲ႕ ရဲရဲတင္းတင္းဆြဲေဆာင္လိုက္တာပါ။

  • Galaxy Note 9 – 4000 mAh
  • Galaxy Note 8 – 3300 mAh

ဟုတ္ပါတယ္။ ဘတ္ထရီပမာဏကို ၂၀%ေက်ာ္ တိုးျမွင့္လိုက္တာျဖစ္ျပီးေတာ့ တစ္ခါအားသြင္းျပီးတာနဲ႕ တစ္ေန႕တာမက ေနာက္ရက္ေတြပါ အသံုးျပဳနုိင္မယ္လို႕ ေျပာထားပါတယ္။

ဒါ့အျပင္ Galaxy Note 9 မွာ အားအျမန္သြင္းစနစ္၊ ၾကိဳးမဲ့အားသြင္းစနစ္ေတြကိုလည္း ထည့္သြင္းေပးထားပါတယ္။ Samsung ရဲ႕ ‘8 Point Quality Check’ကို ေက်ာ္ျဖတ္ထားတာမို႕ ဘတ္ထရီပိုင္းမွာ ၂ႏွစ္ၾကာသြားရင္ေတာင္ ၅%ေလာက္ပဲ လုပ္ေဆာင္ႏုိင္ရည္က်ဆင္းသြားမွာပါ။ ျပိဳင္ဘက္အမ်ားစုကေတာ့ ၂၀% က်ဆင္းသြားမွာပါ။

ေစ်းႏႈန္းႏွင့္ သိုေလွာင္မႈပမာဏ – ေနရာတုိင္းမွာ တိုးပြားလာ

  • Galaxy Note 9 – 128GB – $999 / £899
  • Galaxy Note 9 – 512GB – $1,250 / £1,099

ေစ်းႏႈန္းကလည္း ငိုခ်င္ေလာက္ပါတယ္။ Galaxy Note 9 ရဲ႕ေစ်းက iPhone X ေစ်းေလာက္ ျဖစ္ေနပါတယ္။ အျမင့္စားေမာ္ဒယ္လ္ဆိုရင္ ေစ်းကြက္ထဲမွာ ေစ်းအၾကီးဆံုးျဖစ္ေနပါတယ္။

128GB နဲ႕ 512GB သိုေလွာင္မႈေတြအျပင္ 512GB-compatible microSD slot ပါ၀င္တဲ့အတြက္ေၾကာင့္ 1TB အထိ အသံုးျပဳႏုိင္မွာပါ။ ဒါေပမယ့္လည္း အမ်ားစုကေတာ့ 64GB $899 ကို ပိုၾကိဳက္ၾကမယ္ထင္ပါတယ္။

သံုးသပ္ခ်က္

Samsungက Galaxy Note 9 ထဲမွာ အမ်ားၾကီးထည့္သြင္းေပးထားမယ္ဆိုတာ ျငင္းစရာမလိုပါဘူး။ ေမးခြန္းကေတာ့ upgrade လုပ္ထားတာ မွန္ကန္တဲ့ေနရာေတြဟုတ္ရဲ႕လားေပါ့။

မၾကိဳက္တာကေတာ့ ေစ်းႏႈန္းပါပဲ။ ဒါေပမယ့္လည္း Samsung ဟာ Oppo နဲ႕ Vivo တို႕ေနာက္မွာေရာက္ေနျပီးေတာ့ သူတို႕ဆီက ေစ်းသက္သက္သာသာနဲ႕ ေဘာင္နည္း notch မပါဒီဇုိင္းေတြကိုလည္း ရႏုိင္ေနပါတယ္။

Galaxy Note 9 ဟာ Note သမိုင္းကို ရွင္သန္ေစမွာပါ။ ဒီဖုန္းဟာ dispay မုိက္တယ္၊ ဘတ္ထရီသက္တမ္းၾကာတယ္။ storage မ်ားမ်ားနဲ႕ ေစ်းႏႈန္းခပ္ၾကီးၾကီးေပါ့။ Note fan ေတြကေတာ့ stylus ေလးကို ေၾကြေနေလာက္ပါျပီ။

ဒါေပမယ့္လည္း ေမးခြန္းတစ္ခုေမးစရာရွိတာကေတာ့ Galaxy Note 9 က ပရိသတ္အသစ္ေတြကို ဆြဲေခၚႏုိင္မွာလား။ ကၽြန္ေတာ့စိတ္ထဲမွာေတာ့ Note 8 ပိုင္ရွင္ေတြအေနနဲ႕ upgrade မလုပ္သင့္ပါဘူး။

Unicode Version

Galaxy Note 9 ကတော့ တရားဝင်ထွက်ရှိလာခဲ့ပြီးတော့ Note 8 ကို ပြင်ဆင်မှုအနည်းငယ်ပြုလုပ်ထားပါတယ်။ ဟုတ်ပါတယ်။ သေချာကြည့်လိုက်မယ်ဆိုရင်တော့ သိသာတဲ့ပြောင်းလဲမှုတွေကို တွေ့မြင်ရမှာပါ။ ငိုချင်စရာဈေးနှုန်းနဲ့ Displays ကိုပဲမြင်မှာ မဟုတ်တော့ပါဘူး။
ကြီးကြီးမားမားပြောင်းလဲသွားတာမဟုတ်ပေမယ့်လည်း Galaxy Note 9 ဟာ အကြီးဆုံးသော display ကို တပ်ဆင်ထားပါတယ်။
• Galaxy Note 9 – 6.4-inch, 18.5:9 aspect ratio, Super AMOLED, 1440 x 2960 pixels (516 ppi pixel density), 83.4% screen-to-body ratio, HDR10 compliant, Corning Gorilla Glass 5
• Galaxy Note 8 – 6.3-inch, 18.5:9 aspect ratio, Super AMOLED, 1440 x 2960 pixels (521 ppi pixel density), 83.2% screen-to-body ratio, HDR10 compliant, Corning Gorilla Glass 5
ဒါ့အပြင် screen-to-body ratio လည်း ပိုမြင့်လာပြီးတော့ pixel density လည်းနည်းသွားပါတယ်။ ဒါပေမယ့်လည်း အခြားသူတွေ ဒီလိုပြောင်းလဲမှုကို သိပါ့မလားလို့ တွေးမိပါသေးတယ်။
panel upgrade လုပ်ထားတာမျိုးမဟုတ်ပေမယ့်လည်း display ဟာ ပိုတောက်ပလာသလို ကာလာတွေလည်း ပိုမိုတိကျလာပါတယ်။
Design & Size – ခြားနားမှုတွေကို အသေးစိတ်ကြည့်ရအောင်
Galaxy Note 9 နဲ့ Galaxy Note 8 ကို ကိုင်ထားပြီးတော့ ဘာတွေခြားနားသလဲလို့ မေးလိုက်ရင် အရွယ်အစားကြီးလာတာနဲ့ အလေးချိန်လေးကိုပဲ သိကြမှာပါ။
• Galaxy Note 9 – 161.9 x 76.4 x 8.8 mm (6.37 x 3.01 x 0.35 in), 201 g (7.09 oz)
• Galaxy Note 8 – 162.5 x 74.8 x 8.6 mm (6.40 x 2.94 x 0.34 in), 195 g (6.88 oz)
စမတ်ဖုန်းတွေအတွက် ပိုထူ၊ ပိုလေးလာရင် အံ့သြစရာဖြစ်ပေမယ့်လည်း ခြားနားချက်လေးတွေရှိနေပါသေးတယ်။ မျက်နှာပြင်ပိုကြီးလာလို့ ၊ ဘတ်ထရီတွေပိုကြီးလာလို့ဆိုတာလည်း ထည့်သွင်းစဉ်းစားရဦးမှာပါ။
အချိုးအစားတွေအပြင် Samsung က လှည့်စားချက်တွေနည်းနည်း ထည့်ထားပါတယ်။ stereo speaker နဲ့ Dolby Atmos တို့ကိုပေါင်းစပ်ထားတာပါ။ fingerprint sensor ကိုလည်း Galaxy S9 မှာလုပ်သလိုမျိုး အလယ်ကိုတိုးပေးထားပါတယ်။
နောက်တစ်ခုကတော့ အဝါတောက်တောက် S Pen လေးပါ။ ပထမဆုံးအကြိမ်အနေနဲ့ Bluetooth LE ထည့်ပေးထားတာဆိုတော့ လုပ်ဆောင်ချက်တွေက အဝေးထိန်းခလုတ်တစ်ခုသဖွယ် ဖြစ်လာပါတယ်။ ကင်မရာဖွင့်မလား။ သီချင်းဖွင့်မလား။ presentation ပြမလား။ S Pen အသစ်လေးဟာ Galaxy Note အတွင်းထဲမှာ အလိုအလျောက်အားသွင်းမှာဖြစ်တဲ့အတွက်ကြောင့် ဖုန်းရဲ့ဘတ်ထရီကို နည်းနည်းပဲသုံးရင်းနဲ့ အဆင်သင့်ဖြစ်နေမှာပါ။ တူညီတာကတော့ 4,096 pressure sensitivity ပါပဲ။ ဒါပေမယ့်လည်း လုံလောက်ပါပဲ။
IP68 လည်း အတူတူ၊ USB-C charging ၊ 3.5mm headphone jack ၊ microSD card slot ကတော့ 512GB အထိ ဖြစ်လာပါတယ်။ Note 8 ကတော့ 256GB ပဲ ထည့်လို့ရမှာပါ။
ကင်မရာ – နှစ်ဆတိုးထားပါတယ်
Galaxy Note 9 မှာ Galaxy S9 Plus နဲ့ hardware အတူတူလောက်ပါပဲ။ 12MP ကင်မရာနှစ်လုံးကို အနောက်ဘက်မှာ အသုံးပြုထားပြီးတော့ dual aperture lens F2.4 နဲ့ F1.5 ကို အသုံးပြုထားပါတယ်။ Note 8 ကတော့ standard F1.7 sensor ပဲ သုံးထားတာပါ။ secondary module ကတော့ 2x optical zoom ဖြစ်ပါတယ်။ Huawei ကတော့ 3x နဲ့ P20 Pro ကို အထင်ကြီးအောင် လုပ်ပေးထားပါတယ်။
ဒါတွေပြီးနောက်မှာတော့ Galaxy Note 9 camera hardware တွေက Note 8 ကနေ ပြောင်းသွားတာမျိုး မရှိပါဘူး။ focus လုပ်ထားတာကတော့ ဓါတ်ပုံအရည်အသွေးနဲ့ လုပ်ဆောင်မှုအပိုင်းပါပဲ။ Samsung က Galaxy S9 ကတည်းက ‘Scene Optimizer’ ထည့်ပေးထားပြီးတော့ ဒီအပိုင်းကို အားထည့်လုပ်ဆောင်နေတာဖြစ်ပါတယ်။ S9 ကိုတော့ Google’s 2017 Pixel 2 က အသာရနေတုန်းပါပဲ။
Samsung က Note 8 ကနေ ခြေလှမ်းပြောင်းလိုက်တာကတော့ Galaxy S9’s ‘Intelligent Scan’ facial recognition software ဖြစ်ပါတယ်။ iPhone X ရဲ့ Face ID လောက် မတိကျသလို ၊ ‘AR Emoji’ ကလည်း Apple’s ‘Animoji’ လောက် မပြောင်မြောက်ပါဘူး။ ဒါပေမယ့်လည်း အသုံးဝင်တဲ့ feature တစ်ခုတော့ ဖြစ်တယ်လို့ ဆိုရမှာပါ။
Performance – Storage King
Samsung က Galaxy S9 ရဲ့ အတွင်းပိုင်းတွေကို Galaxy Note 9 အတွက် အားကုန်သုံးထားပါတယ်။ Note 8 ကနေလည်း အဆင့်တွေမြှင့်ထားပါတယ်။
• Galaxy Note 9 (US) – Qualcomm Snapdragon 845 octa-core chipset (4x 2.7 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver CPUs), Adreno 630 GPU
• Galaxy Note 9 (Europe and Asia) – Exynos 9810 (4x 2.8 GHz Mongoose M3 & 4×1.7 GHz Cortex-A55 CPUs), Mali-G72 MP18 GPU
Note 8 မှာတော့ Qualcomm’s Snapdragon 835 ကို အသုံးပြုထားတဲ့အတွက်ကြောင့် 845 အောက် ၂၀% ပိုနှေးပြီး ၃၀% လုပ်ဆောင်ရည်နည်းပါတယ်။ Samsung ဟာ Note 8’s 6GB ကနေ 8GB ကို တိုးမြှင့်လိုက်ပြီးတော့ top range ဝယ်ချင်အောင် လုပ်ထားလိုက်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာကတော့ Galaxy Note 9 မှာ ‘Water Carbon Cooling system’ ကို အသုံးပြုထားတဲ့အတွက်ကြောင့် ဂိမ်းကစားတဲ့အချိန်မှာ throttling မဖြစ်အောင်လို့ ကာကွယ်ထားပါတယ်။ Galaxy Note 9 ထွက်ချိန်မှာ Fortnite exclusive ထည့်ပေးထားတယ်ဆိုတော့ အရမ်းမိုက်ပြီလေ။
Connectivity အပိုင်းမှာဆိုရင်တော့ Galaxy Note 9 မှာ LTE Cat.18 ကို အသုံးပြုထားပြီ။ Note 8 မှာတော့ Cat.16 ကိုအသုံးပြုထားပါတယ်။ လက်တွေ့မှာတော့ အရမ်းကွာခြားနေတာမျိုးတော့မရှိပါဘူး။ Bluetooth 5.0 ကတော့ နှစ်ခုလုံးမှာ ပါဝင်နေပါတယ်။
Galaxy Note 9 ဟာ desktop-style PC အဖြစ်နဲ့ပြောင်းလို့ရပါတယ်။ ဖုန်းရဲ့ screen ဟာ touchpad and virtual keyboard အဖြစ်နဲ့လုပ်ဆောင်ပေးနိုင်တဲ့အတွက်ကြောင့် Dex ကို တွဲနေစရာမလိုတော့ပါဘူး။ ဒါပေမယ့်လည်း premium Galaxy smartphone ဝယ်နိုင်တယ်ဆိုမှတော့ Chrome OS-style environment အတွက်လည်း computer တစ်လုံးလောက်တော့ တတ်နိုင်မှာပါ။ အသုံးဝင်တယ်မဟုတ်လား။
ဘတ်ထရီသက်တမ်း – အရောင်းရဆုံးပစ်မှတ်
Galaxy Note 7 ဖြစ်ရပ်ဆိုးပြီးနောက်မှာတော့ Galaxy Note 9 ဟာ အသစ်ပြန်လည်မွေးဖွားပြီးတော့ ဘတ်ထရီနဲ့ ရဲရဲတင်းတင်းဆွဲဆောင်လိုက်တာပါ။
• Galaxy Note 9 – 4000 mAh
• Galaxy Note 8 – 3300 mAh
ဟုတ်ပါတယ်။ ဘတ်ထရီပမာဏကို ၂၀%ကျော် တိုးမြှင့်လိုက်တာဖြစ်ပြီးတော့ တစ်ခါအားသွင်းပြီးတာနဲ့ တစ်နေ့တာမက နောက်ရက်တွေပါ အသုံးပြုနိုင်မယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် Galaxy Note 9 မှာ အားအမြန်သွင်းစနစ်၊ ကြိုးမဲ့အားသွင်းစနစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ Samsung ရဲ့ ‘8 Point Quality Check’ကို ကျော်ဖြတ်ထားတာမို့ ဘတ်ထရီပိုင်းမှာ ၂နှစ်ကြာသွားရင်တောင် ၅%လောက်ပဲ လုပ်ဆောင်နိုင်ရည်ကျဆင်းသွားမှာပါ။ ပြိုင်ဘက်အများစုကတော့ ၂၀% ကျဆင်းသွားမှာပါ။
ဈေးနှုန်းနှင့် သိုလှောင်မှုပမာဏ – နေရာတိုင်းမှာ တိုးပွားလာ
• Galaxy Note 9 – 128GB – $999 / £899
• Galaxy Note 9 – 512GB – $1,250 / £1,099
ဈေးနှုန်းကလည်း ငိုချင်လောက်ပါတယ်။ Galaxy Note 9 ရဲ့ဈေးက iPhone X ဈေးလောက် ဖြစ်နေပါတယ်။ အမြင့်စားမော်ဒယ်လ်ဆိုရင် ဈေးကွက်ထဲမှာ ဈေးအကြီးဆုံးဖြစ်နေပါတယ်။
128GB နဲ့ 512GB သိုလှောင်မှုတွေအပြင် 512GB-compatible microSD slot ပါဝင်တဲ့အတွက်ကြောင့် 1TB အထိ အသုံးပြုနိုင်မှာပါ။ ဒါပေမယ့်လည်း အများစုကတော့ 64GB $899 ကို ပိုကြိုက်ကြမယ်ထင်ပါတယ်။
သုံးသပ်ချက်
Samsungက Galaxy Note 9 ထဲမှာ အများကြီးထည့်သွင်းပေးထားမယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ မေးခွန်းကတော့ upgrade လုပ်ထားတာ မှန်ကန်တဲ့နေရာတွေဟုတ်ရဲ့လားပေါ့။
မကြိုက်တာကတော့ ဈေးနှုန်းပါပဲ။ ဒါပေမယ့်လည်း Samsung ဟာ Oppo နဲ့ Vivo တို့နောက်မှာရောက်နေပြီးတော့ သူတို့ဆီက ဈေးသက်သက်သာသာနဲ့ ဘောင်နည်း notch မပါဒီဇိုင်းတွေကိုလည်း ရနိုင်နေပါတယ်။
Galaxy Note 9 ဟာ Note သမိုင်းကို ရှင်သန်စေမှာပါ။ ဒီဖုန်းဟာ dispay မိုက်တယ်၊ ဘတ်ထရီသက်တမ်းကြာတယ်။ storage များများနဲ့ ဈေးနှုန်းခပ်ကြီးကြီးပေါ့။ Note fan တွေကတော့ stylus လေးကို ကြွေနေလောက်ပါပြီ။
ဒါပေမယ့်လည်း မေးခွန်းတစ်ခုမေးစရာရှိတာကတော့ Galaxy Note 9 က ပရိသတ်အသစ်တွေကို ဆွဲခေါ်နိုင်မှာလား။ ကျွန်တော့စိတ်ထဲမှာတော့ Note 8 ပိုင်ရှင်တွေအနေနဲ့ upgrade မလုပ်သင့်ပါဘူး။

Leave a Reply