Enterprise Smartphone Trending

ANDROID PIE UPDATE ရရွိမယ့္အစီအစဥ္ထဲ ပါဝင္လာတဲ့ HTC စမတ္ဖုန္း၄လုံး

Google အေနနဲ႔ မ်ိဳးဆက္သစ္ Android 9 Pie ကိုၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက တရားဝင္ ထုတ္ေပးလိုက္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Android Pie ကို Pixel devices ေတြနဲ႔ Essential ဖုန္းမွာ download ျပဳလုပ္ႏိုင္ၿပီ ျဖစ္ပါတယ္။ Android Pie ကို over the air (OTA) နဲ႔ရရွိႏိုင္မယ့္ Google ဖုန္းေတြကေတာ့ Pixel, Pixel XL, Pixel 2, Pixel 2 XLဖုန္းနဲ႔ Pixel ဖုန္းေတြမွာပဲ ျဖစ္ပါတယ္။ Settings > System > System Update ကေနသြားေရာက္ ျပလုပ္ႏုိင္မွာ ျဖစ္ပါတယ္။

အျခား Device ေတြမွာေတာ့ ယခုႏွစ္ကုန္ပိုင္းေလာက္မွာ ရရွိႏုိင္မွာ ျဖစ္ပါတယ္။ အျခား third party OEMs ေတြအတြက္ကေတာ့  update ထုတ္ေပးႏုိင္ဖုိ႔ အခ်ိန္လို အုံးမွာျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ HTC အေနနဲ႔ Android 9.0 Pie ကို ကုမၸဏီစမတ္ဖုန္း တစ္ခ်ိဳ႕မွာ ထည့္သြင္းေပးဖို႔ အစီအစဥ္ရိွိတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ HTC ကုမၸဏီရဲ႕ တရားဝင္ Twitter account ကေန ထုတ္ျပန္ေၾကညာခဲ့တာ ျဖစ္ပါတယ္။

Android 9.0 Pie ကို update ေပးဖို႔ စီစဥ္ထားတဲ့ စမတ္ဖုန္း ၄မ်ိဳးကေတာ့ HTC U12+, U11+, U11 နဲ႔ HTC U11 life (Android One) ဖုန္းတို႔ပဲ ျဖစ္ပါတယ္။  အသစ္ထုတ္ေပးလိုက္တဲ့ Android 9 Pie ဟာပိုမိုစမတ္က်တဲ့ UI အျပင္အဆင္နဲ႔အတူ ေလ့လာသင္ယူႏိုင္စြမ္းမွာ ပိုမိုေကာင္းမြန္လာမွာ ျဖစ္ပါတယ္။ Android P မွာ သုံးစြဲသူအေနနဲ႔ဖုန္းကို ဘယ္လို အသုံးျပဳေနလဲဆိုတာကို ျပသေပးမယ့္ Dashboard တစ္ခုအျပင္ “Do not Disturb” Feature ကို အဆင့္ျမႇင့္တင္ထားတဲ့ Wind Down ကိုလည္း ထည့္သြင္းေပးထားပါတယ္။

unicode

Google အနေနဲ့ မျိုးဆက်သစ် Android 9 Pie ကိုပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တရားဝင် ထုတ်ပေးလိုက်ပါတယ်။ လက်ရှိအချိန်မှာတော့ Android Pie ကို Pixel devices တွေနဲ့ Essential ဖုန်းမှာ download ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ Android Pie ကို over the air (OTA) နဲ့ရရှိနိုင်မယ့် Google ဖုန်းတွေကတော့ Pixel, Pixel XL, Pixel 2, Pixel 2 XLဖုန်းနဲ့ Pixel ဖုန်းတွေမှာပဲ ဖြစ်ပါတယ်။ Settings > System > System Update ကနေသွားရောက် ပြလုပ်နိုင်မှာ ဖြစ်ပါတယ်။

အခြား Device တွေမှာတော့ ယခုနှစ်ကုန်ပိုင်းလောက်မှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အခြား third party OEMs တွေအတွက်ကတော့  update ထုတ်ပေးနိုင်ဖို့ အချိန်လို အုံးမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ HTC အနေနဲ့ Android 9.0 Pie ကို ကုမ္ပဏီစမတ်ဖုန်း တစ်ချို့မှာ ထည့်သွင်းပေးဖို့ အစီအစဉ်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ HTC ကုမ္ပဏီရဲ့ တရားဝင် Twitter account ကနေ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

Android 9.0 Pie ကို update ပေးဖို့ စီစဉ်ထားတဲ့ စမတ်ဖုန်း ၄မျိုးကတော့ HTC U12+, U11+, U11 နဲ့ HTC U11 life (Android One) ဖုန်းတို့ပဲ ဖြစ်ပါတယ်။  အသစ်ထုတ်ပေးလိုက်တဲ့ Android 9 Pie ဟာပိုမိုစမတ်ကျတဲ့ UI အပြင်အဆင်နဲ့အတူ လေ့လာသင်ယူနိုင်စွမ်းမှာ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ Android P မှာ သုံးစွဲသူအနေနဲ့ဖုန်းကို ဘယ်လို အသုံးပြုနေလဲဆိုတာကို ပြသပေးမယ့် Dashboard တစ်ခုအပြင် “Do not Disturb” Feature ကို အဆင့်မြှင့်တင်ထားတဲ့ Wind Down ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.