3.3 လက္မအရြယ္အစားနဲ႔ Android ဖုန္းထုတ္ဖို႔ျပင္ဆင္ေနတဲ့ Palm

0
667

ဒီေန႔ စမတ္ဖုန္းေစ်းကြက္မွာ ၅လက္မဝန္းက်င္ ဖုန္းေတြကသာ ေခတ္စားလ်က္ရွိေနပါတယ္။ ဒီထက္ပိုၿပီးေတာ့ သုံးစြဲသူေတြႀကိဳက္ႏွစ္သက္ၾက တာကေတာ့ ၆လက္ဝန္းက်င္ Full-view နဲ႔ဖုန္းေတြပါ။ အခုေတာ့ TCL အေနနဲ႔ Palm brand ကို  3.3 လက္မ Android စမတ္ဖုန္းထုတ္လုပ္ၿပီး ေနရာျပန္ယူဖုိ႔ ျပင္ဆင္လာပါၿပီ။ အမ်ားစုကေတာ့ ဘတ္ဂ်က္ဖုန္း အေနနဲ႔သာ ေမွ်ာ္လင့္ေနၾကပါတယ္။

Android Police ကလာတဲ့အတြင္းသတင္းေတြအရ အဲ့ဒီစမတ္ဖုန္းမွာ 3.3-inch LCD ဖန္သားျပင္နဲ႔အတူ 720p resolution သုံးလာမယ္လို႔ သိရပါတယ္။ ပရိုဆက္ဆာပိုင္းမွာေတာ့ စမတ္ဖုန္းအရြယ္အစားနဲ႔ အဆင္ေျပေစမယ့္ Snapdragon 435 ကို 3GB  RAM  နဲ႔တြဲဖက္သုံးလာမွာ ျဖစ္ပါတယ္။ အခ်က္အလက္ သိုေလွာင္ႏုိင္စြမ္းကေတာ့ 32GB  storage ေပးထားပါတယ္။ ဒီထက္ပိုမ်ားတဲ့ သိုေလွာင္မႈနဲ႔ ထုတ္လုပ္လာႏိုင္ပါေသးတယ္။

စမတ္ဖုန္းအတြက္ ဘက္ထရီကေတာ့ အရမ္းကို စြမ္းအားနည္းလြန္းပါတယ္။  800 mAh စြမ္းအားဆုိတာ ဒီေန႔ထြက္ထားတဲ့ ဖုန္းေတြနဲ႔ယွဥ္လုိက္ရင္ အရမ္းကို အားနည္းလြန္းပါတယ္။ သူ႕မွာ Android 8.1 Oreo ကိုတစ္ပါတည္း ထည့္သြင္းလာႏိုင္ပါတယ္။ device အသစ္ရဲ႕  code name ကိုေတာ့ “Pepito ” လို႔ေပးထားပါတယ္။ ေစ်းႏႈန္းကေတာ့ မသိရေသးေပမယ့္ ေဒၚလာ ၁၀၀ေက်ာ္ေလာက္နဲ႔ ထြက္ရွိလာႏုိင္ပါတယ္။

unicode

ဒီနေ့ စမတ်ဖုန်းဈေးကွက်မှာ ၅လက်မဝန်းကျင် ဖုန်းတွေကသာ ခေတ်စားလျက်ရှိနေပါတယ်။ ဒီထက်ပိုပြီးတော့ သုံးစွဲသူတွေကြိုက်နှစ်သက်ကြ တာကတော့ ၆လက်ဝန်းကျင် Full-view နဲ့ဖုန်းတွေပါ။ အခုတော့ TCL အနေနဲ့ Palm brand ကို  3.3 လက်မ Android စမတ်ဖုန်းထုတ်လုပ်ပြီး နေရာပြန်ယူဖို့ ပြင်ဆင်လာပါပြီ။ အများစုကတော့ ဘတ်ဂျက်ဖုန်း အနေနဲ့သာ မျှော်လင့်နေကြပါတယ်။

Android Police ကလာတဲ့အတွင်းသတင်းတွေအရ အဲ့ဒီစမတ်ဖုန်းမှာ 3.3-inch LCD ဖန်သားပြင်နဲ့အတူ 720p resolution သုံးလာမယ်လို့ သိရပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ စမတ်ဖုန်းအရွယ်အစားနဲ့ အဆင်ပြေစေမယ့် Snapdragon 435 ကို 3GB  RAM  နဲ့တွဲဖက်သုံးလာမှာ ဖြစ်ပါတယ်။ အချက်အလက် သိုလှောင်နိုင်စွမ်းကတော့ 32GB  storage ပေးထားပါတယ်။ ဒီထက်ပိုများတဲ့ သိုလှောင်မှုနဲ့ ထုတ်လုပ်လာနိုင်ပါသေးတယ်။

စမတ်ဖုန်းအတွက် ဘက်ထရီကတော့ အရမ်းကို စွမ်းအားနည်းလွန်းပါတယ်။  800 mAh စွမ်းအားဆိုတာ ဒီနေ့ထွက်ထားတဲ့ ဖုန်းတွေနဲ့ယှဉ်လိုက်ရင် အရမ်းကို အားနည်းလွန်းပါတယ်။ သူ့မှာ Android 8.1 Oreo ကိုတစ်ပါတည်း ထည့်သွင်းလာနိုင်ပါတယ်။ device အသစ်ရဲ့  code name ကိုတော့ “Pepito ” လို့ပေးထားပါတယ်။ ဈေးနှုန်းကတော့ မသိရသေးပေမယ့် ဒေါ်လာ ၁၀၀ကျော်လောက်နဲ့ ထွက်ရှိလာနိုင်ပါတယ်။

Leave a Reply