Samsung Galaxy Note 9 ကို အကြိုသုံးသပ်ကြည့်ခြင်း

0
879

Note 9 ကတော့ upgrade သေးသေးလေးတွေအများကြီးနဲ့ အလန်းစားဖြစ်နေပါတယ်။

ကနဦးသုံးသပ်ချက်

အရင် Note ဖုန်းတွေထက် ကြီးမားပြီးတော့ Note 9 မှာ ကျယ်ပြန့်တဲ့မျက်နှာပြင်၊ ကြီးမားတောင့်တင်းတဲ့ ဘတ်ထရီ၊ အရမ်းမိုက်တဲ့ 1TB storage တို့ပါဝင်နေပါတယ်။ ကင်မရာလေးဟာ ပိုကောင်းလာပြီးတော့ Bluetooth နဲ့ချိတ်ဆက်ထားတဲ့ S Pen လေးဟာ customizable shortcut လေးတွေကို အသုံးပြုနိုင်မှာပါ။ ဒါပေမယ့်လည်း ဈေးနှုန်းကတော့ iPhone X နဲ့ညီနေတဲ့အနေအထားပါ။

အကြိုက်များ

  • လှပနေတဲ့ ၆.၄လက်မ Infinity Display
  • ဘတ်ထရီကြီးကြီးနဲ့ သိုလှောင်မှုပမာဏများများ
  • ကင်မရာတိုးတက်ကောင်းမွန်လာမှုများ
  • Bluetooth S Pen shortcut

မကြိုက်တာတွေကတော့

  • ဈေးကြီးတယ်
  • upgrade အသေးလေးတွေ အများကြီးထည့်သွင်းထား
  • HDR video recording မပါဝင်
  • ဈေးကြီးတယ် (ထပ်ပြောတာ)

Samsung Galaxy Note 9 ဟာ Note ဖုန်းအားလုံးထက် ပိုကြီး၊ ပိုရောင်စုံ၊ ပိုစွမ်းအားကြီးပါတယ်။ ဒါပေမယ့်လည်း အတော်လေးကို ဈေးကြီးသွားပါတယ်။

6.4-inch Super AMOLED display ၊ တစ်နေ့တာလုပ်ဆောင်ချက်များကို အဆင်ပြေစေမယ့် 4,000mAh battery ၊ storage က 512GB နဲ့ 8GB RAM တို့ကြောင့် အကြီးမားဆုံးAndroid ဖုန်းတစ်လုံးဖြစ်နေပြီးတော့ ၂၀၁၈ခုနှစ်မှာ သင့်ရဲ့အာရုံကိုဖမ်းစားနေမှာကျိန်းသေပါပဲ။

512GB microSD card ထည့်သွင်းနိုင်တဲ့အတွက် သူဟာ ပထမဆုံးသော 1TB ဖုန်းတစ်လုံး ဖြစ်လာတော့မှာပါ။ အားလုံးကုန်အောင် သုံးချင်မှသုံးနိုင်မှာဖြစ်ပေမယ့်လည်း သိုလှောင်မှုနည်းတဲ့ဖုန်းကို ကိုင်နေရတယ်ဆိုပြီးတော့ မကျေနပ်ဖြစ်တာမျိုးတွေ ရှိတော့မှာ မဟုတ်ပါဘူး။

သတင်းကောင်းကတော့ Note 9 ဟာ မနှစ်က 6.3-inch Note 8 ထက် ပိုကြီးတယ်လို့မခံစားရပါဘူး။ သူဟာ 5.8-inch Galaxy S9 နဲ့ 6.8-inch Galaxy S9 Plus တို့ရဲ့ feature တွေကို ထည့်သွင်းအသုံးပြုထားပါတယ်။

ကင်မရာပိုင်းကတော့ ပိုကောင်းလာတာကို တွေ့မြင်ရပါတယ်။ အနောက်ဘက်မှာ 12MP နှစ်လုံးကို dual-aperture နည်းပညာနဲ့ပေါင်းစပ်ထားတယ်ဆိုတော့ Super Slow Mo ဗွီဒီယိုတွေလည်း ရိုက်ကူးနိုင်ပါတယ်။ AR Emoji ကလည်း စိတ်ကြိုက် avatar လေးတွေ လုပ်နိုင်မှာပါ။ ဒါပေမယ့်လည်း စမ်းသပ်ချက်တွေအရတော့ သင့်ရဲ့ avatar လေးက သင်နဲ့တူမယ်လို့ မထင်လိုက်ပါနဲ့။

Note 9 ကင်မရာမှာ automatic scene optimizer နဲ့ flaw detection feature တွေပါဝင်တဲ့အတွက်ကြောင့် မျက်လုံးမှိတ်နေတာတို့ဘာတို့ဆိုရင် သတိပေးသွားမှာပါ။ ပြီးတော့ နောက်ပိုင်းမှာ အရင်ထွက်ခဲ့တဲ့ဖုန်းတွေကိုလည်း ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

S Pen လေးကို Bluetooth နဲ့ ချိတ်ဆက်ထားပြီးတော့ Bixby button အစားသုံးမလား။ စိတ်ကြိုက်ချိန်ညှိလိုက်ပါ။ ပေ၃၀ အကွာကနေ ဓါတ်ပုံရိုက်ချင်လား။ S Pen လေးက ဒီထက်မိုက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

သတင်းဆိုးလည်းပြောရဦးမယ်။ ဈေးကတော့ အတော်လေးများပါတယ်။ iPhone X အဆင့်ဈေးကို entry-level 128GB နဲ့ 6GB model အတွက် ပေးဆောင်ရမှာပါ။ အူး။ Note 9 ကတော့ Samsung ရဲ့ရည်ရွယ်ချက်အရ အရွယ်အစား၊ သိုလှောင်မှုပမာဏ၊ ဈေးနှုန်း၊ ဘတ်ထရီအားလုံးကို အရမ်းသုံးတဲ့သုံးစွဲသူတွေအတွက်ထုတ်ထားတယ်လို့ ပြောရမှာပါ။

Note 9 ၀ယ်တဲ့သူတွေဟာ ဖုန်းနဲ့အချိန်ကုန်တာများလေ့ရှိပြီးတော့အကောင်းတကာ့အကောင်းဆုံးကို လိုချင်တဲ့သူတွေပေါ့။ အကောင်းဆုံး AV receiver ၊ အကောင်းဆုံး TV ကိုလည်း ရနိုင်ဦးမှာပါ။

Note 9 ကို စမ်းသပ်ကြည့်တဲ့အခါမှာ Galaxy S9 Plus ရဲ့ ပြိုင်ဘက်လို့ ပြောရမှာပါ။ ကြီးမားပြီးတော့ feature စုံလင်တဲ့ဖုန်း၊ ငွေကုန်ကြေးကျများမှာကိုလည်း စိတ်ပူတယ်ဆိုရင်တော့ Galaxy S9 Plus ကို ပြောင်းစဉ်းစားလိုက်ပါ။

Samsung Galaxy Note 8 ကတော့ ဈေးကျသွားဖို့ ရှိပါတယ်။

Samsung Galaxy Note 9 ထွက်ရှိမယ့်ရက်နဲ့ ဈေးနှုန်းများ

Samsung Galaxy Note 9 ရဲ့ ထွက်ရှိမယ့်ရက်ကတော့ August 24 ဖြစ်ပြီးတော့ လူတိုင်းက အရင်နှစ်ကတည်းက လိုချင်နေခဲ့တာပါ။ Note 8 ကို September 15 ရက်နေ့မှာ ယူအက်စ်နဲ့ ယူကေအတွက်ထုတ်ပေးခဲ့ပါတယ်။

သီအိုရီအရ Samsung ဟာ Note 9 ကို စောစောထုတ်ပြီးတော့ iPhone 11 နဲ့ iPhone 9 တို့ကို အနိုင်တိုက်ချင်တဲ့သဘောလို့ ကောလာဟလတွေ ထွက်နေပါတယ်။

Samsung ကို Apple နဲ့ ပြိုင်နေတဲ့အကြောင်းပြောရမယ်ဆိုရင်တော့ Note 9 ဈေးကလည်း Apple ဟန်းဆက်လောက်ဖြစ်သွားပါတယ်။ ကျွန်တော်တို့မျှော်လင့်ထားသလို ဈေးလျှော့တာမျိုး မဟုတ်တော့ပါဘူး။

Galaxy Note 9 ဈေးနှုန်းကတော့ 128GB သိုလှောင်မှုနဲ့ 6GB RAM အတွက် ဒေါ်လာ ၁၀၀၀ ၊ 512GB နဲ့ 8GB RAM အတွက်ကတော့ ဒေါ်လာ၁၂၅၀ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ entry-level 128GB လေးဟာ iPhone X ရဲ့ 64GB ရဲ့ ဈေးနှုန်းလောက်ပါပဲ။ Note 8 launch ဈေးနှုန်းထက်တော့ ဒေါ်လာ ၇၀များသွားပါတယ်။ ဒီတော့ သင်ဘယ်လိုကြည့်သလဲဆိုတဲ့အပေါ် မူတည်မယ်ထင်ပါတယ်။

Samsung ဟာ Unlock ဖုန်းတွေကို ယူအက်စ်မှာ ဒီနေ့ပဲ ထွက်ရှိပေးထားပါတယ်။ Verizon, AT&T, Sprint နဲ့ Verizon, AT&T, Sprint တို့နဲ့ ပူးပေါင်းထားပါတယ်။ ယူအက်စ်မှာအော်ဒါတွေကို သြဂုတ်လ ၁၀ရက်နေ့တည်းက ကောက်ထားတာဖြစ်ပါတယ်။

ယူအက်စ်အတွက် Note 9 အရောင်တွေကတော့ Ocean Blue နဲ့ အ၀ါရောင် S Pen ၊ Lavender Purple နဲ့ ခရမ်းရောင် pen တို့ဖြစ်ပါတယ်။

ယူကေ၊ သြစတေးလျနဲ့ အရှေ့အလယ်ပိုင်းကိုတော့ သြဂုတ်လ ၂၄ရက်နေ့ရောက်မှ အော်ဒါတွေကို လက်ခံသွားမှာပါ။

အခြားဒေသတွေအတွက် ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကတော့ မသိသေးပါဘူး။ အခြားဒေသတွေကတော့ အနက်ရောင်နဲ့ ကြေးနီရောင်ကိုသာ ရနိုင်မယ်လို့ ပြောထားပါတယ်။

S Pen magic tricks

S Pen အသစ်ကတော့ Note 9 ရှိုးအတွက် စတားတစ်ယောက်ပါပဲ။ Bluetooth နဲ့ ချိတ်ဆက်ထားပြီးတော့ ပေ၃၀ အကွာကနေ မှော်တုတ်တံလေးလို လှည့်ဖျားနိုင်ပါတယ်။

Samsung ဟာ S Pen ထဲမှာ ဘတ်ထရီအသေးစားလေးနဲ့ antenna အသေးကို အသုံးပြုထားတဲ့အတွက်ကြောင့် stylus လေးကို ပမာဏပြောင်းမသွားစေဘဲ လုပ်ဆောင်ချက်အတော်များများကို လုပ်ဆောင်နိုင်စေမှာပါ။

camera app ကို ဖွင့်ချင်တယ်ဆိုရင်တော့ S Pen ခလုတ်လေးကို ကြာကြာဖိထားလိုက်ပါ။ selfie mode ပြောင်းချင်လား။ တစ်ချက်လောက်နှိပ်လိုက်ပါ။ အုပ်စုလိုက်ရိုက်မှာလား။ နှစ်ချက်နှိပ်လိုက်ပါ။

camera timer ချိန်ချင်တာလား။ ပိုလွယ်ကူသွားပါတယ်။

S Pen shortcut တွေကို စိတ်ကြိုက်ချိန်ညှိခွင့်ပေးထားပါတယ်။

Camera: Flip the camera / take a photo

Camera: Flip the camera / record a video

Music Player: Play and pause music / skip to the next track

Photo Gallery: Advance to the next photo / cycle back to a previous photo

Samsung က software development kit (SDK) ကိုလည်း third-party app တွေအတွက် ထုတ်ပေးထားတယ်ဆိုတော့ shortcut ပိုင်းမှာ လုပ်ဆောင်ချက်အတော်များများကို ဖန်တီးနိုင်တော့မှာ ဖြစ်ပါတယ်။

S Pen ကလည်း အားသွင်းဖို့ လိုအပ်တယ်လို့ဆိုပေမယ့် စက္ကန့်၄၀ အားသွင်းလိုက်တာနဲ့ မိနစ်၃၀လောက် အသုံးပြုနိုင်မှာပါ။

အားဘယ်လောက်ခံတယ်ဆိုတာတော့ စမ်းသပ်ပြီးမှ ပြောချင်ပါတယ်။ အခုတော့ iPad Pro’s Apple Pencil ကို အားသွင်းရတာထက်တော့ ပိုလွယ်ကူတယ်လို့ပဲ ပြောချင်ပါသေးတယ်။

S Pen ကို ဖုန်းထဲသွင်းလိုက်တာနဲ့ အားသွင်းမှာဖြစ်ပါတယ်။ ဒီတော့ အေးဆေးပဲ ထည့်လိုက်ပါ။ Apple Pencil ကတော့ ထည့်စရာမရှိတဲ့အတွက်ကြောင့် အန္တရာယ်များပါတယ်။ Samsung ရဲ့ stylus လုပ်နေတဲ့အတွေ့အကြုံက စကားပြောသွားတာပါ။

Blue Ocean Note 9 ကတော့ အ၀ါရောင် S Pen လေးနဲ့တွဲဖက်ညီပါတယ်။ အ၀ါရောင်စာသားလေးတွေကို ထုတ်ပေးနိုင်ပြီးတော့ Lavender Purple ဖုန်းဟာ ခရမ်းရောင်စာသားလေးတွေကို ထုတ်ပေးမှာဖြစ်ပါတယ်။

အရောင်အားလုံးကတော့ Air Command functionality ကို အတူတူပဲပေးနိုင်မှာပါ။ ဆွဲသားခြင်း၊ မှတ်စုထုတ်ခြင်း၊ screenshot ရိုက်ခြင်း၊ စာသားတွေကို ဘာသာပြန်ခြင်းနဲ့ Live Messages ပို့ခြင်းတွေပေါ့။

Samsung က Bluetooth ချိတ်ဆက်ပေးလိုက်တဲ့အတွက် S Pen ကို တိုးတက်သွားစေတယ်လို့ပြောထားပေမယ့်လည်း အခြားတိုးတက်မှုတွေကိုတော့ မမြင်ခဲ့ဘူးလို့ ပြောရမှာပါ။

Selfies ကို အဝေးကထိန်းနိုင်တဲ့ Shortcut ကတော့ ဓါတ်ပုံပညာအတွက် အဆင့်တစ်ခုကို ရောက်သွားစေနိုင်တယ်လို့ Samsung က ပြောဆိုထားပါတယ်။ dramatic selfies တွေအတွက်အလွန်အသုံးဝင်တယ်လို့ ထင်ရပေမယ့်လည်း business-class Note 9 က ဒီလိုအသုံးပြုမှုတွေ မရှိလောက်ဘူးလို့ မြင်မိပါတယ်။ ဒီတော့အရမ်းမမိုက်ပါဘူး။

Galaxy Note 9 ရဲ့ feature အသစ်ကတော့ S Pen ဟာ off-screen memo အတွက် အတော်လေးအသုံးဝင်လာပါတယ်။ Note 9 မှာ S Pen ကို ဆွဲထုတ်လိုက်ရင် screen off ဖြစ်နေရင်တောင်မှ note-taking feature ကို လုပ်ဆောင်ပေးနိုင်ပါတယ်။

ဒါကြောင့် မှတ်စုထုတ်ပြီးတော့ ဖုန်းမှာသိမ်းထားဖို့အတွက် ဖုန်းကို unlock လုပ်နေစရာမလိုတော့ဘူးပေါ့။ ဒီတော့ မြန်ဆန်လွယ်ကူပြီး အလုပ်ပြီးမြောက်စေနိုင်ပါတယ်။ ရိုးရှင်းတယ်ဆိုပေမယ့်လည်း မကြာခဏအသုံးပြုနေရတဲ့သူတွေတွက်ကတော့ အချိန်ကုန်သက်သာစေပါတယ်။

S Pen ကို ထည့်လိုက်တဲ့အချိန်မှာလည်း အရင်တုန်းက ခံစားချက်တွေနဲ့ မတူတော့ပါဘူး။ Galaxy Note 9 မှာ အံကိုက်ဝင်သွားတယ်လို့ ခံစားမိပါတယ်။

S Pen ကို ထည့်လိုက်တဲ့အချိန်မှာ အံကိုက်မဖြစ်မှာမျိုး စိုးရိမ်နေရပါတယ်။ အခုဆိုရင်တော့ အဲလိုခံစားချက်ကိုလျော့ပါးသွားအောင်လုပ်ပေးထားပါတယ်။

သင့်အတွက် ပထမဆုံး 1TB-ready စမတ်ဖုန်း

Samsung အတွက်တော့ အံ့သြစရာမရှိပါဘူး။ Laptop အများစုအတွက် ထုတ်လုပ်နေတဲ့ 1TB-ready ကို ပထမဆုံးထုတ်လုပ်သူတစ်ယောက်ဖြစ်နေတာကိုပေါ့။ Samsung ဟာ internal 512GB flash drive နဲ့ 512GB microSD memory card တွေကို လုပ်ဆောင်ပေးနေပါတယ်။

ဒါပေမယ့်လည်း Galaxy Note 9 လေးကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ဖွင့်လိုက်တဲ့အချိန်မှာ 19GB လောက်သုံးထားတာ တွေ့မြင်ရမှာပါ။ 512GB Note 9 ကို microSD cardနဲ့ ပေါင်းလိုက်မယ်ဆိုရင်တောင် 1TB အထိ သင်အကုန်သုံးနိုင်မှာ မဟုတ်လောက်ပါဘူး။

ဒီနေ့ခေတ်ရဲ့ မမ်မိုရီတွေက အကုန်သုံးနိုင်လောက်တဲ့အခြေအနေမဟုတ်လောက်အောင် ကြော်ငြာအားတွေကောင်းလွန်းနေပါတယ်။ ဒီအတွက်ကြောင့် 1TB သုံးထားတယ်ဆိုတဲ့သတင်းက ခေါင်းကြီးပိုင်းကို တန်းရောက်သွားစေပါတယ်။

Note 9 ဟာ storage မလောက်ဘူးဆိုတဲ့အဖြစ်မျိုးတော့ မရှိနိုင်တော့ပါဘူး။ ဂိမ်းတွေနဲ့ ဇာတ်ကားတွေဖျက်ပစ်ပြီးမှ အသစ်ထည့်နိုင်တဲ့နေ့ရက်မျိုးတွေ ကုန်ဆုံးသွားပါပြီ။ resolution အပြည့်ကြည့်ချင်လား။ 4K video တွေထည့်ထားလိုက်ပါ။

8GB RAM ဆိုတော့ Samsung’s Dex desktop mode၊ second screen workflows နဲ့ virtualization software တွေလောက်ကတော့ အေးဆေးပါပဲ။

DeX ကလည်း Galaxy Note 9 ပေါ်မှာ သုံးရတာပိုလွယ်သွားပါတယ်။ PC-like desktop experience လိုချင်တယ်ဆိုရင်တော့ HDMI dongle လေးကို အသုံးပြုရမှာပါ။

512GB storage နဲ့ 8GB RAM တို့ပေါင်းစပ်မှုက Note 9 ဈေးနှုန်းကို ထောင်တက်သွားစေပါတယ်။ 128GB နဲ့ 6GB RAM ကတော့ ဒေါ်လာ၂၅၀ သက်သာပါတယ်။

ဒီတော့ သင့်ကိုသင်မေးရမှာက 1TB လိုလား။ 512GB microSD card ထည့်သုံးမှာလား။ နောင်တစ်ချိန်မှာရော အပြည့်အ၀သုံးနိုင်မှာလား။

4,000mAh ဘတ်ထရီ ကလည်း အရမ်းမိုက်ပါတယ်။

Samsung ဟာ Note 7 ဖြစ်ရပ်ပြီးတဲ့နောက်မှာတော့ ဘတ်ထရီကြီးကို တွေ့မြင်ခွင့်ပေးလိုက်ပါပြီ။ eight-point safety check ကို အသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် အရင်နှစ်တုန်းကမြင်ခဲ့သလိုမျိုးတော့ မဖြစ်တော့ပါဘူး။

ဘတ်ထရီသက်တမ်းကလည်း တစ်နေ့တာလောက်ကတော့ ခံပါတယ်။ Note ဆိုတာ အသုံးကြမ်းတဲ့သူတွေအတွက်ဖြစ်တာမို့ သာမန်အသုံးပြုမယ်ဆိုရင်တော့ နှစ်ရက်လောက် အသုံးပြုနိုင်မှာပါ။

သိုလှောင်မှုအပိုင်းမှာဆိုရင်လည်း configuration နှစ်ခုရှိပါတယ်။ ဘတ်ထရီကတော့ အတူတူပဲဆိုတော့ သာယာပြီလေ။ အားအမြန်သွင်းစနစ်နဲ့ ကြိုးမဲ့အားအမြန်သွင်းစနစ်တွေကိုလည်း ပိုင်ဆိုင်နိုင်ဦးမှာပါ။

Design, display နဲ့အခြားသော specs

Super AMOLED display ကတော့ မပြောင်းလဲပါဘူး။ နောက်ထပ် Samsung ဖုန်းမထွက်ခင်အချိန်ထိတော့ ကမ္ဘာပေါ်မှာအကောင်းဆုံးသော smartphone screen အဖြစ်ကို နေရာယူထားဦးမှာပါ။

6.4-inch Note 9 screen ကတော့ 6.3-inch Note 8 display ထက် နည်းနည်းလေးပိုကြီးပါတယ်။ မတိုင်းဘဲနဲ့တော့ မသိသာပါဘူး။

ဘောင်နည်းလာတဲ့ Infinity Display ကလည်း တောက်ပပါတယ်။ 18:9 aspect ratio ကတော့ ၂၀၁၈ရဲ့ flagship ဖုန်းစံချိန်အတိုင်းပါပဲ။ ကွေးညွတ်နေတဲ့ ထောင့်စွန်းတွေကတော့ မလိုက်ဖက်ပါဘူး။

Note 9 ရဲ့ အရွယ်အစားကတော့ Note 8 ကနေ ပြောင်းလဲသွားပါတယ်။ ဒါပေမယ့်လည်း ထင်ထားသလိုတော့ မဟုတ်ပါဘူး။ နည်းနည်းလေးပိုကျယ်၊ နည်းနည်းလေးပိုတိုသွားပါတယ်။ 161.9 x 76.4 x 8.8mm အတိအကျရှိပါတယ်။

အလေးချိန်ကတော့ 201g vs 195g ဆိုတော့ ပိုလေးလာပါတယ်။ ပေါ့ပါးသေးငယ်တဲ့ဖုန်းတစ်လုံးမဟုတ်ပေမယ့်လည်း S9 Plus  ထက်တော့ ကိုင်ရတာအဆင်ပြေပါတယ်။

Samsung ကပေးထားတဲ့ iPhone X နဲ့ ယှဉ်နိုင်တဲ့ feature နှစ်ခုကတော့ headphone jack နဲ့ microSD card slot ပါပဲ။

Note 9 က IP68 ဆိုတော့ ရေစိမ်ခံပါတယ်။ ဒါပေမယ့်လည်း S Pen အတွက် စိတ်ပူနေလား။ အေးဆေးပါပဲ။ Note 9 ကတော့ stereo speaker နဲ့ Note 8 ကို သာသွားပါတယ်။

Apple ရဲ့ ထိပ်တန်းဖုန်းတွေတောင်မှ မရနိုင်တဲ့အချက်တစ်ခုကတော့ fingerprint sensor လေးဖြစ်ပြီးတော့ iris scanner နဲ့ Face Unlock အစားထိုး အသုံးပြုနိုင်မှာပါ။

Note 9 ရဲ့ အနောက်ဘက်အလယ်ခေါင်မှာ တည်ရှိနေပါတယ်။ Note 8 မှာ Note 8 လေးကို အနောက်မှာထားပေမယ့်လည်း အလယ်မရောက်တော့ ကင်မရာကို သွားထိနေတဲ့အတွက် အမုန်းခံရပါသေးတယ်။

သတင်းကောင်းကတော့ Galaxy Note 9 ရဲ့ fingerprint scanner လေးက သွားထိရတာလွယ်ပါတယ်။ ပြီးတော့ ထိရတာလည်း ခံစားချက်ကောင်းတယ်လို့ ပြောချင်ပါတယ်။ သေးတော့သေးပါတယ်။ စက်ဝိုင်းပုံဒီဇိုင်းလေးကတော့ ပိုကြိုက်မိပေမယ့်လည်း Samsung ကတော့ ဒီဇိုင်းပိုင်းအရ လုပ်ထားတယ်လို့ပဲ တွေးလိုက်ပါတယ်။

ကင်မရာနဲ့ ဘတ်ထရီသက်တမ်း

Samsung ဟာ သူ့ရဲ့ကင်မရာစွမ်းအားတွေကို Note 9 မှာ ပြန်ထည့်ထားပါတယ်။ low-light နဲ့ telephoto-zooming camera lens တွေကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

S9 Plus ကလည်း ဘာကိုမျှော်ရမလဲဆိုတာ သင်ပေးသွားပါတယ်။ ဒါပေမယ့်လည်း အရည်အသွေးပိုင်းမှာ ပိုကောင်းမယ်လို့ ကတိပြုထားပါတယ်။

အနောက်ဘက် 12MP ကင်မရာနှစ်လုံးကတော့ dual aperture နည်းပညာကိုအသုံးပြုထားတဲ့အတွက်ကြောင့် ပြောင်းလဲအသုံးပြုနိုင်မှာပါ။ f/1.5 aperture ကတော့ low-light photography အတွက်ဖြစ်ပြီး f/2.4 aperture ကတော့ သာမန်အခြေအနေအတွက် အသုံးပြုနိုင်မှာပါ။ S9 Plus ကတော့ အမှောင်ဆုံးအခြေအနေမှာတောင် စိတ်ကျေနပ်စေမှာပါ။ ဒီတော့ အကောင်းဆုံးကင်မရာလို့ ပြောနိုင်ပါတယ်။ ဒုတိယကင်မရာကတော့ 2x optical zoom ၊ telephoto snapshot တွေရိုက်စေနိုင်ပြီးတော့ အလွင့်ရိုက်နိုင်ပါတယ်။ aperture ကတော့ f/2.4 ဖြစ်ပြီး optical image stabilization (OIS) ကြောင့် လက်တုန်နေရင်တောင် အဆင်ပြေစေမှာပါ။

Note 9 ရဲ့ အရှေ့ကင်မရာက 8MP ပါဝင်ပြီးတော့ autofocus ပါဝင်တဲ့အတွက် Note တွေမှာ ပထမဆုံးလို့တောင် ပြောနိုင်ပါတယ်။ camera app ကို AR stickers, wide group selfies, and Super Slow Motion video at 960 frames per second at a 720p resolution စတာတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ခိုင်မာတဲ့ camera app လို့ ပြောနိုင်ပါတယ်။ အသင့်သုံးလိုက်ပါ။

Samsung က Note 9 camera လေးဟာ အရာဝတ္ထုအမျိုးမျိုးကို scene-optimizer feature နဲ့ သိရှိနိုင်ကြောင်းကို စမ်းသပ်ပြထားပါတယ်။

သူဟာ white balance နဲ့ အရောင်တွေကို အရာဝတ္ထု ၂၀ လောက်အပေါ်အခြေခံပြီးတော့ ပြောင်းလဲပေးပါတယ်။ sunsets, flowers, food, birds, text စသဖြင့်ပေါ့။ ခြောက်လအကြာက S9 Plus နဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ အသေးစိတ်ပိုကျတာကို တွေ့ရမှာပါ။

ကင်မရာဟာ ကြည့်လိုက်တဲ့အရိာကု နားလည်မယ်လို့မှန်းထားပါတယ်။ သူဟာ မျက်တောင်ခတ်ခြင်း၊ ပုံရိပ်ဝါးခြင်းနဲ့ မှန်ဝါးခြင်း၊ နောက်ခံအလင်းထိုးခြင်း စတာတွေကိုလည်း သိရှိနိုင်တဲ့နည်းပညာကို အသုံးပြုထားပါသေးတယ်။

အများကြီးထဲက အကောင်းဆုံးကိုရွေးချယ်ပေးတာမျိုး ရှိသလို ရံဖန်ရံခါမှာလည်း မက်ဆေ့ခ်ျပြပေးတတ်ပါတယ်။ သင့်ကို ကင်မရာ lens ညစ်ပတ်နေတာ သန့်ရှင်းဖို့ ပြောကြားပေးနိုင်ပါတယ်။

Android ဟန်းဆက်တွေမှာ mobile HDR video recording ရပေမယ့်လည်း မမြင်ရပါဘူး။ Galaxy S10 ကို စောင့်ရမယ်ထင်ပါတယ်။

ကင်မရာပိုင်းမှာ ထပ်ပြီးတော့ စမ်းသပ်သင့်ပါသေးတယ်။ full review ရောက်ရင် ပြန်ပြောပါမယ်။

Android, interface and apps

Samsung က Android 9 Pie launch ကိုလွဲသွားပါတယ်။ Galaxy Note 9 ကတော့ Android Oreo နဲ့ ထွက်လာမှာပါ။

မဆိုးပါဘူး။ Samsung Experience software ကလည်း ၂၀၁၈မှာ ပြန်လည်ပြင်ဆင်ထားပြီးတော့ operating system ခပ်ရှုပ်ရှုပ်ကို ရှင်းအောင်တော့ လုပ်ဆောင်ထားပါတယ်။ Samsung TouchWiz firmware ကလည်း အရင်ထက်တော့ ပိုကောင်းလာပါတယ်။ မသုံးချင်တဲ့ software တွေကိုလည်း ထိဖြစ်မှာ မဟုတ်တော့ပါဘူး။

Samsung devices (Galaxy S7 နှင့်အထက်) တွေမှာ Fortnite ကို Samsung’s Game Center app ကနေ တစ်ဆင့်ရနိုင်တော့မှာပါ။

six-day exclusive ဖြစ်ပြီးတော့ ရက်ကုန်သွားရင်တော့ ဆော့လို့အဆင်မပြေတော့ပါဘူး။ Google Play app store မှာလည်း ဒေါင်းလို့မရနိုင်ပါဘူး။ Galaxy Note 9 နဲ့ Tab S4 တို့ကတော့ Fortnite skin ကို ထာဝရပိုင်ဆိုင်ခွင့်ရမှာပါ။

Samsung Pay ကလည်း ထည့်သွင်းပြောကြားသင့်ပါတယ်။ credit card machine တွေက Apple Pay နဲ့ Android Pay ကို လက်မခံတာကများနေလို့ပါ။

Bixby AI assistant ကလည်း မတည်ငြိမ်သေးဘူးလို့ပြောရမှာပါ။ AR Emoji ကိုလည်း အသေးစိတ်လေ့လာချင်ပါသေးတယ်။

Note 9 ကတော့ ဈေးနှုန်းအင်မတန်မြင့်နေတယ်လို့ မြင်မိပါတယ်။ S Pen လေးမှာ အဝေးထိန်းစနစ်တွေထည့်ပေးထားပါတယ်။ သိုလှောင်မှုကလည်း ပြောစရာမရှိပါဘူး။ ဘတ်ထရီနဲ့ AIနည်းပညာသုံးကင်မရာတွေကလည်း ပြောထားတဲ့အတိုင်းပါပဲ။

ဘတ်ထရီနဲ့ AIနည်းပညာသုံးကင်မရာကတော့ ထပ်စမ်းဖို့လိုအပ်ပါတယ်။ ကနဦးသုံးသပ်ချက်အရတော့ အဆင်ပြေကြိုက်နှစ်သက်တယ်လို့ ပြောရမှာပါ။

ဈေးလျှော့တဲ့အချိန်ကိုရောက်ရင်တော့ Note 8 က ဖုန်းကောင်းတစ်လုံးလို့ ပြောနိုင်ပါတယ်။ Samsung က Note ဟာ AV receiver, Best TV လိုအပ်သူတွေအတွက် အကောင်းဆုံးဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အခြားအရာတွေကို စွန့်လွှတ်ပြီးဝယ်ရမှာပါ။

iPhone X ကလည်း ဒီအဆင့်ကို ဈေးနဲ့ထိန်းထားပါတယ်။ ဈေးကြီးတယ်လို့ ကျွန်တော်တို့သုံးသပ်ထားပါတယ်။ ဒီတော့ ဆမ်ဆောင်းက ပိုဈေးကြီးတာကို လုပ်လိုက်ပြန်ပါပြီ။

Leave a Reply