Zawgyi Verison
I appreciate you Samsung pic.twitter.com/H5s9lUNMbx
— Marques Brownlee (@MKBHD) August 9, 2018
Unicode Version
ဒီတစ်ပတ်အစောပိုင်းမှာ Bixby နဲ့အားဖြည့်ထားတဲ့ စမတ်စပီကာလေးဖြစ်တဲ့ Galaxy Home ကို တွေ့မြင်ခဲ့ရပါတယ်။ ဒီဇိုင်းကတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ခြေချောင်းသုံးခုနဲ့ ကွေးညွတ်တဲ့ဖရိန်ဒီဇိုင်းလေးက ပြိုင်ဘက်ထုတ်ကုန်တွေနဲ့ ခြားနားနေပါတယ်။ ဒီတော့ မြင်တဲ့သူတိုင်းက အိုး၊ အမွှေးတိုင်ထွန်းတဲ့ခွက်၊ နွားမရဲ့ရင်သား စတာတွေနဲ့ နှိုင်းပြထားတာလေးတွေကို စုစည်းပြီးတော့ တင်ပြပေးလိုက်ပါတယ်။
Marques Brownlee (MKBHD) ကလည်း စပီကာဟာ ထည့်စရာခွက်နဲ့ တူနေကြောင်း ပြောဆိုထားပါတယ်။
နောက်ထပ် အမြင်တစ်မျိုးမြင်တဲ့သူတွေကတော့ ဆေးကျိုအိုးနဲ့ နှိုင်းနေကြပါတယ်။
ပြီးတော့ နွားမရင်သားနဲ့ တူပါသေးသတဲ့။
ဒီတစ်ခုကတော့ အလန်းဇယားပါပဲ။
ကဲ စာဖတ်သူတို့ရေ သင်တို့ရော ဘယ်လိုမြင်မိလဲ။