Samsung Galaxy Note S Pen ရဲ႕ တစ္ဆင့္ျပီးတစ္ဆင့္ ေျပာင္းလဲလာမႈ

0
1374

Zawgyi Version

Samsung ဟာ ေနာက္ထပ္ Galaxy Note series ကို ျပသလိုက္ပါျပီ။ S Pen ေလးကလည္း ကၽြန္ေတာ္တို႕ျမင္ဖူးသမွ်ထက္ ပိုေကာင္းလာတာကို ေတြ႕ျမင္ရပါတယ္။ Bluetooth support ပါ၀င္လာသလိုမ်ိဳးပဲ ကိုယ္ပုိင္ဘတ္ထရီကိုထည့္သြင္းေပးထားတဲ့အတြက္ေၾကာင့္ stylus တစ္ခုအေနနဲ႕သာမက အေ၀းထိန္းခလုတ္အေနနဲ႕လည္း အသံုးျပဳႏုိင္ေတာ့မွာပါ။
ဒါေၾကာင့္ ကၽြန္ေတာ္တို႕အေနနဲ႕ S Pen ေလးဟာ ဘယ္လိုမ်ိဳး ဒီအဆင့္ကိုေရာက္လာခဲ့သလဲဆိုတာကို ေျခရာျပန္ေကာက္ေပးထားပါတယ္။ ဒါေၾကာင့္ Samsung Galaxy Note S Pen ရဲ႕ တစ္ဆင့္ျပီးတစ္ဆင့္ ေျပာင္းလဲလာမႈ လို႕ ေဆာင္းပါးေလးကို အမည္ေပးထားပါတယ္။
Samsung Galaxy Note

Samsung Galaxy note
Wacom နဲ႕ ပူးေပါင္းျပီးထုတ္လုပ္တဲ့ original Samsung Galaxy Note S Pen ကေတာ့ ၁၄မီလီမီတာရွည္လာ်းျပီး pressure sensitivity 256 level နဲ႕ ျဖစ္ပါတယ္။ ေပါ့ပါးတဲ့ stylus ေလးဟာ Note ရဲ႕ ေအာက္စြန္းမွာ၀င္ေနျပီးေတာ့ လက္နဲ႕တို႕ထိမယ့္အစား Pen တစ္ေခ်ာင္းအေနနဲ႕ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ app ေတြကို ဘယ္ညာေရႊ႕ျခင္း၊ web page ပြတ္ျခင္း စတဲ့ေရြ႕လ်ားမႈေတြအားလံုးကို ခံစားရမွာပါ။
original S Pen ေလးမွာ စမတ္က်တဲ့အပိုင္းကေတာ့ ေဘးမွာပါတဲ့ခလုတ္ေလးပါပဲ။ သူဟာ ႏွစ္အေတာ္ၾကာေအာင္ ရွိေနတဲ့ trademark ေလးပါပဲ။ Note ရဲ႕ ကီးေတြကို လံုး၀လ်စ္လ်ဴရ်ဳေစႏုိင္တဲ့ gesture control ေတြလည္းရွိေနပါတယ္။ S Pen ရဲ႕ ခလုတ္ေလးကေတာ့ screenshots အလြယ္တကူရုိက္ကူးႏုိင္ေစပါတယ္။ ခလုတ္ေလးကိုႏွစ္ခ်က္ႏွိပ္လုိက္တာနဲ႕ S Memo feature ေလးက ေရွ႕ေမွာက္ကို ေရာက္လာမွာပါ။ handwriting-to-text feature ေလးကလည္း ၂၀၁၁ခုႏွစ္အတြက္ေတာ့ ႏွစ္ျခိဳက္စြဲမက္စရာတစ္ခုပါပဲ။
ဒီအခ်က္အလက္ေတြက ဖုန္းကိုေရာင္းအားေကာင္းေစတဲ့အခ်က္ေတြေတာ့မဟုတ္ပါဘူး။ အမ်ားစုကေတာ့ အဲဒီအခ်ိန္မွာ ၾကီးမားတဲ့ ၅.၃လက္မ မ်က္ႏွာျပင္ကိုသာ ျမင္ၾကပါတယ္။ ဒါဟာလည္း Note brand ရဲ႕ အႏွစ္သာရတစ္ခု ျဖစ္လာေစခဲ့ပါတယ္။
Samsung Galaxy Note 2


ပိုၾကီးျပီးေတာ့ လုပ္ေဆာင္ရည္ပိုျမင့္မားလာတဲ့ S Pen ရဲ႕ သြင္ျပင္ေလးကေတာ့ အဆင္မွေျပပါ့မလားလို႕ သံသယရွိေနတဲ့သူေတြကို ေက်နပ္ေစခဲ့ပါတယ္။
ဒုတိယ S Pen ေလးကေတာ့ ပိုရွည္လာျပီး အနည္းငယ္ထူလာပါတယ္။ တကယ့္ခဲတံေလးလို ခံစားရေစမယ့္ ရာဘာေလးလည္း ပါ၀င္လာပါတယ္။ pressure sensitivity ကို 1,024 အထိ သံုးေပးထားပါတယ္။
အၾကီးမားဆံုးထည့္သြင္းေပးမႈကိုေျပာပါဆုိရင္ေတာ့ Galaxy Note 2 ဟာ S Penနဲ႕ ထိစရာမလိုအပ္ဘဲ နီးကပ္လာမႈကို ခံစားႏုိင္ပါတယ္။ ဒါကို အခြင့္ေကာင္းယူလိုက္ျပီးေတာ့ Air View လို႕ေခၚတဲ့ feature ေလးကို ထြင္လုိက္ပါတယ္။ သံုးစြဲသူေတြအေနနဲ႕ messages, documents, photos နဲ႕ ဗြီဒီယိုေလးကို pop-up အေသးေလးျမင္ႏုိင္ေအာင္ လုပ္ေဆာင္ေပးထားတာပါ။
magic button ေလးကို ဦးစားေပး အဆင့္ျမွင့္ထားျခင္း၊ screen ရဲ႕ၾကိဳက္တဲ့ေနရာကို cut & paste လုပ္ႏုိင္ျခင္းတုိ႕ပါ၀င္ေနတဲ့ S Pen-enabled app suite ၊ Quick Command လို႕ေခၚတဲ့ စာပို႕ျခင္း၊ ၀က္ဘ္ေပၚမွာရွာျခင္းတုိ႕အတြက္ shortcut code ေလးေတြရိုက္ျခင္း စတာေတြ ပါ၀င္လာပါတယ္။
Samsung Galaxy Note 3


Galaxy Note 3 ကေတာ့ လယ္သာေလးကို ေက်ာဘက္မွာ ဖံုးအုပ္ေပးထားတဲ့ဖုန္းေလးေပါ့။ ဒါေပမယ့္လည္း S Pen ကေတာ့ သိပ္ျပင္ထားတာမေတြ႕ရပါဘူး။
pressure sensitivity က အရင္အတုိင္းျဖစ္ျပီးေတာ့ S Pen ရဲ႕ ဒီဇုိင္းကဘက္ညီသြားပါတယ္။ ဒီေတာ့ သြင္းတဲ့အခ်ိန္မွာ ညာဘက္ကိုၾကည့္ေနစရာမလိုေတာ့ဘူးေပါ့။
အေကာင္းဆံုးနဲ႕ အၾကီးမားဆံုးေျပာင္းလဲမႈကေတာ့ Air Command menu မွာ ထပ္ထည့္လုိက္ျခင္းပါပဲ။ stylus ေလးကိုထုတ္လုိက္တဲ့အခ်ိန္မွာ S Pen functionality ေလးေတြကို စက္၀ုိင္းတစ္၀က္ပံုေလးနဲ႕ ေတြ႕ျမင္ရမွာပါ။
TouchWiz နဲ႕ Android Jelly Beanတို႕ပူးေပါင္းျပီးေတာ့ Command Window ေလးဟာ S Pen-ready app နဲ႕ S Finder , Action Memo , Autodesk’s Sketchbook app ေတြအတြက္ ခ်က္ခ်င္းအသံုးျပဳႏုိင္ေစပါတယ္။
Note Series ကိ္ုၾကိဳက္ေပမယ့္လည္း ေစ်းႏႈန္းေၾကာင့္ အဆင္မေျပေနတဲ့သူေတြအတြက္ Galaxy Note 3 Neo ကို ထပ္မံထုတ္လုပ္ေပးခဲ့ပါတယ္။ စြမ္းေဆာင္ရည္က်ဆင္းသြားေပမယ့္လည္း S Pen feature ေလးကေတာ့ အတူတူပဲထည့္သြင္းေပးထားပါတယ္။
Samsung Galaxy Note 4


Note 4 မွာ ေအာင္ျမင္ခဲ့တယ္ဆိုတာကို သံုးစြဲသူေတြ၊ ေ၀ဖန္သူေတြအေတာ္မ်ားမ်ားက သေဘာတူခဲ့ၾကပါတယ္။ Note 3 ကို ျပင္ဆင္ထားတဲ့အျပင္ကို major upgrade ေတြလည္း ထည့္သြင္းေပးထားပါတယ္။ S Pen ဟာ pressure sensitivity 2,048 ျဖစ္သြားတယ္ဆိုေတာ့ Note 3 ထက္ ႏွစ္ဆတုိးျမင့္သြားခဲ့ပါတယ္။
အေကာင္းဆံုး feature အသစ္ကေတာ့ Smart Select လို႕ေခၚတဲ့ စာသားကို မွတ္သားျခင္း၊ ၀က္ဘ္ဆိုက္ ဒါမွမဟုတ္ document ရဲ႕ စာသားကိုမွတ္သားႏုိင္ျခင္းတို႕ျဖစ္ပါတယ္။ ဒါေၾကာင့္ S Pen ကို PC mouse အျဖစ္နဲ႕ ပထမဆံုးခံစားမိသြားေစျပီး ၾကိဳက္တဲ့စာသားကို copy & paste လုပ္ႏုိင္သြားပါျပီ။
ေနာက္ထပ္ အသံုး၀င္တဲ့feature တစ္ခုကေတာ့ Photo Note ပါပဲ။ အနည္းငယ္တုိ႕ထိလိုက္တာနဲ႕ copy, morph, and share လုပ္ႏုိင္ပါျပီ။
ဒါေတြအားလံုးကေတာ့ Air Command menu ထဲမွာပါ။ ျပီးေတာ့ Galaxy Note Edge လို႕ေခၚတဲ့ Note 4 ရဲ႕ မ်က္ႏွာျပင္ကိုေကြးညြတ္ထားတဲ့၊ ေစ်းပိုၾကီးတဲ့ ေမာ္ဒယ္လ္ကိုလည္း ထုတ္ေပးခဲ့ပါေသးတယ္။
Samsung Galaxy Note 5


မေကာင္းတာကေန စလိုက္ရေအာင္။ ၂၀၁၅ခုႏွစ္ေနာက္ပိုင္းမွာ S Pen ညွပ္လာပါတယ္။ ဒါေပမယ့္လည္း ဆမ္ေဆာင္းက အသံုးျပဳပံုကို ဖတ္သင့္တယ္လို႕ သံုးစြဲသူေတြကိုေျပာလိုက္တာမို႕ စိတ္ဆိုးခဲ့ရပါေသးတယ္။
အခုေတာ့ ေက်ာ္လြန္သြားပါျပီ။ ေကာင္းတာေလးကို ေျပာရမယ္ဆိုရင္ေတာ့ Note 5 ရဲ႕ stylus ေလးက အရင္ကထက္ ပိုေကာင္းလာပါတယ္။
အသိသာဆံုးကေတာ့ ေဘာလ္ပင္လိုမ်ိဳး ထိပ္မွာထြက္ေနတဲ့ အသီးေလးက ဖုန္းကိုယ္ထည္ကို ထိေတြ႕လိုက္ခ်ိန္မွာ ခံစားခ်က္တစ္မ်ိဳးကို ယူေဆာင္လာေပးႏုိင္ပါတယ္။
Software ပိုင္းမွာေတာ့ Samsung က မလိုအပ္တဲ့ bloat ေတြကို S Pen-ready suite ကေန ဖယ္ေပးလိုက္ပါတယ္။ S Note, Screen Write, Smart Select တို႕ေလာက္သာ ခ်န္ထားခဲ့ပါတယ္။ Air Command menu ကေတာ့ TouchWiz ဒီဇုိင္းအသစ္နဲ႕ လိုက္ဖက္ေနခဲ့ပါတယ္။
S Pen ေလးဟာ Note 5 မွာေတာ့ အသံုးအ၀င္ဆံုး၊ ေန႕စဥ္သံုးအတြက္ အဆင္ေျပဆံုး ျဖစ္လာခဲ့ပါတယ္။
Samsung Galaxy Note 7 နဲ႕ Note 7 FE


ေဆာရီးပါ။ ဒီေကာင္ေလးျဖစ္ခဲ့တယ္ဆိုတာ ေမ႕လို႕ရမွာ မဟုတ္ပါဘူး။
ေပါက္ကြဲတဲ့အျဖစ္ကိုထားလိုက္ပါ။ Note 7 ဟာ S Pen upgrade အေတာ္မ်ားမ်ားကုိမိတ္ဆက္ခဲ့ျပီးေတာ့ ေနာက္လာမယ့္ Note ေတြရဲ႕ စံျပျဖစ္ခဲ့ပါတယ္။
Samsung ဟာ S Pen pressure sensitivity ကို 4,096 အထိ တိုးျမင့္လိုက္ျပီး ေရစိုခံေအာင္ လုပ္ထားပါတယ္။ S Pen ကိုလည္း မိုးထဲမွာအသံုးျပဳႏုိင္ေစခဲ့ပါတယ္။ S Pen ကို ဖုန္းထဲထည့္တဲ့အခါမွာလည္း အဆင္ေျပလာပါတယ္။
Software ပိုင္းမွာလည္း S Pen suite ဟာ Notes ၊ Screen Write ၊ Smart Select တို႕အတြက္ အဆင့္ျမွင့္ေပးထားပါတယ္။ Animation select ေလးက stylus နဲ႕ ဆြဲသားလိုက္တဲ့အရာကို 15-second GIFs အျဖစ္နဲ႕ ဖန္တီးေပးႏုိင္ပါေသးတယ္။
Air Command menu ကလည္း feature အသစ္ ပါ၀င္လာပါတယ္။ Magnify ဆိုတဲ့ ျမင္ကြင္းခ်ဲ႕ျခင္းမွာ ၃၀၀% အထိ ခ်ဲ႕ႏုိင္ပါတယ္။ Glance ကေတာ့ အသံုးမ်ားတဲ့ app ေလးေတြကို အကြက္ေသးေသးေလးအျဖစ္ ျမင္ၾကည့္ျခင္းပါပဲ။ Translate ကေတာ့ Google Translate နဲ႕ ပူးေပါင္းျပီး S Pen ေထာက္လိုက္ခ်ိန္မွာ တစ္လံုးခ်င္းကို ဘာသာျပန္ေပးမွာပါ။
ဒီလိုဆြဲေဆာင္နုိင္အားေတြေၾကာင့္ စြဲလမ္းခဲ့ရေပမယ့္လည္း စင္ေပၚေရာက္ျပီး မၾကာခင္မွာ ျပန္ဆင္းခဲ့ရပါတယ္။ ျပာပံုထဲက ဖီးနစ္ငွက္လိုမ်ိဳး Note 7ဟာ Galaxy Note 7 Fan Edition အျဖစ္နဲ႕ ျပန္လည္ေမြးဖြားႏုိင္ခဲ့ပါတယ္။ ဒါကိုေတာ့ ေရြးခ်ယ္ထားတဲ့ေဒသေတြမွာသာ ထုတ္ေပးခဲ့တာပါ။
Samsung Galaxy Note 8


Samsung Galaxy Note 8 ကေတာ့ Galaxy S8’s Infinity Display နဲ႕ ဖန္သားျပင္ဒီဇုိင္းကိုအသံုးျပဳထားတဲ့ အေကာင္ၾကီးတစ္ေကာင္ပါပဲ။ Note ရဲ႕ တမူထူးျခားတဲ့ feature ေတြနဲ႕ဆိုေတာ့ အလန္းစားျဖစ္ေနတာေပါ့။ အေကာင္းဆံုး Note series စမတ္ဖုန္းတစ္လံုး ျဖစ္ခဲ့ပါတယ္။
major design ေျပာင္းလဲမႈေတြမရွိေပမယ့္လည္း Samsung က S Pen လုပ္ေဆာင္ခ်က္ေတြကို တိုးျမွင့္ျပီးေတာ့ ေပးထားခဲ့ပါတယ္။
သိသာတဲ့ေျပာင္းလဲမႈကေတာ့ productivity ပါပဲ။ ဘာသာျပန္ေပးတဲ့ေနရာမွာ စာေၾကာင္းတစ္ေၾကာင္းအလိုက္ ျပန္ဆိုေပးႏုိင္ျပီးေတာ့ Pen-Up coloring app ေလးကလည္း ပံုဆြဲဖို႕ အေကာင္းဆံုးျဖစ္ခဲ့ပါတယ္။
Screen Off Memos ကေတာ့ lock screen ေပၚမွာ မွတ္သားႏုိင္တဲ့ feature ေလးကို always-on display နဲ႕ေပါင္းစပ္ျပီး constant reminder အျဖစ္နဲ႕ မိတ္ဆက္ခဲ့ပါတယ္။ Live Message ကိုလည္း မိတ္ဆက္ျပီးေတာ့ သူငယ္ခ်င္းနဲ႕ မိသားစုေတြထံ animated GIFs ေလးေတြပို႕ေစႏုိင္ခဲ့ပါတယ္။
Note 8 ကို marquee feature ကေန ရုန္းထြက္လိုက္တယ္ဆိုေပမယ့္လည္း Note fan ေတြကေတာ့ Note 7ရဲ႕ myriad S Pen upgrade ေလးကို လြမ္းက်န္ရစ္ခဲ့ရပါတယ္။
Samsung Galaxy Note 9
တစ္ႏွစ္အၾကာအေမွာင္ထဲမွာ ေနခဲ့ရျပီးေနာက္မွာေတာ့ Samsung Galaxy Note 9 S Pen ေလးက တုိးတက္ေျပာင္းလဲမႈမွတ္တုိင္တစ္ခု စိုက္ထူႏုိင္ခဲ့ပါတယ္။
Bluetooth LE (Low Energy) support ကို မိတ္ဆက္လိုက္ျပီးေတာ့S Pen ေလးကို အေ၀းထိန္းခလုတ္အေနနဲ႕ အသံုးျပဳႏုိင္သြားပါတယ္။ ကင္မရာဖြင့္ျခင္း၊ ေရွ႕ကင္မရာနဲ႕ ေနာက္ကင္မရာေျပာင္းျခင္း၊ သီခ်င္းေက်ာ္ျခင္း၊ ပိတ္ျခင္း၊ presentation slides ဖြင့္ျခင္း အမ်ားၾကီးပါပဲ။
ဘတ္ထရီအတြက္ စိတ္ပူေနတဲ့သူေတြအတြက္လည္း S Pen ေလးက စကၠန္႕၄၀အားသြင္းလုိက္တာနဲ႕ အခ်က္ ၂၀၀ ဒါမွမဟုတ္ မိနစ္၃၀ ေလာက္ အသံုးျပဳႏုိင္မွာျဖစ္ေၾကာင္း ေျပာထားခဲ့ပါတယ္။
S Pen ရဲ႕ Bluetooth စေကးအျပင္ မ်က္ႏွာျပင္ေပၚမွာ ေရးျခစ္္လို႕လည္း အဆင္ေျပတာကို ေတြ႕ျမင္ရပါတယ္။
Samsung ဟာ S Pen အတြက္ SDK ကို မၾကာခင္မွာ ထုတ္ေပးေတာ့မွာျဖစ္လို႕ app developer လည္း သူတို႕ app ထဲမွာ အဆင္ေျပေျပအသံုးျပဳႏုိင္ေတာ့မွာပါ။
Note 8 ရဲ႕ feature ေတြျပန္လာတဲ့အျပင္ သိသာတဲ့ေျပာင္းလဲမႈတစ္ခုကေတာ့ Note 9 S Pen ရဲ႕ အေရာင္ပါပဲ။ ocean blue ဖုန္းအတြက္ အ၀ါေရာင္ S Pen ျဖစ္ျပီး ေၾကြဆင္းဖြယ္အတိျဖစ္ေနပါတယ္။
Note 9 S Pen ကေတာ့ stylus ရဲ႕လုပ္ေဆာင္ခ်က္ကို ေနာက္တစ္ဆင့္ျမွင့္ေပးလိုက္ပါတယ္။ ေနာက္ထပ္ဘယ္လိုမ်ားျမင္ရမလဲဆိုတာကေတာ့ ကၽြန္ေတာ္တို႕ စိတ္လႈပ္ရွားေနမိပါတယ္။
သင္ေရာ ခရီးရွည္ေလွ်ာက္လွမ္းခဲ့ရျပီျဖစ္တဲ့ S Pen ကို ဘယ္လိုျမင္မိလဲ။

Unicode Version

Samsung ဟာ နောက်ထပ် Galaxy Note series ကို ပြသလိုက်ပါပြီ။ S Pen လေးကလည်း ကျွန်တော်တို့မြင်ဖူးသမျှထက် ပိုကောင်းလာတာကို တွေ့မြင်ရပါတယ်။ Bluetooth support ပါဝင်လာသလိုမျိုးပဲ ကိုယ်ပိုင်ဘတ်ထရီကိုထည့်သွင်းပေးထားတဲ့အတွက်ကြောင့် stylus တစ်ခုအနေနဲ့သာမက အဝေးထိန်းခလုတ်အနေနဲ့လည်း အသုံးပြုနိုင်တော့မှာပါ။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ S Pen လေးဟာ ဘယ်လိုမျိုး ဒီအဆင့်ကိုရောက်လာခဲ့သလဲဆိုတာကို ခြေရာပြန်ကောက်ပေးထားပါတယ်။ ဒါကြောင့် Samsung Galaxy Note S Pen ရဲ့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာမှု လို့ ဆောင်းပါးလေးကို အမည်ပေးထားပါတယ်။
Samsung Galaxy Note

Samsung Galaxy note
Wacom နဲ့ ပူးပေါင်းပြီးထုတ်လုပ်တဲ့ original Samsung Galaxy Note S Pen ကတော့ ၁၄မီလီမီတာရှည်လာျးပြီး pressure sensitivity 256 level နဲ့ ဖြစ်ပါတယ်။ ပေါ့ပါးတဲ့ stylus လေးဟာ Note ရဲ့ အောက်စွန်းမှာဝင်နေပြီးတော့ လက်နဲ့တို့ထိမယ့်အစား Pen တစ်ချောင်းအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ app တွေကို ဘယ်ညာရွှေ့ခြင်း၊ web page ပွတ်ခြင်း စတဲ့ရွေ့လျားမှုတွေအားလုံးကို ခံစားရမှာပါ။
original S Pen လေးမှာ စမတ်ကျတဲ့အပိုင်းကတော့ ဘေးမှာပါတဲ့ခလုတ်လေးပါပဲ။ သူဟာ နှစ်အတော်ကြာအောင် ရှိနေတဲ့ trademark လေးပါပဲ။ Note ရဲ့ ကီးတွေကို လုံးဝလျစ်လျူရျုစေနိုင်တဲ့ gesture control တွေလည်းရှိနေပါတယ်။ S Pen ရဲ့ ခလုတ်လေးကတော့ screenshots အလွယ်တကူရိုက်ကူးနိုင်စေပါတယ်။ ခလုတ်လေးကိုနှစ်ချက်နှိပ်လိုက်တာနဲ့ S Memo feature လေးက ရှေ့မှောက်ကို ရောက်လာမှာပါ။ handwriting-to-text feature လေးကလည်း ၂၀၁၁ခုနှစ်အတွက်တော့ နှစ်ခြိုက်စွဲမက်စရာတစ်ခုပါပဲ။
ဒီအချက်အလက်တွေက ဖုန်းကိုရောင်းအားကောင်းစေတဲ့အချက်တွေတော့မဟုတ်ပါဘူး။ အများစုကတော့ အဲဒီအချိန်မှာ ကြီးမားတဲ့ ၅.၃လက်မ မျက်နှာပြင်ကိုသာ မြင်ကြပါတယ်။ ဒါဟာလည်း Note brand ရဲ့ အနှစ်သာရတစ်ခု ဖြစ်လာစေခဲ့ပါတယ်။
Samsung Galaxy Note 2


ပိုကြီးပြီးတော့ လုပ်ဆောင်ရည်ပိုမြင့်မားလာတဲ့ S Pen ရဲ့ သွင်ပြင်လေးကတော့ အဆင်မှပြေပါ့မလားလို့ သံသယရှိနေတဲ့သူတွေကို ကျေနပ်စေခဲ့ပါတယ်။
ဒုတိယ S Pen လေးကတော့ ပိုရှည်လာပြီး အနည်းငယ်ထူလာပါတယ်။ တကယ့်ခဲတံလေးလို ခံစားရစေမယ့် ရာဘာလေးလည်း ပါဝင်လာပါတယ်။ pressure sensitivity ကို 1,024 အထိ သုံးပေးထားပါတယ်။
အကြီးမားဆုံးထည့်သွင်းပေးမှုကိုပြောပါဆိုရင်တော့ Galaxy Note 2 ဟာ S Penနဲ့ ထိစရာမလိုအပ်ဘဲ နီးကပ်လာမှုကို ခံစားနိုင်ပါတယ်။ ဒါကို အခွင့်ကောင်းယူလိုက်ပြီးတော့ Air View လို့ခေါ်တဲ့ feature လေးကို ထွင်လိုက်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ messages, documents, photos နဲ့ ဗွီဒီယိုလေးကို pop-up အသေးလေးမြင်နိုင်အောင် လုပ်ဆောင်ပေးထားတာပါ။
magic button လေးကို ဦးစားပေး အဆင့်မြှင့်ထားခြင်း၊ screen ရဲ့ကြိုက်တဲ့နေရာကို cut & paste လုပ်နိုင်ခြင်းတို့ပါဝင်နေတဲ့ S Pen-enabled app suite ၊ Quick Command လို့ခေါ်တဲ့ စာပို့ခြင်း၊ ဝက်ဘ်ပေါ်မှာရှာခြင်းတို့အတွက် shortcut code လေးတွေရိုက်ခြင်း စတာတွေ ပါဝင်လာပါတယ်။
Samsung Galaxy Note 3


Galaxy Note 3 ကတော့ လယ်သာလေးကို ကျောဘက်မှာ ဖုံးအုပ်ပေးထားတဲ့ဖုန်းလေးပေါ့။ ဒါပေမယ့်လည်း S Pen ကတော့ သိပ်ပြင်ထားတာမတွေ့ရပါဘူး။
pressure sensitivity က အရင်အတိုင်းဖြစ်ပြီးတော့ S Pen ရဲ့ ဒီဇိုင်းကဘက်ညီသွားပါတယ်။ ဒီတော့ သွင်းတဲ့အချိန်မှာ ညာဘက်ကိုကြည့်နေစရာမလိုတော့ဘူးပေါ့။
အကောင်းဆုံးနဲ့ အကြီးမားဆုံးပြောင်းလဲမှုကတော့ Air Command menu မှာ ထပ်ထည့်လိုက်ခြင်းပါပဲ။ stylus လေးကိုထုတ်လိုက်တဲ့အချိန်မှာ S Pen functionality လေးတွေကို စက်ဝိုင်းတစ်ဝက်ပုံလေးနဲ့ တွေ့မြင်ရမှာပါ။
TouchWiz နဲ့ Android Jelly Beanတို့ပူးပေါင်းပြီးတော့ Command Window လေးဟာ S Pen-ready app နဲ့ S Finder , Action Memo , Autodesk’s Sketchbook app တွေအတွက် ချက်ချင်းအသုံးပြုနိုင်စေပါတယ်။
Note Series ကိုကြိုက်ပေမယ့်လည်း ဈေးနှုန်းကြောင့် အဆင်မပြေနေတဲ့သူတွေအတွက် Galaxy Note 3 Neo ကို ထပ်မံထုတ်လုပ်ပေးခဲ့ပါတယ်။ စွမ်းဆောင်ရည်ကျဆင်းသွားပေမယ့်လည်း S Pen feature လေးကတော့ အတူတူပဲထည့်သွင်းပေးထားပါတယ်။
Samsung Galaxy Note 4


Note 4 မှာ အောင်မြင်ခဲ့တယ်ဆိုတာကို သုံးစွဲသူတွေ၊ ဝေဖန်သူတွေအတော်များများက သဘောတူခဲ့ကြပါတယ်။ Note 3 ကို ပြင်ဆင်ထားတဲ့အပြင်ကို major upgrade တွေလည်း ထည့်သွင်းပေးထားပါတယ်။ S Pen ဟာ pressure sensitivity 2,048 ဖြစ်သွားတယ်ဆိုတော့ Note 3 ထက် နှစ်ဆတိုးမြင့်သွားခဲ့ပါတယ်။
အကောင်းဆုံး feature အသစ်ကတော့ Smart Select လို့ခေါ်တဲ့ စာသားကို မှတ်သားခြင်း၊ ဝက်ဘ်ဆိုက် ဒါမှမဟုတ် document ရဲ့ စာသားကိုမှတ်သားနိုင်ခြင်းတို့ဖြစ်ပါတယ်။ ဒါကြောင့် S Pen ကို PC mouse အဖြစ်နဲ့ ပထမဆုံးခံစားမိသွားစေပြီး ကြိုက်တဲ့စာသားကို copy & paste လုပ်နိုင်သွားပါပြီ။
နောက်ထပ် အသုံးဝင်တဲ့feature တစ်ခုကတော့ Photo Note ပါပဲ။ အနည်းငယ်တို့ထိလိုက်တာနဲ့ copy, morph, and share လုပ်နိုင်ပါပြီ။
ဒါတွေအားလုံးကတော့ Air Command menu ထဲမှာပါ။ ပြီးတော့ Galaxy Note Edge လို့ခေါ်တဲ့ Note 4 ရဲ့ မျက်နှာပြင်ကိုကွေးညွတ်ထားတဲ့၊ ဈေးပိုကြီးတဲ့ မော်ဒယ်လ်ကိုလည်း ထုတ်ပေးခဲ့ပါသေးတယ်။
Samsung Galaxy Note 5


မကောင်းတာကနေ စလိုက်ရအောင်။ ၂၀၁၅ခုနှစ်နောက်ပိုင်းမှာ S Pen ညှပ်လာပါတယ်။ ဒါပေမယ့်လည်း ဆမ်ဆောင်းက အသုံးပြုပုံကို ဖတ်သင့်တယ်လို့ သုံးစွဲသူတွေကိုပြောလိုက်တာမို့ စိတ်ဆိုးခဲ့ရပါသေးတယ်။
အခုတော့ ကျော်လွန်သွားပါပြီ။ ကောင်းတာလေးကို ပြောရမယ်ဆိုရင်တော့ Note 5 ရဲ့ stylus လေးက အရင်ကထက် ပိုကောင်းလာပါတယ်။
အသိသာဆုံးကတော့ ဘောလ်ပင်လိုမျိုး ထိပ်မှာထွက်နေတဲ့ အသီးလေးက ဖုန်းကိုယ်ထည်ကို ထိတွေ့လိုက်ချိန်မှာ ခံစားချက်တစ်မျိုးကို ယူဆောင်လာပေးနိုင်ပါတယ်။
Software ပိုင်းမှာတော့ Samsung က မလိုအပ်တဲ့ bloat တွေကို S Pen-ready suite ကနေ ဖယ်ပေးလိုက်ပါတယ်။ S Note, Screen Write, Smart Select တို့လောက်သာ ချန်ထားခဲ့ပါတယ်။ Air Command menu ကတော့ TouchWiz ဒီဇိုင်းအသစ်နဲ့ လိုက်ဖက်နေခဲ့ပါတယ်။
S Pen လေးဟာ Note 5 မှာတော့ အသုံးအဝင်ဆုံး၊ နေ့စဉ်သုံးအတွက် အဆင်ပြေဆုံး ဖြစ်လာခဲ့ပါတယ်။
Samsung Galaxy Note 7 နဲ့ Note 7 FE


ဆောရီးပါ။ ဒီကောင်လေးဖြစ်ခဲ့တယ်ဆိုတာ မေ့လို့ရမှာ မဟုတ်ပါဘူး။
ပေါက်ကွဲတဲ့အဖြစ်ကိုထားလိုက်ပါ။ Note 7 ဟာ S Pen upgrade အတော်များများကိုမိတ်ဆက်ခဲ့ပြီးတော့ နောက်လာမယ့် Note တွေရဲ့ စံပြဖြစ်ခဲ့ပါတယ်။
Samsung ဟာ S Pen pressure sensitivity ကို 4,096 အထိ တိုးမြင့်လိုက်ပြီး ရေစိုခံအောင် လုပ်ထားပါတယ်။ S Pen ကိုလည်း မိုးထဲမှာအသုံးပြုနိုင်စေခဲ့ပါတယ်။ S Pen ကို ဖုန်းထဲထည့်တဲ့အခါမှာလည်း အဆင်ပြေလာပါတယ်။
Software ပိုင်းမှာလည်း S Pen suite ဟာ Notes ၊ Screen Write ၊ Smart Select တို့အတွက် အဆင့်မြှင့်ပေးထားပါတယ်။ Animation select လေးက stylus နဲ့ ဆွဲသားလိုက်တဲ့အရာကို 15-second GIFs အဖြစ်နဲ့ ဖန်တီးပေးနိုင်ပါသေးတယ်။
Air Command menu ကလည်း feature အသစ် ပါဝင်လာပါတယ်။ Magnify ဆိုတဲ့ မြင်ကွင်းချဲ့ခြင်းမှာ ၃၀၀% အထိ ချဲ့နိုင်ပါတယ်။ Glance ကတော့ အသုံးများတဲ့ app လေးတွေကို အကွက်သေးသေးလေးအဖြစ် မြင်ကြည့်ခြင်းပါပဲ။ Translate ကတော့ Google Translate နဲ့ ပူးပေါင်းပြီး S Pen ထောက်လိုက်ချိန်မှာ တစ်လုံးချင်းကို ဘာသာပြန်ပေးမှာပါ။
ဒီလိုဆွဲဆောင်နိုင်အားတွေကြောင့် စွဲလမ်းခဲ့ရပေမယ့်လည်း စင်ပေါ်ရောက်ပြီး မကြာခင်မှာ ပြန်ဆင်းခဲ့ရပါတယ်။ ပြာပုံထဲက ဖီးနစ်ငှက်လိုမျိုး Note 7ဟာ Galaxy Note 7 Fan Edition အဖြစ်နဲ့ ပြန်လည်မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါကိုတော့ ရွေးချယ်ထားတဲ့ဒေသတွေမှာသာ ထုတ်ပေးခဲ့တာပါ။
Samsung Galaxy Note 8


Samsung Galaxy Note 8 ကတော့ Galaxy S8’s Infinity Display နဲ့ ဖန်သားပြင်ဒီဇိုင်းကိုအသုံးပြုထားတဲ့ အကောင်ကြီးတစ်ကောင်ပါပဲ။ Note ရဲ့ တမူထူးခြားတဲ့ feature တွေနဲ့ဆိုတော့ အလန်းစားဖြစ်နေတာပေါ့။ အကောင်းဆုံး Note series စမတ်ဖုန်းတစ်လုံး ဖြစ်ခဲ့ပါတယ်။
major design ပြောင်းလဲမှုတွေမရှိပေမယ့်လည်း Samsung က S Pen လုပ်ဆောင်ချက်တွေကို တိုးမြှင့်ပြီးတော့ ပေးထားခဲ့ပါတယ်။
သိသာတဲ့ပြောင်းလဲမှုကတော့ productivity ပါပဲ။ ဘာသာပြန်ပေးတဲ့နေရာမှာ စာကြောင်းတစ်ကြောင်းအလိုက် ပြန်ဆိုပေးနိုင်ပြီးတော့ Pen-Up coloring app လေးကလည်း ပုံဆွဲဖို့ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။
Screen Off Memos ကတော့ lock screen ပေါ်မှာ မှတ်သားနိုင်တဲ့ feature လေးကို always-on display နဲ့ပေါင်းစပ်ပြီး constant reminder အဖြစ်နဲ့ မိတ်ဆက်ခဲ့ပါတယ်။ Live Message ကိုလည်း မိတ်ဆက်ပြီးတော့ သူငယ်ချင်းနဲ့ မိသားစုတွေထံ animated GIFs လေးတွေပို့စေနိုင်ခဲ့ပါတယ်။
Note 8 ကို marquee feature ကနေ ရုန်းထွက်လိုက်တယ်ဆိုပေမယ့်လည်း Note fan တွေကတော့ Note 7ရဲ့ myriad S Pen upgrade လေးကို လွမ်းကျန်ရစ်ခဲ့ရပါတယ်။
Samsung Galaxy Note 9
တစ်နှစ်အကြာအမှောင်ထဲမှာ နေခဲ့ရပြီးနောက်မှာတော့ Samsung Galaxy Note 9 S Pen လေးက တိုးတက်ပြောင်းလဲမှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။
Bluetooth LE (Low Energy) support ကို မိတ်ဆက်လိုက်ပြီးတော့S Pen လေးကို အဝေးထိန်းခလုတ်အနေနဲ့ အသုံးပြုနိုင်သွားပါတယ်။ ကင်မရာဖွင့်ခြင်း၊ ရှေ့ကင်မရာနဲ့ နောက်ကင်မရာပြောင်းခြင်း၊ သီချင်းကျော်ခြင်း၊ ပိတ်ခြင်း၊ presentation slides ဖွင့်ခြင်း အများကြီးပါပဲ။
ဘတ်ထရီအတွက် စိတ်ပူနေတဲ့သူတွေအတွက်လည်း S Pen လေးက စက္ကန့်၄၀အားသွင်းလိုက်တာနဲ့ အချက် ၂၀၀ ဒါမှမဟုတ် မိနစ်၃၀ လောက် အသုံးပြုနိုင်မှာဖြစ်ကြောင်း ပြောထားခဲ့ပါတယ်။
S Pen ရဲ့ Bluetooth စကေးအပြင် မျက်နှာပြင်ပေါ်မှာ ရေးခြစ်လို့လည်း အဆင်ပြေတာကို တွေ့မြင်ရပါတယ်။
Samsung ဟာ S Pen အတွက် SDK ကို မကြာခင်မှာ ထုတ်ပေးတော့မှာဖြစ်လို့ app developer လည်း သူတို့ app ထဲမှာ အဆင်ပြေပြေအသုံးပြုနိုင်တော့မှာပါ။
Note 8 ရဲ့ feature တွေပြန်လာတဲ့အပြင် သိသာတဲ့ပြောင်းလဲမှုတစ်ခုကတော့ Note 9 S Pen ရဲ့ အရောင်ပါပဲ။ ocean blue ဖုန်းအတွက် အဝါရောင် S Pen ဖြစ်ပြီး ကြွေဆင်းဖွယ်အတိဖြစ်နေပါတယ်။
Note 9 S Pen ကတော့ stylus ရဲ့လုပ်ဆောင်ချက်ကို နောက်တစ်ဆင့်မြှင့်ပေးလိုက်ပါတယ်။ နောက်ထပ်ဘယ်လိုများမြင်ရမလဲဆိုတာကတော့ ကျွန်တော်တို့ စိတ်လှုပ်ရှားနေမိပါတယ်။
သင်ရော ခရီးရှည်လျှောက်လှမ်းခဲ့ရပြီဖြစ်တဲ့ S Pen ကို ဘယ်လိုမြင်မိလဲ။

Leave a Reply