Xiaomi Pocophone F1 မွာ Snapdragon 845 ပါမွာ ေသခ်ာၿပီ

0
1058

ေရွာင္မီက POCO အမည္ရ Sub-Brand ကေန စမတ္ဖုန္းမ်ား ထုတ္လုပ္ေရာင္းခ်မွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ Pocophone F1 စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္မ်ားဟာလည္း မၾကာခဏ ေပါက္ၾကားထြက္ေပၚလာပါတယ္။ အခုေတာ့ ေရွာင္မီက PocoPhone Global Facebook Page ကေန သူ႔ကို စြမ္းရည္ျမင့္မားေအာင္ ဖန္တီးထားမွာ ျဖစ္ၿပီး Snapdragon 845 Chipset ထည့္သြင္းထားမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ သူဟာ Snapdragon 845 Chipset ထည့္သြင္းထားတဲ့ ဖုန္းေတြထဲမွာ ေစ်းအသက္သာဆံုးျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

6GB/64GB , 6GB/128GB နဲ 8GB/256GB Model မ်ား ထုတ္လုပ္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Xiaomi Pocophone F1 ရဲ႕ ဓါတ္ပံုမ်ား ယခင္က ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ ဘလူးတုကို မွတ္ပံုတင္ထားတဲ့ စာရြက္စာတမ္းကေနလည္း သူ႔ရဲ႕ Specs မ်ားကို သိခဲ့ရၿပီးပါၿပီ။ သူ႔ရဲ႕ ဘူးခြံနဲ႔ ဓါတ္ပံု အခ်ိဳ႕လည္း ယခင္က ထြက္ေပၚလာပါတယ္။ ဓါတ္ပံုတစ္ခုမွာ ဖုန္းကေန ျဖဳတ္ထားတဲ့ 4000mAh Battery ကို ျပသထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ႏွစ္လံုးကို ေဒါင္လိုက္ တပ္ဆင္ထားၿပီး သူ႔ရဲ႕ ေအာက္မွာ လက္ေဗြရာ ကိရိယာ ပါလာပါတယ္။ Snapdragon 845 အတြက္ Liquid Cooling System ကို ထည့္သြင္းထားမယ္လို႔ ဓါတ္ပံုတစ္ခုမွာ ျပသထားပါတယ္။

ထိပ္ဖက္မွာ နားၾကပ္ေပါက္ကို တပ္ဆင္ထားပါတယ္။ ေအာက္ေျခမွာ စပီကာေပါက္မ်ား၊ USB-C Port ကို ျမင္ရပါတယ္။ အေနာက္ဘက္ကို အလူမီနီယမ္ ကိုယ္ထည္ျဖင့္ ဖန္တီးထားတဲ့အတြက္ ႀကိဳးမဲ့အားသြင္း စနစ္ေတာ့ မပါႏုိင္ပါဘူး။ အရြယ္အစား ႀကီးမားတဲ့ Notch မွာ ကင္မရာကို တပ္ဆင္ထားပါတယ္။ 3D Face Recognition နည္းပညာအတြက္ ဆန္ဆာမ်ား မပါတာကို ေတြ႕ရပါတယ္။

unicode

Xiaomi Pocophone F1 မှာ Snapdragon 845 ပါမှာ သေချာပြီ

ရှောင်မီက POCO အမည်ရ Sub-Brand ကနေ စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ သူ့ရဲ့ Pocophone F1 စမတ်ဖုန်းရဲ့ သတင်းအချက်အလက်များဟာလည်း မကြာခဏ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အခုတော့ ရှောင်မီက PocoPhone Global Facebook Page ကနေ သူ့ကို စွမ်းရည်မြင့်မားအောင် ဖန်တီးထားမှာ ဖြစ်ပြီး Snapdragon 845 Chipset ထည့်သွင်းထားမယ်လို့ အတည်ပြုလိုက်ပါတယ်။ သူဟာ Snapdragon 845 Chipset ထည့်သွင်းထားတဲ့ ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

6GB/64GB , 6GB/128GB နဲ 8GB/256GB Model များ ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Xiaomi Pocophone F1 ရဲ့ ဓါတ်ပုံများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ ဘလူးတုကို မှတ်ပုံတင်ထားတဲ့ စာရွက်စာတမ်းကနေလည်း သူ့ရဲ့ Specs များကို သိခဲ့ရပြီးပါပြီ။ သူ့ရဲ့ ဘူးခွံနဲ့ ဓါတ်ပုံ အချို့လည်း ယခင်က ထွက်ပေါ်လာပါတယ်။ ဓါတ်ပုံတစ်ခုမှာ ဖုန်းကနေ ဖြုတ်ထားတဲ့ 4000mAh Battery ကို ပြသထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး သူ့ရဲ့ အောက်မှာ လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ Snapdragon 845 အတွက် Liquid Cooling System ကို ထည့်သွင်းထားမယ်လို့ ဓါတ်ပုံတစ်ခုမှာ ပြသထားပါတယ်။

ထိပ်ဖက်မှာ နားကြပ်ပေါက်ကို တပ်ဆင်ထားပါတယ်။ အောက်ခြေမှာ စပီကာပေါက်များ၊ USB-C Port ကို မြင်ရပါတယ်။ အနောက်ဘက်ကို အလူမီနီယမ် ကိုယ်ထည်ဖြင့် ဖန်တီးထားတဲ့အတွက် ကြိုးမဲ့အားသွင်း စနစ်တော့ မပါနိုင်ပါဘူး။ အရွယ်အစား ကြီးမားတဲ့ Notch မှာ ကင်မရာကို တပ်ဆင်ထားပါတယ်။ 3D Face Recognition နည်းပညာအတွက် ဆန်ဆာများ မပါတာကို တွေ့ရပါတယ်။

Leave a Reply