Huawei MATE 20 ရဲ႕အေရွ႕ဘက္ျခမ္း DISPLAY PANEL ဒီဇုိင္း ေပါက္ၾကားထြက္ရွိလာ

0
827

Huawei ရဲ႕အသစ္ထြက္လာမယ့္ စမတ္ဖုန္းသစ္ျဖစ္တဲ့ MATE 20 စီးရီးဖုန္းေတြရဲ႕ အခ်က္အလက္ေတြဟာ ေန႔စဥ္လိုလို ထြက္လာေနပါတယ္။ ဒီေန႔မွာလည္း ထပ္မံထြက္ရွိလာတာကေတာ့ MATE 20 ဖုန္းရဲ႕ အေရွ႕ဘက္မ်က္ႏွာျပင္ DISPLAY PANEL ပဲျဖစ္ပါတယ္။  သူ႕ရဲ႕ display panel ကိုၾကည့္ရတာ MATE 20 Lite နဲ႔ဆင္တူပါတယ္။ တျခားစြမ္းေဆာင္ခ်က္ပိုင္းေတြမွာေတာ့ ကြဲလြဲႏိုင္ပါတယ္။ သူ႕မွာ facial recognition နည္းပညာ သုံးလာမွာျဖစ္တဲ့ အျပင္ကင္မရာပိုင္းမွာ  TOF (Time Of Flight) နဲ႔ 3D structured light  ေတြပါ ထည့္သြင္းလာမွာပါ။

Mate 20 ဖုန္းဟာ ပထမဆုံးအေနနဲ႔ Huawei 8-core Kirin 980 ပရိုဆက္ဆာကို သုံးလာမယ့္ဖုန္း ျဖစ္ႏိုင္ပါတယ္။ အခ်က္အလက္သိုေလွာင္မႈ အပိုင္းမွာေတာ့ 6GB RAM နဲ႔ 128GB  internal storage ျဖစ္လာႏုိင္ပါတယ္။ အျခားေသာ သိုေလွာင္မႈ အတူညီတဲ့ ဗားရွင္းေတြကိုပါ ထုတ္လုပ္ေပးသြားအုံးမွာပါ။

Mate 20 မွာ “6.3” AMOLED screen ျဖစ္ၿပီးMate 20 ပရိုမွာေတာ့  “6.9” AMOLED screen သုံးလာႏုိင္ၿပီး ကင္မရာပိုင္းမွာေတာ့ Mate 20 မွာ  (12MP + 20MP + 8MP)  ေနာက္ေက်ာဘက္ကင္မရာနဲ႔  Mate 20 Pro မွာေတာ့  (40MP + 20MP + 8MP) သုံးလာမယ္လို႔ သိရပါတယ္။ Mate 20၊ Mate 20 Pro မွာ 40-watt charger ပါဝင္မွာျဖစ္ၿပီး ဘက္ထရီစြမ္းအားကေတာ  4200mAh ျဖစ္ဖို႔မ်ားပါတယ္။ စမတ္ဖုန္း၂မ်ိဳးလုံးရဲ႕ OS ပိုင္းနဲ႔ပတ္သတ္ၿပီး တိက်စြာ မသိရေသးေပမယ့္ Android 9.0 နဲ႔အတူ  Huawei EMUI 9.0 ကိုတပါတည္း ထည့္သြင္းေပးလာမယ္လို႔ သိရပါတယ္။

unicode

Huawei ရဲ့အသစ်ထွက်လာမယ့် စမတ်ဖုန်းသစ်ဖြစ်တဲ့ MATE 20 စီးရီးဖုန်းတွေရဲ့ အချက်အလက်တွေဟာ နေ့စဉ်လိုလို ထွက်လာနေပါတယ်။ ဒီနေ့မှာလည်း ထပ်မံထွက်ရှိလာတာကတော့ MATE 20 ဖုန်းရဲ့ အရှေ့ဘက်မျက်နှာပြင် DISPLAY PANEL ပဲဖြစ်ပါတယ်။  သူ့ရဲ့ display panel ကိုကြည့်ရတာ MATE 20 Lite နဲ့ဆင်တူပါတယ်။ တခြားစွမ်းဆောင်ချက်ပိုင်းတွေမှာတော့ ကွဲလွဲနိုင်ပါတယ်။ သူ့မှာ facial recognition နည်းပညာ သုံးလာမှာဖြစ်တဲ့ အပြင်ကင်မရာပိုင်းမှာ  TOF (Time Of Flight) နဲ့ 3D structured light  တွေပါ ထည့်သွင်းလာမှာပါ။

Mate 20 ဖုန်းဟာ ပထမဆုံးအနေနဲ့ Huawei 8-core Kirin 980 ပရိုဆက်ဆာကို သုံးလာမယ့်ဖုန်း ဖြစ်နိုင်ပါတယ်။ အချက်အလက်သိုလှောင်မှု အပိုင်းမှာတော့ 6GB RAM နဲ့ 128GB  internal storage ဖြစ်လာနိုင်ပါတယ်။ အခြားသော သိုလှောင်မှု အတူညီတဲ့ ဗားရှင်းတွေကိုပါ ထုတ်လုပ်ပေးသွားအုံးမှာပါ။

Mate 20 မှာ “6.3” AMOLED screen ဖြစ်ပြီးMate 20 ပရိုမှာတော့  “6.9” AMOLED screen သုံးလာနိုင်ပြီး ကင်မရာပိုင်းမှာတော့ Mate 20 မှာ  (12MP + 20MP + 8MP)  နောက်ကျောဘက်ကင်မရာနဲ့  Mate 20 Pro မှာတော့  (40MP + 20MP + 8MP) သုံးလာမယ်လို့ သိရပါတယ်။ Mate 20၊ Mate 20 Pro မှာ 40-watt charger ပါဝင်မှာဖြစ်ပြီး ဘက်ထရီစွမ်းအားကတော  4200mAh ဖြစ်ဖို့များပါတယ်။ စမတ်ဖုန်း၂မျိုးလုံးရဲ့ OS ပိုင်းနဲ့ပတ်သတ်ပြီး တိကျစွာ မသိရသေးပေမယ့် Android 9.0 နဲ့အတူ  Huawei EMUI 9.0 ကိုတပါတည်း ထည့်သွင်းပေးလာမယ်လို့ သိရပါတယ်။

Leave a Reply