Enterprise Trending

Fortnite ကို Play Store မွာ မရႏုိင္ေတာ့ အတိအလင္းေျပာထားတဲ့ Google

Zawgyi Version

Android အတြက္ Fortnite ကို Play Store ေပၚမွာမရႏုိင္ပါဘူး။ Google ကလည္း ဒီဂိမ္းကိုစိတ္၀င္စားတဲ့သူတုိင္း သိေအာင္လို႕ အခုလိုေျပာထားပါတယ္။
Play Store ေပၚမွာ “Fortnite” လို႕ရိုက္ရွာလိုက္မယ္ဆိုရင္ေတာ့ အေပၚကလိုစာသားေလးကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ Google က “Fortnite Battle Royale by Epic Games, Inc is not available on Google Play” လို႕ျပထားပါတယ္။ ဒါေၾကာင့္ ဂိမ္းကိုစိတ္၀င္စားတဲ့သူေတြအေနနဲ႕ သူတို႕ရဲ႕ ၀က္ဘ္ဆိုက္ဆီကိုေရာက္ေအာင္ နည္းလမ္းျပထားတာျဖစ္ပါတယ္။
Play Store ေပၚမွာမတင္ဘဲ ကစားတဲ့သူေတြနဲ႕ တုိက္ရိုက္ခ်ိတ္ဆက္ျပီးေတာ့ လုပ္ေဆာင္ေနတဲ့ဂိမ္းေလးဆိုတာ အမ်ားစုကေတာ့ သိထားပါတယ္။ ဟုတ္ပါတယ္။ Google Play ေပၚမွာတင္လိုက္မယ္ဆုိရင္ေတာ့ အျမတ္ရဲ႕ ၃၀ရာခိုင္ႏႈန္းကို ခြဲေ၀ေပးရမွာျဖစ္တဲ့အတြက္ေၾကာင့္ မတင္တာျဖစ္ပါတယ္။ ဒီအေၾကာင္းကို မသိေသးတဲ့သူေတြလည္း ရွိပါေသးတယ္။ Fortnite ဆိုတဲ့ဂိမ္းကိုရွာတဲ့အခါမွာ အခုလိုမက္ေဆ့ခ်္ေလးျပထားျပီးေတာ့ အတုအေယာင္လင့္ေတြရန္မွ ကင္းေ၀းေအာင္ လုပ္ေဆာင္ေပးထားပါတယ္။

Unicode Version

Android အတွက် Fortnite ကို Play Store ပေါ်မှာမရနိုင်ပါဘူး။ Google ကလည်း ဒီဂိမ်းကိုစိတ်ဝင်စားတဲ့သူတိုင်း သိအောင်လို့ အခုလိုပြောထားပါတယ်။
Play Store ပေါ်မှာ “Fortnite” လို့ရိုက်ရှာလိုက်မယ်ဆိုရင်တော့ အပေါ်ကလိုစာသားလေးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Google က “Fortnite Battle Royale by Epic Games, Inc is not available on Google Play” လို့ပြထားပါတယ်။ ဒါကြောင့် ဂိမ်းကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ သူတို့ရဲ့ ဝက်ဘ်ဆိုက်ဆီကိုရောက်အောင် နည်းလမ်းပြထားတာဖြစ်ပါတယ်။
Play Store ပေါ်မှာမတင်ဘဲ ကစားတဲ့သူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေတဲ့ဂိမ်းလေးဆိုတာ အများစုကတော့ သိထားပါတယ်။ ဟုတ်ပါတယ်။ Google Play ပေါ်မှာတင်လိုက်မယ်ဆိုရင်တော့ အမြတ်ရဲ့ ၃၀ရာခိုင်နှုန်းကို ခွဲဝေပေးရမှာဖြစ်တဲ့အတွက်ကြောင့် မတင်တာဖြစ်ပါတယ်။ ဒီအကြောင်းကို မသိသေးတဲ့သူတွေလည်း ရှိပါသေးတယ်။ Fortnite ဆိုတဲ့ဂိမ်းကိုရှာတဲ့အခါမှာ အခုလိုမက်ဆေ့ချ်လေးပြထားပြီးတော့ အတုအယောင်လင့်တွေရန်မှ ကင်းဝေးအောင် လုပ်ဆောင်ပေးထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.