Samsung က Spotify ကို သူ့ရဲ့ default music platform အဖြစ်သတ်မှတ်ထား
0
385
Zawgyi Version
Unicode Version
ကြာသပတေးနေ့တုန်းက Samsung က Galaxy Note9 စမတ်ဖုန်း၊ Galaxy Watch နဲ့ Bixby ပါတဲ့ Galaxy Home စမတ်စပီကာလေးကို မိတ်ဆက်ခဲ့ပါတယ်။ ပြီးတော့ Spotify နဲ့ ပေါင်းစည်းပြိးတော့ music experience ကောင်းကောင်းကိုလည်း ထည့်သွင်းပေးထားပါတယ်။
Spotify CEO ဖြစ်သူ Daniel Ek က အခုလိုရှင်းပြထားပါတယ်။ Samsung စမတ်ဖုန်းအသစ်ရဲ့ ပိုင်ရှင်တွေဟာ Spotify app ကို Samsung Smart Switch ကနေရနိုင်မှာဖြစ်ပြီးတော့ music service ကို launch လုပ်ချိန်မှာ အသုံးပြုနိုင်မှာပါ။ အကောင့်တွေကိုလည်း လင့်ချိတ်နိုင်ဦးမှာပါ။
Spotify ဟာ လက်ရှိမှာ သီချင်းပေါင်း ၃၅မီလျံကို ပိုင်ဆိုင်ထားပြီးတော့ Smart TV နဲ့ home speaker တို့အတွက်လည်း ရနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ Galaxy Home ကလည်း Spotify ထဲမှာ သီချင်းလေးတွေရှာပေးမှာပါ။ ပြီးတော့မှ Samsung Music ကို ရှာပေးမှာဖြစ်ပါတယ်။
တည်နေရာအခြေစိုက် feature တွေဖြစ်တဲ့ တီဗွီ ဒါမှမဟုတ် Player ရှိတဲ့အခန်းထဲက ထွက်သွားမယ်ဆိုရင် သီချင်းကိုဆက်ဖွင့်ထားမလားဆိုတာ မေးမြန်းဦးမှာပါ။ music platform လေးဟာ Samsung device တွေကို Wi-Fi ကနေတစ်ဆင့် သိရှိနိုင်ပြီးတော့ lock ချထားရင်တောင်မှ playback control လေးတွေကို အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။
June 30 ရက်နေ့မှာ Spotify ဟာ subscribers ပေါင်း ၈၃မီလျံရှိနေပြီးတော့ လစဉ်အသုံးပြုသူပေါင်း ၁၈၀မီလျံရှိနေပါတယ်။ ဈေးကွက်ပေါင်း ၆၅ခုမှာ ရနိုင်ပြီးတော့ သူ့ရဲ့မက်လုံးကတော့ သင့်ရဲ့ဖွင့်နားထောင်မှုကိုအခြေခံပြီး အကြံပြုပေးမယ့် ၂မီလျံ playlist တွေပါပဲ။
Leave a Reply