Google Lens App အသုံးျပဳေနတဲ့ Pixel 3 XXL ရဲ႕ဒီဇုိင္းထြက္ေပၚ

0
464

Google Pixel 3 စီးရီးဖုန္းေတြ ကို ေအာက္တိုဘာ ၄ရက္ေန႔မွာမိတ္ဆက္လာမယ္လို႔ သိရပါတယ္။ သူ႕ရဲ႕ Notch ဒီဇုိင္းက iPhone X နဲ႔ေတာင္ဆင္တူႏုိင္ေၾကာင္း ႏိုင္ငံတကာ သတင္းဝက္ဘ္ဆိုက္ေတြမွာ ထုတ္ေဖာ္ေျပာၾကားေနပါတယ္။ အခုေတာ့ တတိယမ်ိဳးဆက္ Pixel ဖုန္းေတြနဲ႔ ပတ္သတ္ၿပီး ေနာက္ထပ္သတင္းတစ္ခု ထပ္ထြက္လာပါတယ္။ အဲ့ဒါကေတာ့ 6.7-inch ေမာ္ဒယ္ Pixel 3 XXL ဖုန္းကိုပါ ထုတ္လုပ္သြားမယ္ ဆိုတာပါ။

ဒီသတင္းအရဆိုရင္ေတာ့ Google  အေနနဲ႔ ယခုႏွစ္ အတြင္းမွာ Pixel series အသစ္ကို ၃မ်ိဳး ထုတ္လုပ္သြားႏိုင္ၿပီး Pixel 3, Pixel 3 XL, Pixel 3 XXL တို႔ျဖစ္ႏိုင္ပါတယ္။ ေပါက္ၾကားထြက္ရွိလာတဲ့   ဓာတ္ပုံမွာေတာ့ Google Pixel 3 XXL ေသးသြယ္တဲ့ ကိုယ္ထည္အမ်ိဳးအစားနဲ႔  အေရွ႕ဘက္မ်က္ႏွာျပင္ကိုသာ ျပထားပါတယ္။ ၿပီးေတာ့ သူ႕မွာ Google Lens App ကိုသံုးထားပါတယ္။

အေစာပိုင္းထြက္ထားတဲ့ သတင္းေတြအရ Google Pixel 3 XL မွာ 158 x 76.76 x 7.9 mm အရြယ္အစားနဲ႔  8.6mmအထူသာရွိမွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ 6.2 လက္မနဲ႔ ထိပ္ဘက္မွာ Notch နဲ႔ျဖစ္ၿပီး ၊ကင္မရာပိုင္းေတြမွာေတာ့ Google pixel 3 နဲ႔တူညီပါတယ္။ သူ႔မွာ  4GB RAM , 64GB Storage မ်ား ပါလာမယ္လို႔ သိရပါတယ္။ စမတ္ဖုန္း ၂မ်ိဳးလုံးမွာ Android P နဲ႔အတူ Snapdragon 845 Octa core  ပရိုဆက္ဆာသုံးထားမွာ ျဖစ္ပါတယ္။

unicode

Google Pixel 3 စီးရီးဖုန်းတွေ ကို အောက်တိုဘာ ၄ရက်နေ့မှာမိတ်ဆက်လာမယ်လို့ သိရပါတယ်။ သူ့ရဲ့ Notch ဒီဇိုင်းက iPhone X နဲ့တောင်ဆင်တူနိုင်ကြောင်း နိုင်ငံတကာ သတင်းဝက်ဘ်ဆိုက်တွေမှာ ထုတ်ဖော်ပြောကြားနေပါတယ်။ အခုတော့ တတိယမျိုးဆက် Pixel ဖုန်းတွေနဲ့ ပတ်သတ်ပြီး နောက်ထပ်သတင်းတစ်ခု ထပ်ထွက်လာပါတယ်။ အဲ့ဒါကတော့ 6.7-inch မော်ဒယ် Pixel 3 XXL ဖုန်းကိုပါ ထုတ်လုပ်သွားမယ် ဆိုတာပါ။

ဒီသတင်းအရဆိုရင်တော့ Google  အနေနဲ့ ယခုနှစ် အတွင်းမှာ Pixel series အသစ်ကို ၃မျိုး ထုတ်လုပ်သွားနိုင်ပြီး Pixel 3, Pixel 3 XL, Pixel 3 XXL တို့ဖြစ်နိုင်ပါတယ်။ ပေါက်ကြားထွက်ရှိလာတဲ့   ဓာတ်ပုံမှာတော့ Google Pixel 3 XXL သေးသွယ်တဲ့ ကိုယ်ထည်အမျိုးအစားနဲ့  အရှေ့ဘက်မျက်နှာပြင်ကိုသာ ပြထားပါတယ်။ ပြီးတော့ သူ့မှာ Google Lens App ကိုသုံးထားပါတယ်။

အစောပိုင်းထွက်ထားတဲ့ သတင်းတွေအရ Google Pixel 3 XL မှာ 158 x 76.76 x 7.9 mm အရွယ်အစားနဲ့  8.6mmအထူသာရှိမှာ ဖြစ်ပါတယ်။ မျက်နှာပြင် 6.2 လက်မနဲ့ ထိပ်ဘက်မှာ Notch နဲ့ဖြစ်ပြီး ၊ကင်မရာပိုင်းတွေမှာတော့ Google pixel 3 နဲ့တူညီပါတယ်။ သူ့မှာ  4GB RAM , 64GB Storage များ ပါလာမယ်လို့ သိရပါတယ်။ စမတ်ဖုန်း ၂မျိုးလုံးမှာ Android P နဲ့အတူ Snapdragon 845 Octa core  ပရိုဆက်ဆာသုံးထားမှာ ဖြစ်ပါတယ်။

Leave a Reply