Meizu 16X ရဲ႕ Benchmark စမ္းသပ္ခ်က္အမွတ္ထြက္လာ

0
736

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက Meizu ကုမၸဏီအေနနဲ႔ Meizu 16 နဲ႔ Meizu 16 Plus စမတ္ဖုန္း ၂မ်ိဳးကိုပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။ အသစ္ထြက္မယ့္ စမတ္ဖုန္း Meizu 16X ကိုေတာ့ စက္တင္ဘာလမွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။ စမတ္ဖုန္း ထုတ္လုပ္သူ Meizu အေနနဲ႔ စမတ္ဖုန္းသစ္ျဖစ္တဲ့ 16X ကိုSnapdragon 710 သံုးသြားမွာ ျဖစ္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

Meizu 16X ရဲ႕ Benchmark Test လုပ္ထားတဲ့ အမွတ္ေတြလည္း ထြက္ရွိထားၿပီး 164726 points အထိ ရရွိထားပါတယ္။ Meizu ရဲ႕စီအီးအိုျဖစ္တဲ့ ဂ်က္ဝမ္ကေတာ့ Meizu 16X ဖုန္းဟာ Xiaomi Mi 8 SE ဖုန္းထက္ ပိုေကာင္းတဲ့ စြမ္းေဆာင္ခ်က္နဲ႔ ထြက္လာမွာျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။ သူ႕မွာ Snapdragon 710 နဲ႔  Adreno 616 ကိုသုံးသြားမွာ ျဖစ္ၿပီး 6GB RAM မွာ 64GB အခ်က္အလက္ သိုေလွာင္မႈ သုံးထားမွာ ျဖစ္ပါတယ္။ ကင္မရာပုိင္းမွာေတာ့ ေနာက္ေက်ာဘက္မွာ Dual တပ္ဆင္ထားမွာ ျဖစ္ပါတယ္။

OS ပိုင္းမွာေတာ့ Android 8.1 Oreo နဲ႔ျဖစ္ၿပီး မ်က္ႏွာျပင္ 5.8 inches မွာေဖာ္ျပႏုိင္စြမ္းဟာ 2160×1080 pixels ရွိမွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ Xiaomi Mi 8 SE ထက္ပိုသက္သာမယ္လို႔ သိရပါတယ္။ Mi 8 SE ရဲ႕ 4GB RAM Model ကို ယြမ္ ၁၈၀၀ ( ၂၃၀ ယူရို) နဲ႔ 6GB RAM Model ကို ယြမ္ ၂၀၀၀ ( ၂၅၀ ယူရို) ျဖင့္ လက္ရွိွမွာ ေရာင္းခ်ေပးထားပါတယ္။

unicode

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက Meizu ကုမ္ပဏီအနေနဲ့ Meizu 16 နဲ့ Meizu 16 Plus စမတ်ဖုန်း ၂မျိုးကိုပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ အသစ်ထွက်မယ့် စမတ်ဖုန်း Meizu 16X ကိုတော့ စက်တင်ဘာလမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူ Meizu အနေနဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ 16X ကိုSnapdragon 710 သုံးသွားမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

Meizu 16X ရဲ့ Benchmark Test လုပ်ထားတဲ့ အမှတ်တွေလည်း ထွက်ရှိထားပြီး 164726 points အထိ ရရှိထားပါတယ်။ Meizu ရဲ့စီအီးအိုဖြစ်တဲ့ ဂျက်ဝမ်ကတော့ Meizu 16X ဖုန်းဟာ Xiaomi Mi 8 SE ဖုန်းထက် ပိုကောင်းတဲ့ စွမ်းဆောင်ချက်နဲ့ ထွက်လာမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ သူ့မှာ Snapdragon 710 နဲ့  Adreno 616 ကိုသုံးသွားမှာ ဖြစ်ပြီး 6GB RAM မှာ 64GB အချက်အလက် သိုလှောင်မှု သုံးထားမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ Dual တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

OS ပိုင်းမှာတော့ Android 8.1 Oreo နဲ့ဖြစ်ပြီး မျက်နှာပြင် 5.8 inches မှာဖော်ပြနိုင်စွမ်းဟာ 2160×1080 pixels ရှိမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ Xiaomi Mi 8 SE ထက်ပိုသက်သာမယ်လို့ သိရပါတယ်။ Mi 8 SE ရဲ့ 4GB RAM Model ကို ယွမ် ၁၈၀၀ ( ၂၃၀ ယူရို) နဲ့ 6GB RAM Model ကို ယွမ် ၂၀၀၀ ( ၂၅၀ ယူရို) ဖြင့် လက်ရှှိမှာ ရောင်းချပေးထားပါတယ်။

Leave a Reply