Chromebook အေတာ္မ်ား်မ်ားဆီကို Windows 10 support ယူေဆာင္ေပးမည့္ Google

0
834

Zawgyi Version

Pixelbook သမားေတြအတြက္ေတာ့မဟုတ္ပါဘူး။
Chromebook ကို Windows 10 support နဲ႕ အသံုးျပဳျပီးရင္ေတာ့ Pixelbook ကို ေငြကုန္ခံခ်င္မွာ မဟုတ္ေတာ့ပါဘူး။ source code ကို XDA-Developer ေတြ ေလ့လာၾကည့္တဲ့အခါမွာ Chrome OS dual-boot Windows 10 feature ေလးပါ၀င္ေနတာကို ေတြ႕လုိက္ရပါတယ္။ ဒါဟာ Chrome OS device အေတာ္မ်ားမ်ားမွာ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ Google စြမ္းအားသံုး PC အားလံုးမွာ ရႏုိင္မယ္လို႕ေတာ့ တရားေသမေျပာႏုိင္ပါဘူး။ Hardware ထုတ္လုပ္သူေတြအေနနဲ႕လည္း Windows ရဲ႕ အလုပ္လုပ္ပံုစိတ္ခ်ရေၾကာင္း အတည္ျပဳေပးဖို႕လိုမွာျဖစ္ျပီးေတာ့ Chrome အေတာ္မ်ားမ်ားက flash storage နည္းေနတဲ့အတြက္ေၾကာင့္ စဥ္းစားစရာျဖစ္ေနပါတယ္။ အၾကံျပဳခ်က္အရေတာ့ အနည္းဆံုး 40GB ရွိရမယ္တဲ့။ Chromebooks ေတြက 32GB နဲ႕ ေအာက္ပဲ ရွိၾကတာေလ။
သတင္းေကာင္းကေတာ့ Developer Mode ကို ဖြင့္တာမ်ိဳး၊ firmware ကို flash လုပ္တာမ်ိဳး လုပ္ႏုိင္မွာပါ။ ျပီးေတာ့ Mode အသစ္ကိုေခၚခ်င္တယ္ဆိုရင္ေတာ့ command ရိုးရိုးတစ္ခုကို အသံုးျပဳရမယ္လို႕လည္း အရိပ္အျမြက္ေျပာသြားပါတယ္။
ဒီနည္းပညာက မၾကာခင္မွာ ေရာက္လာမလားဆိုတာကေတာ့ မေျပာတတ္ေသးပါဘူး။ Google က hardware event ကို လာမယ့္အပတ္ေတြမွာ က်င္းပဖို႕ေမွ်ာ္လင့္ထားတာမို႕ ျပသဖို႕အတြက္ေတာ့ အဆင္သင့္မျဖစ္ေလာက္ေသးပါဘူး။ Chromebook အေတာ္မ်ားမ်ားမွာ Windows 10 ေပးလိုက္တယ္ဆိုတာက Google ရဲ႕ နည္းဗ်ဴဟာေျပာင္းလဲသြားတာကို ေဖာ္ျပေနျပီးေတာ့ ျပခ်င္လို႕ လုပ္လုိက္တာလည္း ျဖစ္ပါတယ္။ Google ဟာ Chrome OS ကို ရိုးရွင္းေအာင္ လံုျခံဳစိတ္ခ်ရေအာင္ လုပ္ေဆာင္ေနတာျဖစ္တဲ့အတြက္ေၾကာင့္ Windows လိုအပ္ျပီး Chrome OS device လည္း ကိုင္ခ်င္သူမ်ားအတြက္ အဆင္ေျပေအာင္ စဥ္းစားေပးလိုက္တာ ျဖစ္ႏုိင္ပါတယ္။

Unicode Version

Pixelbook သမားတွေအတွက်တော့မဟုတ်ပါဘူး။
Chromebook ကို Windows 10 support နဲ့ အသုံးပြုပြီးရင်တော့ Pixelbook ကို ငွေကုန်ခံချင်မှာ မဟုတ်တော့ပါဘူး။ source code ကို XDA-Developer တွေ လေ့လာကြည့်တဲ့အခါမှာ Chrome OS dual-boot Windows 10 feature လေးပါဝင်နေတာကို တွေ့လိုက်ရပါတယ်။ ဒါဟာ Chrome OS device အတော်များများမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ Google စွမ်းအားသုံး PC အားလုံးမှာ ရနိုင်မယ်လို့တော့ တရားသေမပြောနိုင်ပါဘူး။ Hardware ထုတ်လုပ်သူတွေအနေနဲ့လည်း Windows ရဲ့ အလုပ်လုပ်ပုံစိတ်ချရကြောင်း အတည်ပြုပေးဖို့လိုမှာဖြစ်ပြီးတော့ Chrome အတော်များများက flash storage နည်းနေတဲ့အတွက်ကြောင့် စဉ်းစားစရာဖြစ်နေပါတယ်။ အကြံပြုချက်အရတော့ အနည်းဆုံး 40GB ရှိရမယ်တဲ့။ Chromebooks တွေက 32GB နဲ့ အောက်ပဲ ရှိကြတာလေ။
သတင်းကောင်းကတော့ Developer Mode ကို ဖွင့်တာမျိုး၊ firmware ကို flash လုပ်တာမျိုး လုပ်နိုင်မှာပါ။ ပြီးတော့ Mode အသစ်ကိုခေါ်ချင်တယ်ဆိုရင်တော့ command ရိုးရိုးတစ်ခုကို အသုံးပြုရမယ်လို့လည်း အရိပ်အမြွက်ပြောသွားပါတယ်။
ဒီနည်းပညာက မကြာခင်မှာ ရောက်လာမလားဆိုတာကတော့ မပြောတတ်သေးပါဘူး။ Google က hardware event ကို လာမယ့်အပတ်တွေမှာ ကျင်းပဖို့မျှော်လင့်ထားတာမို့ ပြသဖို့အတွက်တော့ အဆင်သင့်မဖြစ်လောက်သေးပါဘူး။ Chromebook အတော်များများမှာ Windows 10 ပေးလိုက်တယ်ဆိုတာက Google ရဲ့ နည်းဗျူဟာပြောင်းလဲသွားတာကို ဖော်ပြနေပြီးတော့ ပြချင်လို့ လုပ်လိုက်တာလည်း ဖြစ်ပါတယ်။ Google ဟာ Chrome OS ကို ရိုးရှင်းအောင် လုံခြုံစိတ်ချရအောင် လုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့် Windows လိုအပ်ပြီး Chrome OS device လည်း ကိုင်ချင်သူများအတွက် အဆင်ပြေအောင် စဉ်းစားပေးလိုက်တာ ဖြစ်နိုင်ပါတယ်။

Leave a Reply